DVB Logo
Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို တာဝန်က ရပ်ဆိုင်းပေးရန် သပိတ်မှောက်ကျောင်းသားများ တောင်းဆို 
DVB
·
September 5, 2019
မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို တာဝန်က ရပ်ဆိုင်းပေးရန် သပိတ်မှောက်ကျောင်းသားများ တောင်းဆို 
1 / 6
Donate to DVB

မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို တာဝန်ကနေ အမြန်ဆုံးရပ်ဆိုင်းပေးဖို့  မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုပါတယ်။

မန္တလေးတက္ကသိုလ်အတွင်းက စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားတွေက အချက် ၅ ချက်ကို တောင်းဆို သပိတ်မှောက်နေကြရာမှာ ၄ ရက်နေ့မှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေးကို ထည့်သွင်းတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သပိတ်ဦးဆောင်ကော်မတီ ကိုရန်စိုးပိုင်က “ပဏာမလေ့လာစုံးရေးအဖွဲ့ဝင် ၄ ဦးကို ဦးဆောင်တဲ့ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခဒေါက်တာဆင့်စိုးတို့နဲ့ စက်တင်ဘာလ ၄ ရက်နေ့ညက တွေ့ဆုံညှိနိုင်းခဲ့ပေမယ့် ဘာတခုမှ တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ အဖွဲ့မဟုတ်ဘူး။ ယုံကြည်ရတဲ့အဖွဲ့ မဟုတ်ဘူး။ အတုယောင် ညှိနှိုင်းရေးအဖွဲ့ ဖြစ်တယ်။ ဝန်ထမ်းတွေကို အကာကွယ်ပေးနေတာပဲဖြစ်တယ်။ အဲဒါကြောင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေး ထည့်တောင်းဆိုပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ အင်အား ၃၀၀ ကျော်နဲ့ သပိတ်တိုက်ပွဲကို အရှိန်အဟုန်မြှင့် ခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။

သပိတ်တိုက်ပွဲဆင်နွှဲနေကြတဲ့ ကျောင်းသားတွေဟာ မြတမာ အမျိုးသမီးဆောင်၊ ရွှေမန်းဆောင်၊ သစ္စာကျောင်းဆောင် စတဲ့အဆောင်တွေက ကျောင်းသားကျောင်းသူတွေကို သပိတ်တိုက်ပွဲကြွေးကြော်သံတွေကြွေးကြော်ရင်း ဝင်ရောက်စည်းရုံးခဲ့ကြတာကြောင့် အင်အားပိုမို များပြား လာနေပါတယ်။




မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ကို တာဝန္က ရပ္ဆိုင္းေပးရန္ သပိတ္ေမွာက္ေက်ာင္းသားမ်ား ေတာင္းဆို
ေအာင္ေအာင္ႏိုင္

မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ကို တာဝန္ကေန အျမန္ဆုံးရပ္ဆိုင္းေပးဖို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢ သပိတ္ေမွာက္ေက်ာင္းသားေတြက ေတာင္းဆိုပါတယ္။

မႏၲေလးတကၠသိုလ္အတြင္းက စားေသာက္ဆိုင္တန္း Food Court ေဆာက္လုပ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေက်ာင္းသားေတြက အခ်က္ ၅ ခ်က္ကို ေတာင္းဆို သပိတ္ေမွာက္ေနၾကရာမွာ ၄ ရက္ေန႔မွာ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ကို တာဝန္မွ အျမန္ဆုံးရပ္ဆိုင္းေပးေရးကို ထည့္သြင္းေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

သပိတ္ဦးေဆာင္ေကာ္မတီ ကိုရန္စိုးပိုင္က “ပဏာမေလ့လာစုံးေရးအဖြဲ႕ဝင္ ၄ ဦးကို ဦးေဆာင္တဲ့ မႏၲေလးနည္းပညာတကၠသိုလ္ ပါေမာကၡေဒါက္တာဆင့္စိုးတို႔နဲ႔ စက္တင္ဘာလ ၄ ရက္ေန႔ညက ေတြ႕ဆုံညႇိႏိုင္းခဲ့ေပမယ့္ ဘာတခုမွ တာဝန္ယူေျဖရွင္းေပးႏိုင္တဲ့ အဖြဲ႕မဟုတ္ဘူး။ ယုံၾကည္ရတဲ့အဖြဲ႕ မဟုတ္ဘူး။ အတုေယာင္ ညႇိႏႈိင္းေရးအဖြဲ႕ ျဖစ္တယ္။ ဝန္ထမ္းေတြကို အကာကြယ္ေပးေနတာပဲျဖစ္တယ္။ အဲဒါေၾကာင့္ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ကို တာဝန္မွ အျမန္ဆုံးရပ္ဆိုင္းေပးေရး ထည့္ေတာင္းဆိုၿပီး စက္တင္ဘာလ ၅ ရက္ေန႔မွာ အင္အား ၃၀၀ ေက်ာ္နဲ႔ သပိတ္တိုက္ပြဲကို အရွိန္အဟုန္ျမႇင့္ ခဲ့တာျဖစ္တယ္”လို႔ ေျပာပါတယ္။

သပိတ္တိုက္ပြဲဆင္ႏႊဲေနၾကတဲ့ ေက်ာင္းသားေတြဟာ ျမတမာ အမ်ိဳးသမီးေဆာင္၊ ေ႐ႊမန္းေဆာင္၊ သစၥာေက်ာင္းေဆာင္ စတဲ့အေဆာင္ေတြက ေက်ာင္းသားေက်ာင္းသူေတြကို သပိတ္တိုက္ပြဲေႂကြးေၾကာ္သံေတြေႂကြးေၾကာ္ရင္း ဝင္ေရာက္စည္း႐ုံးခဲ့ၾကတာေၾကာင့္ အင္အားပိုမို မ်ားျပား လာေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013