DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးပြန်ပို့ခံ ဆရာ၊ ဆရာမများ သင်ကြားခွင့်ပြန်ရရေး ဝန်ကြီးဦးသိန်းဆွေနှင့် ထိုင်းသံအမတ် ဆွေးနွေး
DVB
·
September 7, 2019
ဖမ်းဆီးပြန်ပို့ခံ ဆရာ၊ ဆရာမများ သင်ကြားခွင့်ပြန်ရရေး ဝန်ကြီးဦးသိန်းဆွေနှင့် ထိုင်းသံအမတ် ဆွေးနွေး
Donate to DVB

ထိုင်းနိုင်ငံ ရနောင်းမြို့ ရနောင်းဌာနီကျောင်းက တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိလို့ ဖမ်းဆီး ပြန်ပို့ခံရတဲ့ ဆရာ၊ ဆရာမ ၃၀ ကျော် ပြန်လည်သင်ကြားခွင့်ရရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ထိုင်းသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak နဲ့ မနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ထိုင်းနိုင်ငံ ရနောင်း ဘက်အခြမ်းမှာ ကာလကြာမြင့်စွာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေအား စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ ၃၀ ကျော်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်မရှိလို့ ပြန်လည်စေလွှတ်ခံရတာနဲ့ ပတ်သက်ပြီး ကလေးငယ်တွေရဲ့ ပညာရေး အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် ပြန်လည်သင်ကြားခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် MoU စနစ်နဲ့ ထိုင်းနိုင်ငံရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို EC စာချုပ်ပါအတိုင်း သတ်မှတ်ကာလပြည့် မြန်မာနိုင်ငံ ပြန်လည်ထွက်ခွာပါက ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းရဲ့ အလုပ်ရှင်က လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး၊ အလုပ်သမားတွေကို ယခင်ဗီဇာကြေး ဘတ် ၅၀၀ သာ ကောက်ခံနိုင်ရေး၊ မြဝတီကနေ မဲဆောက်မြို့မှာ ရာသီချိန်အလိုက် သွားရောက်အလုပ်လုပ်ကိုင်တဲ့ လုပ်သားတွေ လုပ်ခလစာအား ထိုင်းနိုင်ငံရဲ့ တရားဝင် သတ်မှတ်ထားတဲ့ အနည်းဆုံး အခကြေးငွေအတိုင် းရရှိရေး၊ နှစ်နိုင်ငံအတွင်းရှိ တရားမဝင် လူပွဲစားတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရေး၊ ထိုင်းရေလုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေအား MoU စနစ်နဲ့ EC စာချုပ် ချုပ်ဆိုပြီး ဥပဒေနဲ့အညီ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရေး စတဲ့ကိစ္စရပ်တွေကို နှစ်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ ပူးပေါင်းဖြေရှင်းရေးအတွက်  ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့ရှိ ရနောင်းဌာနီကျောင်းမှာ ထိုင်းဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ ပညာသင်ပေးနေတယ်ဆိုပြီး မြန်မာနိုင်ငံက ဆရာ၊ ဆရာမ ၃၂ ဦးအား ထိုင်းအာဏာပိုင်တွေက ဩဂုတ် ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

ဆရာ၊ ဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ရနောင်းခရိုင် အလုပ်သမားရုံးက ဩဂုတ် ၂၆ ရက်နေ့မှာ ဘတ် ၅၀၀၀ စီ ဒဏ်ငွေတပ်ကာ ပြန်လွတ်လာပြီးနောက် မြန်မာဘက်ခြမ်း ပြန်လည်ပို့ဆောင်ခံခဲ့ရတာပါ။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဖမ္းဆီးျပန္ပို႔ခံ ဆရာ၊ ဆရာမမ်ား သင္ၾကားခြင့္ျပန္ရေရး ဝန္ႀကီးဦးသိန္းေဆြႏွင့္ ထိုင္းသံအမတ္ ေဆြးေႏြး

ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ ရေနာင္းဌာနီေက်ာင္းက တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ မရွိလို႔ ဖမ္းဆီး ျပန္ပို႔ခံရတဲ့ ဆရာ၊ ဆရာမ ၃၀ ေက်ာ္ ျပန္လည္သင္ၾကားခြင့္ရေရးအတြက္ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြနဲ႔ ထိုင္းသံအမတ္ႀကီးတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြဟာ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီး Mrs. Suphatra Srimaitreephithak နဲ႔ မေန႔ မနက္ပိုင္းက ေနျပည္ေတာ္ရွိ အဆိုပါဝန္ႀကီး႐ုံး အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာပါ။

