DVB Logo
Home
မြန်မာသတင်း
အမုန်းစကားများကို  မြန်မာဘာသာစနစ်ဖြင့် ဖေ့စ်ဘွတ်ခ်က စစ်ဆေးနေ 
DVB
·
September 5, 2019
အမုန်းစကားများကို  မြန်မာဘာသာစနစ်ဖြင့် ဖေ့စ်ဘွတ်ခ်က စစ်ဆေးနေ 
Donate to DVB

အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကား Hate speech ဖြန့်ဝေမှုတွေ၊ အမုန်းတရားတွေကို ဖော်ဆောင်နေတဲ့အုပ်စုတွေကို မြန်မာဘာသာစကားနဲ့ စုံစမ်းဖော်ထုတ်နေတဲ့ နည်းပညာကိရိယာTool ကို ဖေ့စ်ဘွတ်ခ်အနေနဲ့ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ 

ဒီလို မြန်မာဘာသာနဲ့ Tool တွေသုံးလာတဲ့အတွက် သုံးစွဲသူတွေက သတင်းမပို့ခင်ကတည်းက ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ဒေသဆိုင်ရာ အစီအစဉ် မန်နေဂျာ  ဆာရာက မြန်မာမီဒီယာတချို့နဲ့ ဒီနေ့တွေဆုံစဉ် ပြောပါတယ်။

၂၀၁၈ နောက်ဆုံး လေးလပတ်ထဲမှာ အမုန်းစကားပြန့်ပွားစေတဲ့ အကြောင်းအရာပေါင်း ၅၇၀၀၀ နီးပါးဖယ်ရှားခဲ့တာမှာ ၆၈ ရာခိုင်နှုန်းက သုံးစွဲသူတွေ မတိုင်ကြားခင် ဖယ်ရှားနိုင်ခဲ့တယ်လို့ အချက်အလက်တွေကဖော်ပြပါတယ်။ 

ဖေ့ဘွတ်ခ်အနေနဲ့ သတင်းတု၊ သတင်းမှားတွေ ကိုယ်တွယ်ရာမှာ အမှားနဲ့အမှန်ကို ဖေ့ဘွတ်ခ်က ဆုံးဖြတ်အမိန့်ချတဲ့သူ မဟုတ်ဘဲ ချမှတ်ထားတဲ့ မူဝါဒစည်းကမ်းတွေကိုပဲ အခြေခံပြီးဖော်ဆောင်တာဖြစ်တယ်လို့လည်း ဆာရာကပြောပါတယ်။

 မူဝါဒကိုအခြေခံပြီး မြန်မာဘာသာနဲ့ အကြောင်းအရာ စစ်ဆေးသူ အယောက် ၁၀၀ ရှိနေပမယ့် သတင်းမှားအကြောင်းအရာ စစ်ဆေးမှုပိုင်းမှာတော့ third party ကုမ္ပဏီတွေကို ဖေ့စ်ဘွတ်ခ်က အသုံးပြုပါတယ်။ 

အကောင့်အတုတွေ CIB လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံဆော်မှု အပြုအမှုတွေ ကိုကိုင်တွယ်ရာမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ၄ကြိမ်မြောက်အနေနဲ့ အကောင့် ၈၅ခု၊ ပေ့ချ် ၁၀၇ ခု၊ အုပ်စု ၁၅ခုနဲ့ instagram account ၅ခုတို့ကို ဖေ့စ်ဘွတ်ခ်ကဖယ်ရှားခဲ့ပါတယ်။

လာမယ့် ၂၀၂၀ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက်လည်း ဖေ့စ်ဘွတ်ခ်အနေနဲ့ ပြင်ဆင်မှုတွေကို အထူးသဖြင့် အမေရိကန်ရွေးကောက်ပွဲတုန်းက အတွေ့အကြုံတွေကို နမူနာယူပြီး စတင်ပြင်ဆင်လုပ်နေပြီလို့ဆိုပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ တစ်နှစ်ကျော် အချိန်ကျန်နေသေးတဲ့အတွက် ရှင်းလင်းပြောဆိုသွားခြင်းမရှိပါဘူး။

