DVB Logo
Home
မြန်မာသတင်း
SMEs လုပ်ငန်းများကို ကူညီရန် Incubation Center တည်ဆောက်မည်
DVB
·
September 5, 2019
SMEs လုပ်ငန်းများကို ကူညီရန် Incubation Center တည်ဆောက်မည်
Donate to DVB

မြန်မာနိုင်ငံက SMEs လုပ်ငန်းတွေကို ကူညီဖို့ Incubation Center တည်ဆောက်ဖို့ SME ဖွံ့ဖြိုးရေးဘဏ်နဲ့ ကိုရီးယားစက်မှုဘဏ်တို့ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ Lotte ဟိုတယ်မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ပိုမိုကြီးထွားလာဖို့အတွက် လုပ်ငန်းရှင်တွေကို အကူအညီပေးနိုင်ဖို့၊ နည်းပညာအထောက်အကူပေးနိုင်ဖို့ ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းပြီး ပထမဆုံးအနေနဲ့လက်မှတ်ရေးထိုးခဲ့တာလို့ SME ဖွံ့ဖြိုးရေးဘဏ် အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၁၆ခုနှစ် ဇွန်လကစပြီး နိုင်ငံဝန်ထမ်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ချေးငွေထုတ်ချေးထားသလို အာမခံပစ္စည်းမပါဘဲ ငွေကြေးလည်ပတ်မှုအပေါ်မူတည်ကာ SMEsလုပ်ငန်းတွေမှာ ချေးငွေထုတ်ချေးနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ SMEs လုပ်ငန်းတွေအတွက် Incubation Center အခု ၅၀ လောက်ရှိ ပေမယ့် မြန်မာနိုင်ငံမှာ အစိုးရကဖွင့်လှစ်ထားတာတခုနှင့် လက်ရှိ SME ဖွံ့ဖြိုးရေးဘဏ်နဲ့ ကိုရီးယားစက်မှုဘဏ်တို့ပူးပေါင်းဖွင့်လှစ်မယ့် စင်တာတခုပဲရှိပါတယ်။




SMEs လုပ္ငန္းမ်ားကို ကူညီရန္ Incubation Center တည္ေဆာက္မည္
စိုးမိုးေအာင္

ျမန္မာႏိုင္ငံက SMEs လုပ္ငန္းေတြကို ကူညီဖို႔ Incubation Center တည္ေဆာက္ဖို႔ SME ဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ကိုရီးယားစက္မႈဘဏ္တို႔ စက္တင္ဘာ ၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Lotte ဟိုတယ္မွာ နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အေသးစားအလတ္စား စီးပြားေရးလုပ္ငန္းေတြ ပိုမိုႀကီးထြားလာဖို႔အတြက္ လုပ္ငန္းရွင္ေတြကို အကူအညီေပးႏိုင္ဖို႔၊ နည္းပညာအေထာက္အကူေပးႏိုင္ဖို႔ ကိုရီးယားႏိုင္ငံနဲ႔ ပူးေပါင္းၿပီး ပထမဆုံးအေနနဲ႔လက္မွတ္ေရးထိုးခဲ့တာလို႔ SME ဖြံ႕ၿဖိဳးေရးဘဏ္ အမႈေဆာင္ အရာရွိခ်ဳပ္ ေဒါက္တာေဇယ်ာၫြန႔္က ေျပာပါတယ္။

အေသးစားနဲ႔ အလတ္စားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးဘဏ္အေနနဲ႔ ၂၀၁၆ခုႏွစ္ ဇြန္လကစၿပီး ႏိုင္ငံဝန္ထမ္းေတြကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေခ်းေငြထုတ္ေခ်းထားသလို အာမခံပစၥည္းမပါဘဲ ေငြေၾကးလည္ပတ္မႈအေပၚမူတည္ကာ SMEsလုပ္ငန္းေတြမွာ ေခ်းေငြထုတ္ေခ်းေနတယ္လို႔ ဆိုပါတယ္။

အိႏၵိယႏိုင္ငံမွာ SMEs လုပ္ငန္းေတြအတြက္ Incubation Center အခု ၅၀ ေလာက္ရွိ ေပမယ့္ ျမန္မာႏိုင္ငံမွာ အစိုးရကဖြင့္လွစ္ထားတာတခုႏွင့္ လက္ရွိ SME ဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ကိုရီးယားစက္မႈဘဏ္တို႔ပူးေပါင္းဖြင့္လွစ္မယ့္ စင္တာတခုပဲရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013