DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ဆင်းရဲနွမ်းပါးသူများအတွက် ဥပဒေရေးရာများ အခမဲ့ဆောင်ရွက်ပေး
DVB
·
September 6, 2019
မြောင်းမြတွင် ဆင်းရဲနွမ်းပါးသူများအတွက် ဥပဒေရေးရာများ အခမဲ့ဆောင်ရွက်ပေး
Donate to DVB

ဧရာ၀တီတိုင်း မြောင်းမြမြို့မှာ ဆင်းရဲနွမ်းပါးတဲ့ တရားရင်ဆိုင်နေရသူတွေအတွက် ဥပဒေရေးရာများအခမဲ့ အကျိုးဆောင်ကူညီပေးသွားမယ်လို့ မြောင်းမြမြို့နယ်/ခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်သိမ်းက ပြောပါတယ်။

တရားရင်ဆိုင်နေရတဲ့ ဆင်းရဲနွမိးပါးသူတွေအတွက် ဥပဒေရေးရာတွေကို အခမဲ့ အကူအညီပေးနိုင်ဖို့ ဥပဒေရေးရာအထောက်အကူပေးရေးအဖွဲ့ကို မြောင်းမြမြို့ခံ တရားလွှတ်တော်ရှေ့နေများက ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာတွေကို အခမဲ့အကျိုးဆောင်ကူညီပေးသွားမှာဖြစ်ပါတယ်။

“အဓိကကတော့ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေကို ကူညီပေးသွားမှာဖြစ်ပါတယ်။ ပြစ်မှုနဲ့ပတ်သက်လို့ စွပ်စွဲခံရတယ်။ ထောင်ကျခံရတယ်။ ထိန်းသိမ်းခံရတယ်ဆိုရင် သူတို့မှာ ရှေ့နေမငှားနိုင်တော့တဲ့ အခြေအနေဖြစ်ပြီဆိုရင် ကျွန်တော်တို့က အခမဲ့ ကူညီဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ဥပဒေပါ အခွင့်အရေးတွေမဆုံးရှုံးအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်''လို့ တရားလွှတ်တော်ရှေ့နေဦးမြင့်သိမ်းက ပြောပါတယ်။

မိသားစုစီပွားရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အကြောင်း အမျိုးမျိုးကြောင့် စွပ်စွဲခံရပြီး မတရားအလုပ်ခံရတဲ့သူတွေအတွက် ဥပဒေရေးရာ အကာအကွယ်တွေပေးဖို့၊ သူတို့ရဲ့အခွင့်အရေးတွေငွေမရှိပေမယ့်လည်း အကာအကွယ်ရအောင်ကူညီပေးချင်လို့ အခုလိုပါဝင်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”လို့ ဥပဒေဆိုင်ရာ အကာအကွယ်ပေးရေး အဖွဲ့ဝင်တဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ကြူကြူစန်းက ဆိုပါတယ်။

ဥပဒေရေးရာ အထောက်အကူပေးရေးအဖွဲ့ ပေါ်ပေါက်လာတဲ့အတွက် ကျေးလက်မှာ နေထိုင်တဲ့ အခက်အခဲရှိတဲ့ အမှုသည်တွေအတွက် ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မြောင်းမြမြို့နယ်၊ ဗျိုင်ဖြူကျေးရွာနေ ဦးရဲဆွေမြင့်က ပြောပါတယ်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို မြောင်းမြဒေသခံ တရားလွှတ်တော်ရှေ့နေ ၅ ဦးနဲ့ ဖွဲ့စည်းထားကာ အခုလကစတင်ပြီး ဥပဒေရေးရာ အကျိုးဆောင်မှုများကို အခမဲ့ကူအညီပေးသွားမှာ ဖြစ်ပါတယ်။

