DVB Logo
Home
မြန်မာသတင်း
ကိုရီယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ရိုက်ကူးထားသည့် တန်ဖိုး ရုပ်ရှင်ဇာတ်ကားပြသ
DVB
·
September 5, 2019
ကိုရီယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ရိုက်ကူးထားသည့် တန်ဖိုး ရုပ်ရှင်ဇာတ်ကားပြသ
1 / 5
Donate to DVB

ကိုရီယားနဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးရဲ့ Red Carped Show ကို စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ Junction City ရှိ JCGV မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ကိုရီးယားနိုင်ငံက ရုပ်ရှင်တက္ကသိုလ်မှာ တက်ရောက်သင်ကြား ခဲ့တဲ့ ဒါရိုက်တာ ဂျွန်လရောင်က တက္ကသိုလ်မှာဘွဲ့ရရှိဖို့အတွက် ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးရမယ် ဆိုတာကြောင့် နှစ်နိုင်ငံကကျောင်းသားတွေပူးပေါင်းပြီး ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာရုပ်ရှင်ကြည့်ပရိသတ်အများစုဟာ လူငယ်တွေဖြစ်နေတဲ့အတွက် လူငယ်တွေရဲ့ဘဝ လူငယ်တွေရဲ့ခံစားချက် လူငယ်တွေကြားမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုအခြေခံပြီး တန်ဖိုးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မှာလူငယ်တွေဟာ မူးယစ်သားကောင်တွေ ဖြစ်လာကြတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို လမ်းမှား မရောက်ဖို့နဲ့ လူငယ်တွေအနေနဲ့ မိမိတန်ဖိုးကိုနားလည်သိရှိဖို့ သတင်းစကားပါးတဲ့အနေနဲ့ ဇာတ်ကားကို ဖန်တီးထားတာလို့လည်း သိရပါတယ်။ 

တန်ဖိုးရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ အေးမြတ်သူ၊ ခင်ဇာခြည်ကျော်နဲ့ သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားကြတာပါ။

တန်ဖိုးဇာတ်ကားကိုဖန်တီးခဲ့တဲ့ဒါရိုက်တာ ဂျွန်လရော် အနေနဲ့ ဒီဇာတ်ကားကြောင့် မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ အနုပညာစွမ်းရည်တွေကို ကိုရီးယားနိုင်ငံမှာ ပြသခွင့် ရခဲ့သလို ကိုရီးယားရုပ်ရှင်တက္ကသိုလ်က ပေးအပ်တဲ့ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။

တန်ဖိုးရုပ်ရှင်ဇာတ်ကားကိုတော့ မြန်မာတနိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ စက်တင်ဘာ ၁၂ ရက်ကနေစပြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။




ကိုရီယား-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ႐ိုက္ကူးထားသည့္ တန္ဖိုး ႐ုပ္ရွင္ဇာတ္ကားျပသ
ဆုဆုသြယ္

ကိုရီယားနဲ႔ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအေနနဲ႔ ပူးေပါင္းဖန္တီးထားတဲ့ တန္ဖိုး႐ုပ္ရွင္ ဇာတ္ကားႀကီးရဲ႕ Red Carped Show ကို စက္တင္ဘာ ၄ ရက္က ရန္ကုန္ၿမိဳ႕ Junction City ရွိ JCGV မွာ ျပဳလုပ္ခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ကိုရီးယားႏိုင္ငံက ႐ုပ္ရွင္တကၠသိုလ္မွာ တက္ေရာက္သင္ၾကား ခဲ့တဲ့ ဒါ႐ိုက္တာ ဂြၽန္လေရာင္က တကၠသိုလ္မွာဘြဲ႕ရရွိဖို႔အတြက္ ႐ုပ္ရွင္ဇာတ္ကားႀကီး ဖန္တီးရမယ္ ဆိုတာေၾကာင့္ ႏွစ္ႏိုင္ငံကေက်ာင္းသားေတြပူးေပါင္းၿပီး ဒီဇာတ္ကားကို ႐ိုက္ကူးခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာ႐ုပ္ရွင္ၾကည့္ပရိသတ္အမ်ားစုဟာ လူငယ္ေတြျဖစ္ေနတဲ့အတြက္ လူငယ္ေတြရဲ႕ဘဝ လူငယ္ေတြရဲ႕ခံစားခ်က္ လူငယ္ေတြၾကားမွာျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကိုအေျခခံၿပီး တန္ဖိုး႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီေန႔ေခတ္မွာလူငယ္ေတြဟာ မူးယစ္သားေကာင္ေတြ ျဖစ္လာၾကတဲ့အတြက္ မူးယစ္ေဆးဝါးသုံးစြဲတဲ့လူငယ္ေတြကို လမ္းမွား မေရာက္ဖို႔နဲ႔ လူငယ္ေတြအေနနဲ႔ မိမိတန္ဖိုးကိုနားလည္သိရွိဖို႔ သတင္းစကားပါးတဲ့အေနနဲ႔ ဇာတ္ကားကို ဖန္တီးထားတာလို႔လည္း သိရပါတယ္။

တန္ဖိုး႐ုပ္ရွင္ဇာတ္ကားမွာ ရန္ေအာင္၊ ဇင္ဝိုင္း၊ ထြန္းထြန္း၊ မို႔မို႔ျမင့္ေအာင္၊ ေအးျမတ္သူ၊ ခင္ဇာျခည္ေက်ာ္နဲ႔ သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ သ႐ုပ္ေဆာင္ထားၾကတာပါ။

တန္ဖိုးဇာတ္ကားကိုဖန္တီးခဲ့တဲ့ဒါ႐ိုက္တာ ဂြၽန္လေရာ္ အေနနဲ႔ ဒီဇာတ္ကားေၾကာင့္ ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြရဲ႕ အႏုပညာစြမ္းရည္ေတြကို ကိုရီးယားႏိုင္ငံမွာ ျပသခြင့္ ရခဲ့သလို ကိုရီးယား႐ုပ္ရွင္တကၠသိုလ္က ေပးအပ္တဲ့ဘြဲ႕ကိုပါ ရရွိခဲ့ပါတယ္။

တန္ဖိုး႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ျမန္မာတႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ စက္တင္ဘာ ၁၂ ရက္ကေနစၿပီး ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013