DVB Logo
Home
မြန်မာသတင်း
မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား မိုင်းခွဲခံရ
DVB
·
December 21, 2012
Donate to DVB

မန္တလေး-မြစ်ကြီးနားသွား ကုန်တင်ရထားဟာဟာ ဒီကနေ့ မနက်ပိုင်းက မိုးညှင်းမြို့နယ်အတွင်းမှာ မိုင်းထိလို့ ရထားမောင်းသမားအပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်၊

မနက် အရုဏ်မတက်ခင် ၁ နာရီ ၁၅ မိနစ်လောက်မှာ မိုးညှင်းမြို့နယ် နမ္မားဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“နမ္မားကြီးကျေးရွာနားမှာ မိုင်းကွဲတဲ့အသံအရင်ကြားတယ်၊ နောက် သေနတ်ပစ်သံကြားတယ်။ မိုင်းကွဲပြီးမှ ပစ်ကြတာဖြစ်မယ်၊ ညဘက်ဆိုတော့ နှစ်ဖက်ပစ်သလား.တဖက်ကပဲပစ်သလား သေချာမသိလိုက်ဘူး။ ရထားတချို့မှောက်တယ်။ လောလောဆယ် အတည်ပြုမရသေးတဲ့ သတင်းတွေအရ လူ ၃ ယောက် ဒဏ်ရာရလို့ မိုးညှင်းဆေးရုံပို့လိုက်ရတယ် ပြောတယ်။”

မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့က ကုန်တင်ရထား တိုက်ခိုက်ခံရတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောဆိုပေမယ့်  အသေးစိတ်မသိဘူးလို့ ဖြေဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူ ကျူးလွန်တယ်ဆိုတာ မသိရသေးပါဘူး။

မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကလည်း ဒဏ်ရာရလူနာ ၃ ဦး ဆေးရုံကို ရောက်လာတယ်လို့ ပြောပါတယ်။  ဒဏ်ရာရရှိသူတွေရဲ့အခြေအနေကို မိုးညှင်းဆေးရုံအုပ်ကြီးက အခုလို ရှင်းပြပါတယ်။

“သူတို့တွေ မျက်နှာမှာ ရထားစက်ခေါင်းက မှန်စတွေ ၀င်ကြတယ်။ ၁ ယောက်က ညာဘက် မျက်လုံးထဲ မှန်စ၀င်တာလည်း ရှိတယ်။ အခု မြစ်ကြီးနားဆေးရုံကို ကျမတို့ လွှဲပေးလိုက်ပြီ။”

ဒဏ်ရာရသူတွေကို မျက်စိအထူးကုဆရာဝန်ရှိရာ မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းပေးလိုက်တယ် လို့ ပြောသွားတာပါ။

မန္တလေး-မြစ်ကြီးနား ရထားလမ်းကို မိုင်းခွဲခံထားရတဲ့အတွက် ယာယီရပ်ဆိုင်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အပစ်ရပ်သဘောတူညီချက်တွေကြောင့် တိုက်ပွဲတွေငြိမ်သက်နေပြီး မိုင်းခွဲတိုက်ခိုက်မှုတွေ မဖြစ်တော့သလောက်ရှိပေယ့် အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲဖြစ်တဲ့ ကချင်ပြည်နယ်မှာ မိုင်းခွဲတိုက်ခိုက်မှုတွေ မရပ်စဲသေးဘဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013