DVB Logo
Home
မြန်မာသတင်း
တရားသူကြီးအား ကြိုးပြတ်ချိန်ခွင်ပေးသည့် ကချင်လူငယ် ထောင်ဒဏ် ၃ လ ထပ်မံချမှတ်ခံရ
DVB
·
September 6, 2019
တရားသူကြီးအား ကြိုးပြတ်ချိန်ခွင်ပေးသည့် ကချင်လူငယ် ထောင်ဒဏ် ၃ လ ထပ်မံချမှတ်ခံရ
Donate to DVB

စစ်ရှောင်ပြည်သူတွေရဲ့ဘဝမှန်ကို သရုပ်ဖော်တင်ဆက်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက်ကျခံနေရတဲ့ ကချင်လူငယ် ကိုပေါလုကို မြစ်ကြီးနားမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၂၂၈ နဲ့ ဒီကနေ့ ထောင်ဒဏ် ၃ လ ထပ်မံချမှတ်လိုက်ပါတယ်။

မြစ်ကြီးနားမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဦးသန်းထွန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲ ဆိုခံခဲ့ရတဲ့ ကချင်လူငယ် ကိုပေါလု နဲ့ မဆိုင်းနူးပန် တို့ကို့  စက်တင်ဘာ ၂ ရက်နေ့ ငွေဒဏ် ၃ သောင်းပေးဆောင်ဖို့နဲ့ မဆောင်ပါက ထောင်ဒဏ် ၁၅ ရက်စီ ကျခံဖို့ အမိန့်ချမှတ်ခဲပါတယ်။

ဒီအပေါ် ကိုပေါလုက မကျေနပ်လို့ မြို့နယ်တရားသူကြီအား ကြိုးညာပြတ်ချိန်ခွင်ကို ‌ပေးဆောင်ခဲ့ပါတယ်။

ဒီအပေါ် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက  ပြည်သူ့ဝန်ထမ်း တရားစီရင်ရေးဆောင်ရွက် နေစဉ် တမင်နှောင့်ယှက် မထီမဲ့မြင်ပြုမှုတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၈ နဲ့ ဦးတိုက်လျှောက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ ကိုပေါလုကို လက်ထိတ်နဲ့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃လ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီလို ထောင်ဒဏ်ချမှန်ခံထားရတဲ့အပေါ် ကိုပေါလုက “ကျနော်တို့မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းပျက်စီးနေတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြည်သူများသိရှိအောင်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်များသိရှိအောင် ကျနော်တို့က ဒီလုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ခဲ့တဲ့အပေါ် အပြစ်ရှိတယ်လို့ ကျနော်ဝန်ခံခဲ့တယ်။ သို့သော်လည်း ကျနော့်ကို အပြစ်ရှိတယ်လို့ ဝန်ခံသော်ငြားလည်း ထောင်ဒဏ် ၃ လချခဲ့တယ်။ ဒီမတရားမှုအပေါ် ကျနော်တို့က ဒူးထောက်အရှုံးခံမယ့်ကောင်မဟုတ်ဘူး။ ဒီလုပ်ရပ်က လုံးဝမတရားပါဘူးဆိုတာကို ကမ္ဘာသိစေ၊ မြန်မာသိစေ၊ ကချင်ပြည်နယ်သိပါစေလို့ ကျနော်ပြောချင်ပါတယ်” လို့ တရားရုံးအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဇွန် ၉ ရက်နေက တကျော့ပြန်စစ်ပွဲဖြစ်ပွားခြင်း ၈ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့  မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးနှင့် ပြည်သူ့ရင်ပြင်မှာ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတေးသရုပ်ဖော်မှု အစီအစဉ်ပြုလုပ်ခဲ့ကြပြီး ဦးဆောင်သူ ကိုပေါလုနဲ့ မဆိုင်းနူးပန်ကို ငြိမ်းစုစီပုဒ်မှ ၁၂ နဲ့  စက်တင်ဘာ ၂ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဓာတ်ပုံ - KACHIN YOUTH MOVEMNET




တရားသူႀကီးအား ႀကိဳးျပတ္ခ်ိန္ခြင္ေပးသည့္ ကခ်င္လူငယ္ ေထာင္ဒဏ္ ၃ လ ထပ္မံခ်မွတ္ခံရ
ေနာ္ႏိုရင္း

