DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့တွင်  ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းမဲများ ဖမ်းမိ
DVB
·
September 6, 2019
ပင်လည်ဘူးမြို့တွင်  ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းမဲများ ဖမ်းမိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ဝင်အနီး ပင်လည်ဘူး-ကောလင်းလမ်းပေါ်မှာ စက်တင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းမဲတွေ ဖမ်းမိခဲ့ပါတယ်။

ပင်လည်ဘူး-ကောလင်းလမ်းပေါ်မှာ ကောလင်းမြိုဘက်ကနေ ဆိုင်ကယ်ကိုယ်စီ စီးနင်းလာတဲ့ လူ ၂ ယောက်မှာ မသင်္ကာဖွယ် ပုံးအဝါတွေ မြင်တွေ့ရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်တားအဖွဲ့တွေက တားမြစ်စစ်ဆေးရာ ကနေ ဖမ်းဆီးမိခဲ့တာပါ။

"ကြိုသတင်းတော့မဟုတ်ဘူး။ ပင်လည်ဘူးဘက်မှာ မကြာခဏဆိုသလို ဒါမျိုးတွေ လုပ်တတ်တဲ့အတွက် တားပြီးစစ်လိုက်တာပေါ့။ အဲဒီမှာ ပုံးဝါ ၁ ပုံးနဲ့ ဆိုင်ကယ်စီးလာသူကိုတော့ နေရာတင်ဖမ်းမိတယ်။ နောက် ၁ ယောက်ကတော့ ဖမ်းတာသိတော့ မောင်းပြီး ထွက်ပြေးတာ နောက်ကလိုက်ဖမ်း၊ ရှေ့က ပိတ်ဆို့ဖမ်းလို့ ၄ မိုင်လောက်မှာ ဖမ်းမိခဲ့တယ်" လို့ ဖမ်းဆီးရေးအဖွဲ့မှာ ပါဝင်ခဲ့သူ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ဝင်းက ပြောပါတယ်။

အခုဖမ်းဆီးရမိမှုက ပင်လည်ဘူးမြို့နယ်မှာ စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ဖမ်းဆီး ရမိတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘိန်းဖြူဆပ်ပြာခွက် ၁ ခွက်နဲ့ စိတ်ကြွဆေးပြား ၁ ထုပ် ဖမ်းဆီးရမိသေးတယ်လို့ ဆိုပါတယ်။ 

ဘိန်းမဲတွေကို ဗန်းမောက်မြို့နယ်၊ နန်းဇားကျေးရွာနေ ရွှေနိုင် ဆိုသူနဲ့ ဟော်ယောကျေးရွာနေ အောင်မောင်းဆိုသူတို့က သယ်ဆောင်လာတာဖြစ်ပြီး ဘယ်ကနေ သယ်ခဲ့တယ်၊ ဘယ်ကို သယ်ယူမယ်ဆိုတာကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဘိန်းမဲတွေကို အဝါရောင် ပုံး ၃ ပုံးအပြင် ဆိုင်ကယ်ဖင်ထိုင်ခုံထဲတွေမှာပါ ဝှက်ပြီး သယ်ဆောင်လာတာဖြစ်ပြီး ဘိန်းမဲအထုပ်ပေါင်း ၂၄ ထုပ် စုစုပေါင်းအလေးချိန် ၂၂ ပိဿာကျော် (၃၈၆၂၀.၄၅ ဂရမ်)၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၅၈ သိန်းကျော်ဖိုးရှိတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ 

လတ်တလောမှာတော့ ပင်လည်ဘူး မြို့မရဲစခန်း မူးယစ် (ပ) ၇၀/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။




ပင္လည္ဘူးၿမိဳ႕တြင္ က်ပ္သိန္း ၁၁၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းမဲမ်ား ဖမ္းမိ
ေအာင္ကိုလတ္

စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕ဝင္အနီး ပင္လည္ဘူး-ေကာလင္းလမ္းေပၚမွာ စက္တင္ဘာ ၆ ရက္ေန႔ ေန႔လယ္ပိုင္းက က်ပ္သိန္း ၁၁၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းမဲေတြ ဖမ္းမိခဲ့ပါတယ္။

