DVB Logo
Home
မြန်မာသတင်း
ဆည်ကြီးများတွင် ရေဝင်နည်းနေသဖြင့် ခြိုးခြံသုံးစွဲကြရန် စိုက်ပျိုးရေးဌာန အသိပေး
DVB
·
September 6, 2019
ဆည်ကြီးများတွင် ရေဝင်နည်းနေသဖြင့် ခြိုးခြံသုံးစွဲကြရန် စိုက်ပျိုးရေးဌာန အသိပေး
Donate to DVB

သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စတဲ့ ဘက်စုံရေလှောင်တမံကြီးတွေမှာ ရေဝင်နည်းနေလို့ တောင်သူတွေ ဆည်ရေကို အထူးခြိုးခြံချွေတာသုံးစွဲကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒီနေ့ အသိပေးကြေညာလိုက်ပါတယ်။

စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်နေတဲ့ အထက်ပါ ဆည်တမံတွေမှာ အခုနှစ် မိုးရာသီရေဝင်နည်းနေတာဖြစ်ပြီး တမံအတွင်း ရေလှောင်ပမာဏဟာ အရင်နှစ်တွေထက် လျော့ကျနေတာ ဖြစ်ပါတယ်။

အခုနှစ်မိုးရာသီကုန်ရင် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနဲ့ သိုလှောင်ထားနိုင်မှု အခြေအနေအပေါ်မူတည်ပြီး နွေစပါးအစား ရေလိုအပ်ချက်နည်းတဲ့ အခြားသီးနှံ ပြောင်းစိုက်ကြဖို့လည်း  စိုက်ပျိုးရေးဌာနက နှိုးဆော်အသိပေးထားပါတယ်။

ဌာနအနေနဲ့ မိုးစပါးအောင်ရေအတွက် စိုက်ပျိုးရေပေးဝေပြီးရင် ကျန်ရှိ ရေသိုလှောင်ပမာဏ အပေါ်မူတည်ပြီး ဒေသသောက်သုံးရေကို ဦးစားပေးလျာထားမယ်။ ဒေသသောက်သုံးရေပေးဝေပြီးမှ နွေစပါးနဲ့ အခြားသီးနှံစိုက်ပျိုးဖို့ရေပေးဝေဖို့ စီမံလျာထား ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ဆည်တမံကြီးတွေမှာ ရေသိုလှောင်ပမာဏ နည်းနေတဲ့ ကြားက နွေစပါးစိုက်ပျိုးဖို့ ရေပေးဝေခဲ့လို့ ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့နည်းကျဆင်းပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေကို မီးအလှည့်ကျပေးခဲ့ရပါတယ်။




ဆည္ႀကီးမ်ားတြင္ ေရဝင္နည္းေနသျဖင့္ ၿခိဳးၿခံသုံးစြဲၾကရန္ စိုက္ပ်ိဳးေရးဌာန အသိေပး
ဒီဗြီဘီ

သဖန္းဆိပ္၊ ကင္းတား၊ ဆည္ေတာ္ႀကီး၊ ၿမိဳ႕ႀကီး စတဲ့ ဘက္စုံေရေလွာင္တမံႀကီးေတြမွာ ေရဝင္နည္းေနလို႔ ေတာင္သူေတြ ဆည္ေရကို အထူးၿခိဳးၿခံေခြၽတာသုံးစြဲၾကဖို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက ဒီေန႔ အသိေပးေၾကညာလိုက္ပါတယ္။

စိုက္ပ်ိဳးေရေပးေဝျခင္းအျပင္ ေရအားလွ်ပ္စစ္ပါ တြဲဖက္ထုတ္လုပ္ေနတဲ့ အထက္ပါ ဆည္တမံေတြမွာ အခုႏွစ္ မိုးရာသီေရဝင္နည္းေနတာျဖစ္ၿပီး တမံအတြင္း ေရေလွာင္ပမာဏဟာ အရင္ႏွစ္ေတြထက္ ေလ်ာ့က်ေနတာ ျဖစ္ပါတယ္။

အခုႏွစ္မိုးရာသီကုန္ရင္ ေရေလွာင္တမံမ်ားအတြင္း ေရဝင္ေရာက္မႈနဲ႔ သိုေလွာင္ထားႏိုင္မႈ အေျခအေနအေပၚမူတည္ၿပီး ေႏြစပါးအစား ေရလိုအပ္ခ်က္နည္းတဲ့ အျခားသီးႏွံ ေျပာင္းစိုက္ၾကဖို႔လည္း စိုက္ပ်ိဳးေရးဌာနက ႏႈိးေဆာ္အသိေပးထားပါတယ္။

ဌာနအေနနဲ႔ မိုးစပါးေအာင္ေရအတြက္ စိုက္ပ်ိဳးေရေပးေဝၿပီးရင္ က်န္ရွိ ေရသိုေလွာင္ပမာဏ အေပၚမူတည္ၿပီး ေဒသေသာက္သုံးေရကို ဦးစားေပးလ်ာထားမယ္။ ေဒသေသာက္သုံးေရေပးေဝၿပီးမွ ေႏြစပါးနဲ႔ အျခားသီးႏွံစိုက္ပ်ိဳးဖို႔ေရေပးေဝဖို႔ စီမံလ်ာထား ထားတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကလည္း အလားတူ ဆည္တမံႀကီးေတြမွာ ေရသိုေလွာင္ပမာဏ နည္းေနတဲ့ ၾကားက ေႏြစပါးစိုက္ပ်ိဳးဖို႔ ေရေပးေဝခဲ့လို႔ ေရအားလွ်ပ္စစ္ထုတ္လုပ္မႈ ေလ်ာ့နည္းက်ဆင္းၿပီး ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြကို မီးအလွည့္က်ေပးခဲ့ရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013