ထိုင္းႏိုင္ငံ ရေနာင္း ဘက္အျခမ္းမွာ ကာလၾကာျမင့္စြာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ ကေလးငယ္ေတြအား စာသင္ၾကားေပးေနတဲ့ ဆရာ၊ ဆရာမ ၃၀ ေက်ာ္ကို တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ ခြင့္ျပဳခ်က္မရွိလို႔ ျပန္လည္ေစလႊတ္ခံရတာနဲ႔ ပတ္သက္ၿပီး ကေလးငယ္ေတြရဲ႕ ပညာေရး အခက္အခဲ ျဖစ္ေပၚေနတာေၾကာင့္ ျပန္လည္သင္ၾကားခြင့္ရရွိေရးအတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ MoU စနစ္နဲ႔ ထိုင္းႏိုင္ငံေရာက္ရွိေနတဲ့ ျမန္မာအလုပ္သမားေတြကို EC စာခ်ဳပ္ပါအတိုင္း သတ္မွတ္ကာလျပည့္ ျမန္မာႏိုင္ငံ ျပန္လည္ထြက္ခြာပါက ဝင္ေရာက္လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းရဲ႕ အလုပ္ရွင္က လုပ္ငန္းနဲ႔ပတ္သက္တဲ့ အသိအမွတ္ျပဳ လက္မွတ္ထုတ္ေပးေရး၊ အလုပ္သမားေတြကို ယခင္ဗီဇာေၾကး ဘတ္ ၅၀၀ သာ ေကာက္ခံႏိုင္ေရး၊ ျမဝတီကေန မဲေဆာက္ၿမိဳ႕မွာ ရာသီခ်ိန္အလိုက္ သြားေရာက္အလုပ္လုပ္ကိုင္တဲ့ လုပ္သားေတြ လုပ္ခလစာအား ထိုင္းႏိုင္ငံရဲ႕ တရားဝင္ သတ္မွတ္ထားတဲ့ အနည္းဆုံး အခေၾကးေငြအတိုင္ းရရွိေရး၊ ႏွစ္ႏိုင္ငံအတြင္းရွိ တရားမဝင္ လူပြဲစားေတြကို ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္ႏိုင္ေရး၊ ထိုင္းေရလုပ္ငန္းေတြမွာ ျမန္မာလုပ္သားေတြအား MoU စနစ္နဲ႔ EC စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ဥပေဒနဲ႔အညီ တရားဝင္သြားေရာက္ လုပ္ကိုင္ႏိုင္ေရး စတဲ့ကိစၥရပ္ေတြကို ႏွစ္ႏိုင္ငံရွိ သက္ဆိုင္ရာ ဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္ေတြ ပူးေပါင္းေျဖရွင္းေရးအတြက္  ေဆြးေႏြးခဲ့ၾကတယ္လို႔ ျပန္ၾကားေရးသတင္းမွာ ေဖာ္ျပထားပါတယ္။

ထိုင္းေတာင္ပိုင္း၊ ရေနာင္းၿမိဳ႕ရွိ ရေနာင္းဌာနီေက်ာင္းမွာ ထိုင္းဥပေဒနဲ႔ ညီၫြတ္မႈမရွိဘဲ ပညာသင္ေပးေနတယ္ဆိုၿပီး ျမန္မာႏိုင္ငံက ဆရာ၊ ဆရာမ ၃၂ ဦးအား ထိုင္းအာဏာပိုင္ေတြက ဩဂုတ္ ၂၄ ရက္ေန႔က ဖမ္းဆီးခဲ့တာပါ။

ဆရာ၊ ဆရာမေတြဟာ ခြင့္ျပဳခ်က္မရတဲ့ ေက်ာင္းဆရာအလုပ္ကို ဝင္ေရာက္လုပ္ကိုင္ေနတာေၾကာင့္ ရေနာင္းခ႐ိုင္ အလုပ္သမား႐ုံးက ဩဂုတ္ ၂၆ ရက္ေန႔မွာ ဘတ္ ၅၀၀၀ စီ ဒဏ္ေငြတပ္ကာ ျပန္လြတ္လာၿပီးေနာက္ ျမန္မာဘက္ျခမ္း ျပန္လည္ပို႔ေဆာင္ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013