DVB Logo
Home
ကျန်းမာရေး
၂၀၁၉ ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
September 7, 2019
၂၀၁၉ ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

ကျန်းမာကြံ့ခိုင် ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၉ ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ ရှုခင်းသာ Yangon Waterboom (YWB) မှာ ကျင်းပခဲ့ပါတယ်။ 

အဲဒီပွဲကို ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီး အားကစားဆပ်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးအားကစားသမားများ မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ ဦးတည်ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးအားကစားနဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေကို နှစ်စဉ်ပ ပြုလုပ်သွားဖို့ ရည်မှန်းချက်နဲ့ အကောင်အထည်ဖော် ကျင်းပပြုလုပ်တာလို့ အမျိုးသမီး အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်မာလာဝင်းက ပြောပါတယ်။

အခုပြုလုပ်တဲ့ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကို ရန်ကုန်တိုင်းထဲက အမျိုးသမီး အယောက် ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

နေလင်းအောင်

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

၂၀၁၉ ခုႏွစ္ အမ်ိဳးသမီးကိုယ္ကာယႀကံ့ခိုင္မႈ ဖိတ္ေခၚၿပိဳင္ပြဲ က်င္းပ (ဓာတ္ပုံ)

က်န္းမာႀကံ့ခိုင္ ထူးခြၽန္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ ေပၚထြက္လာဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၂၀၁၉ ခုႏွစ္ အမ်ိဳးသမီးကိုယ္ကာယႀကံ့ခိုင္မႈ ဖိတ္ေခၚၿပိဳင္ပြဲကို စက္တင္ဘာလ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရႈခင္းသာ Yangon Waterboom (YWB) မွာ က်င္းပခဲ့ပါတယ္။

အဲဒီပြဲကို ရန္ကုန္တိုင္းေဒသႀကီးအမ်ိဳးသမီး အားကစားဆပ္ေကာ္မတီရဲ႕ ဦးေဆာင္မႈနဲ႔ ႏိုင္ငံ့ဂုဏ္ေဆာင္ အမ်ိဳးသမီးအားကစားသမားမ်ား မ်ိဳးဆက္သစ္ေတြ ေပၚထြက္လာဖို႔ ဦးတည္ရည္႐ြယ္ခ်က္ေတြနဲ႔ အမ်ိဳးသမီးအားကစားနဲ႔သက္ဆိုင္တဲ့ ၿပိဳင္ပြဲေတြကို ႏွစ္စဥ္ပ ျပဳလုပ္သြားဖို႔ ရည္မွန္းခ်က္နဲ႔ အေကာင္အထည္ေဖာ္ က်င္းပျပဳလုပ္တာလို႔ အမ်ိဳးသမီး အားကစားဆပ္ေကာ္မတီ ဥကၠ႒ ေဒၚမာလာဝင္းက ေျပာပါတယ္။

အခုျပဳလုပ္တဲ့ အမ်ိဳးသမီးကိုယ္ကာယ ႀကံ့ခိုင္မႈၿပိဳင္ပြဲကို ရန္ကုန္တိုင္းထဲက အမ်ိဳးသမီး အေယာက္ ၂၀ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ေနလင္းေအာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013