DVB Logo
Home
မြန်မာသတင်း
ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဆောလျင်စွာပြန်ပို့ပေးရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း
DVB
·
September 6, 2019
ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဆောလျင်စွာပြန်ပို့ပေးရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်က ထွက်ခွာသွားပြီး ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိကြတဲ့ ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက  ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ထပ်မံတိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ်သံအမတ် Mr. Manjurul Karim Khan Chowdhury ကို စက်တင်ဘာ ၅ ရက်က ဌာနကို ခေါ်ယူတွေ့ဆုံပြီး ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင်  အမြဲတမ်းအတွင်းဝန်က “နေရပ်စွန့်ခွာသွားသူတွေကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှာ စတင်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်၊ မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က  နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် ဆောလျင်စွာစတင်နိုင်ဖို့ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်" လို့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က  ထုတ်ပြန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  သတင်းထုတ်ပြန်ချက်မှာ “မည်သည့် လူမျိုး/ ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေးပြန်လိုပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဟန့်တားမည်မဟုတ် ဟူသော ရပ်တည်ချက်” ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဟိန္ဒူ ၄၄၄ ဦးအနက် အချို့ဟာ နိုင်ငံသားပြုခွင့်လက်မှတ်ကို ကိုင်ဆောင်ထားကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြထားပါတယ်။




ဟိႏၵဴဘာသာဝင္ ၄၄၄ ဦးကို ေဆာလ်င္စြာျပန္ပို႔ေပးရန္ ျမန္မာက ဘဂၤလားေဒ့ရွ္ကို တိုက္တြန္း
ဒီဗြီဘီ

ရခိုင္ျပည္နယ္က ထြက္ခြာသြားၿပီး ျပန္လည္ဝင္ေရာက္ဖို႔ ဆႏၵရွိၾကတဲ့ ဟိႏၵဴဘာသာဝင္ ၄၄၄ ဦးကို ေဆာလ်င္စြာ ျပန္လည္ပို႔ေဆာင္ေပးဖို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဘဂၤလားေဒ့ရွ္သံအမတ္ကို ထပ္မံတိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္က ဘဂၤလားေဒ့ရွ္သံအမတ္ Mr. Manjurul Karim Khan Chowdhury ကို စက္တင္ဘာ ၅ ရက္က ဌာနကို ေခၚယူေတြ႕ဆုံၿပီး ေျပာခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသတင္းမွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ အၿမဲတမ္းအတြင္းဝန္က “ေနရပ္စြန႔္ခြာသြားသူေတြကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၂၂ ရက္မွာ စတင္ႏိုင္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူး၊ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ႀကိဳးပမ္းမႈကို အသိအမွတ္ျပဳတယ္၊ ျမန္မာႏိုင္ငံအေနနဲ႔ ရခိုင္ျပည္နယ္က ေနရပ္စြန႔္ခြာသြားသူေတြ ျပန္လည္ပို႔ေဆာင္ေရး လုပ္ငန္းစဥ္ ေဆာလ်င္စြာစတင္ႏိုင္ဖို႔ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ေတြနဲ႔ အညီ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမယ္" လို႔ ဘဂၤလားေဒ့ရွ္သံအမတ္ကို ေျပာၾကားခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ “မည္သည့္ လူမ်ိဳး/ ဘာသာဝင္ျဖစ္ေစ ျမန္မာႏိုင္ငံသို႔ အခ်ိန္မေ႐ြးျပန္လိုပါက ဘဂၤလားေဒ့ရွ္အစိုးရအေနျဖင့္ ဟန႔္တားမည္မဟုတ္ ဟူေသာ ရပ္တည္ခ်က္” ကို ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ဟိႏၵဴ ၄၄၄ ဦးအနက္ အခ်ိဳ႕ဟာ ႏိုင္ငံသားျပဳခြင့္လက္မွတ္ကို ကိုင္ေဆာင္ထားၾကတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသတင္းမွာ ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013