စစ္ေရွာင္ျပည္သူေတြရဲ႕ဘဝမွန္ကို သ႐ုပ္ေဖာ္တင္ဆက္မႈေၾကာင့္ ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ ေထာင္ဒဏ္ ၁၅ ရက္က်ခံေနရတဲ့ ကခ်င္လူငယ္ ကိုေပါလုကို ျမစ္ႀကီးနားၿမိဳ႕နယ္တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ ၂၂၈ နဲ႔ ဒီကေန႔ ေထာင္ဒဏ္ ၃ လ ထပ္မံခ်မွတ္လိုက္ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕နယ္တရား႐ုံး ၿမိဳ႕နယ္တရားသူႀကီး ဦးသန္းထြန္းက ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ တရားစြဲ ဆိုခံခဲ့ရတဲ့ ကခ်င္လူငယ္ ကိုေပါလု နဲ႔ မဆိုင္းႏူးပန္ တို႔ကို႔ စက္တင္ဘာ ၂ ရက္ေန႔ ေငြဒဏ္ ၃ ေသာင္းေပးေဆာင္ဖို႔နဲ႔ မေဆာင္ပါက ေထာင္ဒဏ္ ၁၅ ရက္စီ က်ခံဖို႔ အမိန႔္ခ်မွတ္ခဲပါတယ္။

ဒီအေပၚ ကိုေပါလုက မေက်နပ္လို႔ ၿမိဳ႕နယ္တရားသူႀကီအား ႀကိဳးညာျပတ္ခ်ိန္ခြင္ကို ‌ေပးေဆာင္ခဲ့ပါတယ္။

ဒီအေပၚ ၿမိဳ႕နယ္တရားသူႀကီး ဦးသန္းထြန္းက ျပည္သူ႔ဝန္ထမ္း တရားစီရင္ေရးေဆာင္႐ြက္ ေနစဥ္ တမင္ေႏွာင့္ယွက္ မထီမဲ့ျမင္ျပဳမႈတယ္ဆိုၿပီး ရာဇသတ္ႀကီးပုဒ္မ ၂၂၈ နဲ႔ ဦးတိုက္ေလွ်ာက္ခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာ ၆ ရက္ေန႔ မနက္ပိုင္းမွာေတာ့ ကိုေပါလုကို လက္ထိတ္နဲ႔ ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး ေထာင္ဒဏ္ ၃လ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီလို ေထာင္ဒဏ္ခ်မွန္ခံထားရတဲ့အေပၚ ကိုေပါလုက “က်ေနာ္တို႔ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးမ႑ိဳင္ ယိုယြင္းပ်က္စီးေနတယ္ဆိုတဲ့ဟာကို က်ေနာ္တို႔ ျပည္သူမ်ားသိရွိေအာင္၊ သက္ဆိုင္ရာတာဝန္ရွိတဲ့ ပုဂၢိဳလ္မ်ားသိရွိေအာင္ က်ေနာ္တို႔က ဒီလုပ္ရပ္ကို လုပ္ေဆာင္ခဲ့ျခင္း ျဖစ္တယ္။ ဒါေပမဲ့ ဒီလိုလုပ္ေဆာင္ခဲ့တဲ့အေပၚ အျပစ္ရွိတယ္လို႔ က်ေနာ္ဝန္ခံခဲ့တယ္။ သို႔ေသာ္လည္း က်ေနာ့္ကို အျပစ္ရွိတယ္လို႔ ဝန္ခံေသာ္ျငားလည္း ေထာင္ဒဏ္ ၃ လခ်ခဲ့တယ္။ ဒီမတရားမႈအေပၚ က်ေနာ္တို႔က ဒူးေထာက္အရႈံးခံမယ့္ေကာင္မဟုတ္ဘူး။ ဒီလုပ္ရပ္က လုံးဝမတရားပါဘူးဆိုတာကို ကမာၻသိေစ၊ ျမန္မာသိေစ၊ ကခ်င္ျပည္နယ္သိပါေစလို႔ က်ေနာ္ေျပာခ်င္ပါတယ္” လို႔ တရား႐ုံးအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

ဇြန္ ၉ ရက္ေနက တေက်ာ့ျပန္စစ္ပြဲျဖစ္ပြားျခင္း ၈ ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ ျမစ္ႀကီးနားၿမိဳ႕ စိမ္းျမဧရာပန္းၿခံအနီးႏွင့္ ျပည္သူ႔ရင္ျပင္မွာ စစ္ေဘးဒုကၡသည္ေတြရဲ႕ ဘဝေတးသ႐ုပ္ေဖာ္မႈ အစီအစဥ္ျပဳလုပ္ခဲ့ၾကၿပီး ဦးေဆာင္သူ ကိုေပါလုနဲ႔ မဆိုင္းႏူးပန္ကို ၿငိမ္းစုစီပုဒ္မွ ၁၂ နဲ႔ စက္တင္ဘာ ၂ ရက္ေန႔မွာ ေထာင္ဒဏ္ ၁၅ ရက္ ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။
ဓာတ္ပုံ - KACHIN YOUTH MOVEMNET

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013