ပင္လည္ဘူး-ေကာလင္းလမ္းေပၚမွာ ေကာလင္းၿမိဳဘက္ကေန ဆိုင္ကယ္ကိုယ္စီ စီးနင္းလာတဲ့ လူ ၂ ေယာက္မွာ မသကၤာဖြယ္ ပုံးအဝါေတြ ျမင္ေတြ႕ရတာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ မူးယစ္တားအဖြဲ႕ေတြက တားျမစ္စစ္ေဆးရာ ကေန ဖမ္းဆီးမိခဲ့တာပါ။

"ႀကိဳသတင္းေတာ့မဟုတ္ဘူး။ ပင္လည္ဘူးဘက္မွာ မၾကာခဏဆိုသလို ဒါမ်ိဳးေတြ လုပ္တတ္တဲ့အတြက္ တားၿပီးစစ္လိုက္တာေပါ့။ အဲဒီမွာ ပုံးဝါ ၁ ပုံးနဲ႔ ဆိုင္ကယ္စီးလာသူကိုေတာ့ ေနရာတင္ဖမ္းမိတယ္။ ေနာက္ ၁ ေယာက္ကေတာ့ ဖမ္းတာသိေတာ့ ေမာင္းၿပီး ထြက္ေျပးတာ ေနာက္ကလိုက္ဖမ္း၊ ေရွ႕က ပိတ္ဆို႔ဖမ္းလို႔ ၄ မိုင္ေလာက္မွာ ဖမ္းမိခဲ့တယ္" လို႔ ဖမ္းဆီးေရးအဖြဲ႕မွာ ပါဝင္ခဲ့သူ မိုးေသာက္ၾကယ္ မူးယစ္တားအဖြဲ႕ေခါင္းေဆာင္ ဦးခင္ေဇာ္ဝင္းက ေျပာပါတယ္။

အခုဖမ္းဆီးရမိမႈက ပင္လည္ဘူးၿမိဳ႕နယ္မွာ စက္တင္ဘာလအတြင္း ဒုတိယအႀကိမ္ဖမ္းဆီး ရမိတာလို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဘိန္းျဖဴဆပ္ျပာခြက္ ၁ ခြက္နဲ႔ စိတ္ႂကြေဆးျပား ၁ ထုပ္ ဖမ္းဆီးရမိေသးတယ္လို႔ ဆိုပါတယ္။

ဘိန္းမဲေတြကို ဗန္းေမာက္ၿမိဳ႕နယ္၊ နန္းဇားေက်း႐ြာေန ေ႐ႊႏိုင္ ဆိုသူနဲ႔ ေဟာ္ေယာေက်း႐ြာေန ေအာင္ေမာင္းဆိုသူတို႔က သယ္ေဆာင္လာတာျဖစ္ၿပီး ဘယ္ကေန သယ္ခဲ့တယ္၊ ဘယ္ကို သယ္ယူမယ္ဆိုတာကိုေတာ့ စစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ဘိန္းမဲေတြကို အဝါေရာင္ ပုံး ၃ ပုံးအျပင္ ဆိုင္ကယ္ဖင္ထိုင္ခုံထဲေတြမွာပါ ဝွက္ၿပီး သယ္ေဆာင္လာတာျဖစ္ၿပီး ဘိန္းမဲအထုပ္ေပါင္း ၂၄ ထုပ္ စုစုေပါင္းအေလးခ်ိန္ ၂၂ ပိႆာေက်ာ္ (၃၈၆၂၀.၄၅ ဂရမ္)၊ ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၁၁၅၈ သိန္းေက်ာ္ဖိုးရွိတယ္လို႔ ကနဦး သတင္းေတြအရ သိရပါတယ္။

လတ္တေလာမွာေတာ့ ပင္လည္ဘူး ၿမိဳ႕မရဲစခန္း မူးယစ္ (ပ) ၇၀/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က) အရ အမႈဖြင့္အေရးယူေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013