 ကျော်စိုးမိုး




ေျမာင္းျမတြင္ ဆင္းရဲႏြမ္းပါးသူမ်ားအတြက္ ဥပေဒေရးရာမ်ား အခမဲ့ေဆာင္႐ြက္ေပး
DVB

ဧရာ၀တီတိုင္း ေျမာင္းျမၿမိဳ႕မွာ ဆင္းရဲႏြမ္းပါးတဲ့ တရားရင္ဆိုင္ေနရသူေတြအတြက္ ဥပေဒေရးရာမ်ားအခမဲ့ အက်ိဳးေဆာင္ကူညီေပးသြားမယ္လို႔ ေျမာင္းျမၿမိဳ႕နယ္/ခ႐ိုင္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠ႒ဦးျမင့္သိမ္းက ေျပာပါတယ္။

တရားရင္ဆိုင္ေနရတဲ့ ဆင္းရဲႏြမိးပါးသူေတြအတြက္ ဥပေဒေရးရာေတြကို အခမဲ့ အကူအညီေပးႏိုင္ဖို႔ ဥပေဒေရးရာအေထာက္အကူေပးေရးအဖြဲ႕ကို ေျမာင္းျမၿမိဳ႕ခံ တရားလႊတ္ေတာ္ေရွ႕ေနမ်ားက ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၄ ရက္ေန႔မွာ ဖြဲ႕စည္းခဲ့ၿပီး ဥပေဒေရးရာေတြကို အခမဲ့အက်ိဳးေဆာင္ကူညီေပးသြားမွာျဖစ္ပါတယ္။

“အဓိကကေတာ့ ဆင္းရဲႏြမ္းပါးတဲ့ျပည္သူေတြကို ကူညီေပးသြားမွာျဖစ္ပါတယ္။ ျပစ္မႈနဲ႔ပတ္သက္လို႔ စြပ္စြဲခံရတယ္။ ေထာင္က်ခံရတယ္။ ထိန္းသိမ္းခံရတယ္ဆိုရင္ သူတို႔မွာ ေရွ႕ေနမငွားႏိုင္ေတာ့တဲ့ အေျခအေနျဖစ္ၿပီဆိုရင္ ကြၽန္ေတာ္တို႔က အခမဲ့ ကူညီေဆာင္႐ြက္ေပး သြားမွာျဖစ္ပါတယ္။ ႏိုင္ငံသားတစ္ေယာက္ရဲ႕ဥပေဒပါ အခြင့္အေရးေတြမဆုံးရႈံးေအာင္ ေဆာင္႐ြက္ေပးမွာျဖစ္ပါတယ္''လို႔ တရားလႊတ္ေတာ္ေရွ႕ေနဦးျမင့္သိမ္းက ေျပာပါတယ္။

မိသားစုစီပြားေရးအဆင္မေျပတဲ့ အမ်ိဳးသမီးေတြ၊ ကေလးသူငယ္ေတြ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စြပ္စြဲခံရၿပီး မတရားအလုပ္ခံရတဲ့သူေတြအတြက္ ဥပေဒေရးရာ အကာအကြယ္ေတြေပးဖို႔၊ သူတို႔ရဲ႕အခြင့္အေရးေတြေငြမရွိေပမယ့္လည္း အကာအကြယ္ရေအာင္ကူညီေပးခ်င္လို႔ အခုလိုပါဝင္ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္”လို႔ ဥပေဒဆိုင္ရာ အကာအကြယ္ေပးေရး အဖြဲ႕ဝင္တဦးျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚၾကဴၾကဴစန္းက ဆိုပါတယ္။

ဥပေဒေရးရာ အေထာက္အကူေပးေရးအဖြဲ႕ ေပၚေပါက္လာတဲ့အတြက္ ေက်းလက္မွာ ေနထိုင္တဲ့ အခက္အခဲရွိတဲ့ အမႈသည္ေတြအတြက္ ကူညီႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျမာင္းျမၿမိဳ႕နယ္၊ ဗ်ိဳင္ျဖဴေက်း႐ြာေန ဦးရဲေဆြျမင့္က ေျပာပါတယ္။

ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ကို ေျမာင္းျမေဒသခံ တရားလႊတ္ေတာ္ေရွ႕ေန ၅ ဦးနဲ႔ ဖြဲ႕စည္းထားကာ အခုလကစတင္ၿပီး ဥပေဒေရးရာ အက်ိဳးေဆာင္မႈမ်ားကို အခမဲ့ကူအညီေပးသြားမွာ ျဖစ္ပါတယ္။
ေက်ာ္စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013