DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့နယ် မြင်းကဖြူ အ.မ.က ကျောင်း ပျက်စီးယိုယွင်းနေ၍ သင်ကြားရေး အခက်ကြုံ
DVB
·
September 7, 2019
လပွတ္တာမြို့နယ် မြင်းကဖြူ အ.မ.က ကျောင်း ပျက်စီးယိုယွင်းနေ၍ သင်ကြားရေး အခက်ကြုံ
1 / 2
Donate to DVB

လပွတ္တာမြို့နယ်အတွင်းက မြင်းကဖြူ အ.မ.က ကျောင်းဟာ ပျက်စီးယိုယွင်းနေတာကြောင့် ကျောင်းဆောင်သစ်နဲ့ သင်ထာက်ကူပစ္စည်းတွေ လိုအပ်နေပြီး သောက်ရေလည်း အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာ ခရိုင်၊ လပွတ္တာမြို့နယ်၊ ‌ကျောက်တန်းကြီးကျေးရွာအုပ်စု မြင်းကဖြူကျေးရွာ အခြေခံမူလတန်းကျောင်းလေးမှာ ကျောင်းဆောင် ယိုယွင်းပျက်စီးနေသလို ကျောင်းသားတွေအတွက် စာသင်ခုံ အစရှိတဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး နွေရာသီမှာ သောက်ရေအတွက် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မြင်းကဖြူ အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးထက်အောင်က ပြောပါတယ်။

ကျောင်းသားတွေ သောက်ရေအတွက် မိုးရာသီမှာ ကော်ပုံးတပုံးနဲ့ သောက်ရေ ခံတိုက်နေရတယ်လို့ ဆိုပါတယ်။

မြင်းကဖြူ ကျောင်းလေးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက် အ.မ.က ကျောင်းအဆင့် တိုးမြှင့်ခဲ့တာဖြစ်ပြီး ကျောင်းဆောင်မှာ အလျား ပေ ၄၀၊ အနံ ၃၀ ပေလောက် ရှိတယ်လိုသိရပါတယ်။

အဆိုပါကျောင်းမှာတော့ ကျောင်းသားအင်အား ၆၀ လောက်နဲ့ တာဝန်ကျ ဆရာ၊ ဆရာမ ၃ ဦး ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီးထံက သိရပါတယ်။

ကျော်စိုးမိုး

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လပြတၱာၿမိဳ႕နယ္ ျမင္းကျဖဴ အ.မ.က ေက်ာင္း ပ်က္စီးယိုယြင္းေန၍ သင္ၾကားေရး အခက္ႀကဳံ

လပြတၱာၿမိဳ႕နယ္အတြင္းက ျမင္းကျဖဴ အ.မ.က ေက်ာင္းဟာ ပ်က္စီးယိုယြင္းေနတာေၾကာင့္ ေက်ာင္းေဆာင္သစ္နဲ႔ သင္ထာက္ကူပစၥည္းေတြ လိုအပ္ေနၿပီး ေသာက္ေရလည္း အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း၊ လပြတၱာ ခ႐ိုင္၊ လပြတၱာၿမိဳ႕နယ္၊ ‌ေက်ာက္တန္းႀကီးေက်း႐ြာအုပ္စု ျမင္းကျဖဴေက်း႐ြာ အေျခခံမူလတန္းေက်ာင္းေလးမွာ ေက်ာင္းေဆာင္ ယိုယြင္းပ်က္စီးေနသလို ေက်ာင္းသားေတြအတြက္ စာသင္ခုံ အစရွိတဲ့ သင္ေထာက္ကူပစၥည္းေတြ လိုအပ္ေနၿပီး ေႏြရာသီမွာ ေသာက္ေရအတြက္ အခက္အခဲ ျဖစ္ေပၚေနတယ္လို႔ ျမင္းကျဖဴ အ.မ.က ေက်ာင္းအုပ္ဆရာႀကီး ဦးထက္ေအာင္က ေျပာပါတယ္။

ေက်ာင္းသားေတြ ေသာက္ေရအတြက္ မိုးရာသီမွာ ေကာ္ပုံးတပုံးနဲ႔ ေသာက္ေရ ခံတိုက္ေနရတယ္လို႔ ဆိုပါတယ္။

ျမင္းကျဖဴ ေက်ာင္းေလးဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ အ.မ.က ေက်ာင္းအဆင့္ တိုးျမႇင့္ခဲ့တာျဖစ္ၿပီး ေက်ာင္းေဆာင္မွာ အလ်ား ေပ ၄၀၊ အနံ ၃၀ ေပေလာက္ ရွိတယ္လိုသိရပါတယ္။

အဆိုပါေက်ာင္းမွာေတာ့ ေက်ာင္းသားအင္အား ၆၀ ေလာက္နဲ႔ တာဝန္က် ဆရာ၊ ဆရာမ ၃ ဦး ရွိတယ္လို႔ ေက်ာင္းအုပ္ဆရာႀကီးထံက သိရပါတယ္။

ေက်ာ္စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013