DVB Logo
Home
မြန်မာသတင်း
တောင်းဆိုချက်များအား ပညာရေးဝန်ကြီးဌာန အမြန်ဖြေရှင်းပေးရန် သပိတ်မှောက်ကျောင်းသားများ ပြော
DVB
·
September 6, 2019
တောင်းဆိုချက်များအား ပညာရေးဝန်ကြီးဌာန အမြန်ဖြေရှင်းပေးရန် သပိတ်မှောက်ကျောင်းသားများ ပြော
Donate to DVB

ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ တောင်းဆိုထားတဲ့အချက်တွေကို ၄၈ နာရီအတွင်း အမြန်ဆုံးလာရှင်းပေးဖို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သပိတ်မှောက် ၅ ရက်မြောက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။

“ဒီနေ့နဲ့ဆို ကျနော်တို့ ကျောင်းသားတွေ သပိတ်တိုက်ပွဲဝင်ခဲ့တာ ၅ ရက်မြောက်နေ့ဖြစ်တယ်။ ခုလာမဲ့ ၁၈ ရက်နေ့ဆိုရင် ကျနော်တို့ကျောင်းသားတွေ စာမေးပွဲဖြေရတော့မယ်၊ ဒါကြောင့်မို့ ပညာရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို အမြန်ဆုံးလာရောက်ဖြေရှင်းပေးဖို့ ကျနော်တို့မနေ့ညက ပညာရေးဝန်ကြီးဌာနကို ကြေညာချက်ထုတ်ပြီးတောင်းဆိုခဲ့တာဖြစ်တယ်။ ဖြေရှင်းပေးဖို့လည်း မျှော်လင့်ပါတယ်၊ လာရောက်ဖြေရှင်းမပေးခဲ့ဘူးဆိုရင်တော့ နောက်ဆက်တွဲရလဒ်ကတော့ ပညာရေးဝန်ကြီးဌာနရဲ့တာဝန်ပဲ ဖြစ်တယ်” လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က ပြောပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းဝင်းထဲမှာ အချက် ၅ ချက်ကို ဆန္ဒပြ တောင်းဆိုနေကြတာပါ။

သပိတ်မှောက်ရက် ၄ ရက်မြောက်နေ့မှာတော့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေးကို မန္တလေးတက္ကသိုလ်သမဂ္ဂသပိတ််မှောက်ကျောင်းသားတွေ က ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။

သပိတ်တိုက်ပွဲဆင်နွှဲနေကြတဲ့ ကျောင်းသားတွေဟာ မြတမာ အမျိုးသမီးဆောင်၊ ရွှေမန်းဆောင်၊ သစ္စာကျောင်းဆောင် စတဲ့အဆောင်တွေက ကျောင်းသားကျောင်းသူတွေကို သပိတ်တိုက်ပွဲကြွေးကြော်သံတွေကြွေးကြော်ရင်း ဝင်ရောက်စည်းရုံးခဲ့ကြတာကြောင့် အင်အားပိုမို များပြား လာနေပါတယ်။




ေတာင္းဆိုခ်က္မ်ားအား ပညာေရးဝန္ႀကီးဌာန အျမန္ေျဖရွင္းေပးရန္ သပိတ္ေမွာက္ေက်ာင္းသားမ်ား ေျပာ

ေအာင္ေအာင္ႏိုင္

ပညာေရးဝန္ႀကီးဌာနရဲ႕ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို အယုံအၾကည္မရွိတာေၾကာင့္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေတာင္းဆိုထားတဲ့အခ်က္ေတြကို ၄၈ နာရီအတြင္း အျမန္ဆုံးလာရွင္းေပးဖို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက သပိတ္ေမွာက္ ၅ ရက္ေျမာက္ေန႔ ဒီေန႔မနက္ပိုင္းက သတင္းစာရွင္းလင္းပြဲျပဳလုပ္ ေတာင္းဆိုလိုက္ပါတယ္။

“ဒီေန႔နဲ႔ဆို က်ေနာ္တို႔ ေက်ာင္းသားေတြ သပိတ္တိုက္ပြဲဝင္ခဲ့တာ ၅ ရက္ေျမာက္ေန႔ျဖစ္တယ္။ ခုလာမဲ့ ၁၈ ရက္ေန႔ဆိုရင္ က်ေနာ္တို႔ေက်ာင္းသားေတြ စာေမးပြဲေျဖရေတာ့မယ္၊ ဒါေၾကာင့္မို႔ ပညာေရးဝန္ႀကီးဌာနကလည္း ဒီကိစၥကို အျမန္ဆုံးလာေရာက္ေျဖရွင္းေပးဖို႔ က်ေနာ္တို႔မေန႔ညက ပညာေရးဝန္ႀကီးဌာနကို ေၾကညာခ်က္ထုတ္ၿပီးေတာင္းဆိုခဲ့တာျဖစ္တယ္။ ေျဖရွင္းေပးဖို႔လည္း ေမွ်ာ္လင့္ပါတယ္၊ လာေရာက္ေျဖရွင္းမေပးခဲ့ဘူးဆိုရင္ေတာ့ ေနာက္ဆက္တြဲရလဒ္ကေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕တာဝန္ပဲ ျဖစ္တယ္” လို႔ သပိတ္ဦးေဆာင္ေကာ္မတီဝင္ ကိုရန္စိုးပိုင္က ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္ၿပီး မႏၲေလးတကၠသိုလ္ေက်ာင္းဝင္းအတြင္းက စားေသာက္ဆိုင္တန္း Food Court ေဆာက္လုပ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ေက်ာင္းဝင္းထဲမွာ အခ်က္ ၅ ခ်က္ကို ဆႏၵျပ ေတာင္းဆိုေနၾကတာပါ။

သပိတ္ေမွာက္ရက္ ၄ ရက္ေျမာက္ေန႔မွာေတာ့ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္အား တာဝန္မွ အျမန္ဆုံးရပ္ဆိုင္းေပးေရးကို မႏၲေလးတကၠသိုလ္သမဂၢသပိတ္္ေမွာက္ေက်ာင္းသားေတြ က ထည့္သြင္းေတာင္းဆိုခဲ့ၾကပါတယ္။

သပိတ္တိုက္ပြဲဆင္ႏႊဲေနၾကတဲ့ ေက်ာင္းသားေတြဟာ ျမတမာ အမ်ိဳးသမီးေဆာင္၊ ေ႐ႊမန္းေဆာင္၊ သစၥာေက်ာင္းေဆာင္ စတဲ့အေဆာင္ေတြက ေက်ာင္းသားေက်ာင္းသူေတြကို သပိတ္တိုက္ပြဲေႂကြးေၾကာ္သံေတြေႂကြးေၾကာ္ရင္း ဝင္ေရာက္စည္း႐ုံးခဲ့ၾကတာေၾကာင့္ အင္အားပိုမို မ်ားျပား လာေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013