DVB Logo
Home
မြန်မာသတင်း
အဆိုတော် အစ္စဏီအမှု မစစ်ဆေးဖြစ်
DVB
·
September 7, 2019
အဆိုတော် အစ္စဏီအမှု မစစ်ဆေးဖြစ်
Donate to DVB

မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် အစ္စဏီကို တာမွေတရားရုံးမှာ စက်တင်ဘာ ၆ ရက်နေ့က ရုံးထုတ်ခဲ့ပေမယ့် အမှုကို မစစ်ဆေးဖြစ်ခဲ့ပါဘူး။

တရားလို မော်ဒယ် စူးရှထက်က အမှုကို ကျေအေးပေးခဲ့ပေမယ့် တရားရုံးက ရုပ်သိမ်းလွှာကို စောင့်ဆိုင်းနေတဲ့အတွက် အမှုကို မစစ်ဆေးဖြစ်တာလို့ အစ္စဏီရဲ့ မိခင်က ပြောပါတယ်။

အခုဆိုရင် အမှုက တနှစ်ကျော်ကြာပြီ ဖြစ်တဲ့အတွက် အမြန်ဆုံး ပြီးဆုံးချင်ပြီလို့ ဆိုပါတယ်။

ရုံးချိန်းကို နောက်တပတ် ‌သောကြာနေ့ ပြန်လည်ချိန်းဆိုထားပါတယ်။

အဆိုတော် အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်။

အဆိုတော် အစ္စဏီကို ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

ချမ်းမြေ့မောင်

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အဆိုေတာ္ အစၥဏီအမႈ မစစ္ေဆးျဖစ္

မုဒိမ္းမႈ အပါအဝင္ ပုဒ္မ ၃ ခုနဲ႔ တရားစြဲခံထားရတဲ့ အဆိုေတာ္ အစၥဏီကို တာေမြတရား႐ုံးမွာ စက္တင္ဘာ ၆ ရက္ေန႔က ႐ုံးထုတ္ခဲ့ေပမယ့္ အမႈကို မစစ္ေဆးျဖစ္ခဲ့ပါဘူး။

တရားလို ေမာ္ဒယ္ စူးရွထက္က အမႈကို ေက်ေအးေပးခဲ့ေပမယ့္ တရား႐ုံးက ႐ုပ္သိမ္းလႊာကို ေစာင့္ဆိုင္းေနတဲ့အတြက္ အမႈကို မစစ္ေဆးျဖစ္တာလို႔ အစၥဏီရဲ႕ မိခင္က ေျပာပါတယ္။

အခုဆိုရင္ အမႈက တႏွစ္ေက်ာ္ၾကာၿပီ ျဖစ္တဲ့အတြက္ အျမန္ဆုံး ၿပီးဆုံးခ်င္ၿပီလို႔ ဆိုပါတယ္။

႐ုံးခ်ိန္းကို ေနာက္တပတ္ ‌ေသာၾကာေန႔ ျပန္လည္ခ်ိန္းဆိုထားပါတယ္။

အဆိုေတာ္ အစၥဏီက ရည္စားေဟာင္း စူးရွထက္(ခ)မဇာျခည္ေဌးကို အဓမၼ ႏွစ္ႀကိမ္ ျပဳက်င့္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိေအာင္ ျပဳလုပ္ခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားတယ္။

အဆိုေတာ္ အစၥဏီကို ရာဇသတ္ႀကီးပုဒ္မ ၃၂၄၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၅၊ရ ရာဇသတ္ႀကီးပုဒ္မ ၃၇၆(မုဒိမ္းမႈ/တုံးေသာ လက္နက္နဲ႔ ျပင္းထန္နာက်င္ေစမႈ၊ ခြၽန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတို႔နဲ႔ တရားစြဲဆိုထားတာလည္း ျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013