DVB Logo
Home
မြန်မာသတင်း
နီပွန်ဖောင်ဒေးရှင်း တိုင်းရင်းသားဒုက္ခသည်တွေကို အကူအညီပေးအပ်မည်
DVB
·
December 20, 2012
နီပွန်ဖောင်ဒေးရှင်း တိုင်းရင်းသားဒုက္ခသည်တွေကို အကူအညီပေးအပ်မည်
Donate to DVB

ဂျပန် နီပွန်ဖောင်ဒေးရှင်းဟာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မွန်ပြည်သစ်ပါတီကို ဒေါ်လာ ၇ သောင်းတန် ဆန်တန်ချိန် ၅၀၊ ဆေးရုံးသုံး ဆေးဝါးတွေနဲ့ တိုင်းရင်းဆေးထားသိုဖို့ ဆေးသေတ္တာ ၅၀၀ ကို မော်လမြိုင်မှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်မယ်လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ဂျပန် နီပွန်ဖောင်ဒေးရှင်းဟာ ဒီနှစ် အောက်တိုဘာလမှာ မြန်မာအစိုးရရဲ့သဘောတူညီချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရှိတဲ့ ဒေသတွင်းက ဒုက္ခသည်ပြည်သူ ၁၀ သိန်း ကျော်အတွက် ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အစားအသောက်နဲ့ ဆေးဝါး အစရှိတဲ့ အရေးပေါ်ပစ္စည်းတွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့အဖြစ် ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပထမအဆင့်အနေနဲ့ အကောင်အထည်ဖော်လိုက်တာပါ။

မွန်ပြည်နယ်အစိုးရရုံး မွန်ပြည်နယ်ခန်းမမှာ ကျင်းပမယ့် ဒီအခမ်းအနားကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားရေးရာဆိုင်ရာ သံအမတ်ကြီး၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်တို့ တက်ရောက်မှာဖြစ်ပါတယ်။

လွှဲပြောင်းပေးအပ်တဲ့အထောက်အပံ့ ပစ္စည်းတွေကို အခမ်းအနားအပြီးမှာ ပြည်တွင်း ဒုက္ခသည်တွေရှိတဲ့ ဒေသတွေဆီ ပို့ဆောင်မယ်လို့ ဆိုပါတယ်။

နီပွန်ဖောင်ဒေးရှင်းဟာ အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ ပေးရုံတင်မကဘဲ လက်နက်ကိုင်အင်အားစုတွေနဲ့ မြန်မာအစိုးရတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး ပေါ်ထွန်းလာစေဖို့ ကူညီဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။

တိုင်းရင်းသားမဟာမိတ်အဖွဲ့ (ယူအန်အက်ဖ်စီ)နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တို့အကြား နိုင်ငံရေးဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ လုပ်ဆောင်ဖို့ ငွေကြေးစိုက်ထုတ်ဖို့လည်း နီပွန်ဖောင်ဒေးရှင်းက သဘောတူထားပါတယ်။

ကနဦးပိုင်း သဘောတူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံမယ့်အစီအစဉ် မဖြစ်တော့တဲ့ အကြောင်း မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ယူအန်အက်ဖ်စီကို အကြောင်းပြန်ခဲ့သလို မြန်မာနိုင်ငံအတွင်းမှာလုပ်ဖို့ ပြန်လည် ကမ်းလှမ်းထားတာကြောင့် တိုင်းရင်းသားတွေဘက်က တိုင်ပင်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013