ဖေ့စ်ဘွတ်ခ်အနေနဲ့ အကြီးမားဆုံးကြုံတွေ့ရတဲ့ အခက်အခဲတခုကတော့ ဇော်ဂျီဖောင့်ပြဿနာပဲ ဖြစ်တယ်လို့လည်း ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဒါကြောင့်မို့ ဇော်ဂျီကို ဘာသာစကားရွေးချယ်ရန်စနစ်ထဲက မနှစ်ကတည်းက ဖယ်ရှားခဲ့ပြီး ဖောင့်ကို အလိုအလျောက်ပြောင်းပေးတဲ့ font converter တွေနဲ့ ယူနီကုဒ် ပြောင်းလဲအသုံးပြုဖို့ကို ဖေ့စ်ဘွတ်ခ်က ပံ့ပိုးကူညီနေတယ်လို့လည်း သိရပါတယ်။ 

ဖေ့စ်ဘွတ်ခ်က ဒေသဆိုင်ရာ စီမံခန့်ခွဲသူတွေ၊ မူဝါဒရေးရာ ဒါရိုက်တာနဲ့ ဖေ့စ်ဘွတ်ခ်မြန်မာအဖွဲ့ ကိုယ်စားလှယ်တချို့ဟာ စက်တင်ဘာ ၅ ရက်က မီဒီယာတချို့၊ အရပ်ဘက်အဖွဲ့အစည်းတချို့ကို ရန်ကုန်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် လတ်တလော ဆောင်ရွက်နေမှုတွေကို ရှင်းလင်းသွားခဲ့ပါတယ်။




အမုန္းစကားမ်ားကို ျမန္မာဘာသာစနစ္ျဖင့္ ေဖ့စ္ဘြတ္ခ္က စစ္ေဆးေန
DVB

အြန္လိုင္းလူမႈကြန္ရက္ေတြေပၚမွာ အမုန္းစကား Hate speech ျဖန႔္ေဝမႈေတြ၊ အမုန္းတရားေတြကို ေဖာ္ေဆာင္ေနတဲ့အုပ္စုေတြကို ျမန္မာဘာသာစကားနဲ႔ စုံစမ္းေဖာ္ထုတ္ေနတဲ့ နည္းပညာကိရိယာTool ကို ေဖ့စ္ဘြတ္ခ္အေနနဲ႔ စတင္အသုံးျပဳေနၿပီ ျဖစ္ပါတယ္။

ဒီလို ျမန္မာဘာသာနဲ႔ Tool ေတြသုံးလာတဲ့အတြက္ သုံးစြဲသူေတြက သတင္းမပို႔ခင္ကတည္းက ဖယ္ရွားႏိုင္ခဲ့တယ္လို႔ ေဖ့စ္ဘြတ္ခ္ကုမၸဏီရဲ႕ ေဒသဆိုင္ရာ အစီအစဥ္ မန္ေနဂ်ာ ဆာရာက ျမန္မာမီဒီယာတခ်ိဳ႕နဲ႔ ဒီေန႔ေတြဆုံစဥ္ ေျပာပါတယ္။

၂၀၁၈ ေနာက္ဆုံး ေလးလပတ္ထဲမွာ အမုန္းစကားျပန႔္ပြားေစတဲ့ အေၾကာင္းအရာေပါင္း ၅၇၀၀၀ နီးပါးဖယ္ရွားခဲ့တာမွာ ၆၈ ရာခိုင္ႏႈန္းက သုံးစြဲသူေတြ မတိုင္ၾကားခင္ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ အခ်က္အလက္ေတြကေဖာ္ျပပါတယ္။

ေဖ့ဘြတ္ခ္အေနနဲ႔ သတင္းတု၊ သတင္းမွားေတြ ကိုယ္တြယ္ရာမွာ အမွားနဲ႔အမွန္ကို ေဖ့ဘြတ္ခ္က ဆုံးျဖတ္အမိန႔္ခ်တဲ့သူ မဟုတ္ဘဲ ခ်မွတ္ထားတဲ့ မူဝါဒစည္းကမ္းေတြကိုပဲ အေျခခံၿပီးေဖာ္ေဆာင္တာျဖစ္တယ္လို႔လည္း ဆာရာကေျပာပါတယ္။

မူဝါဒကိုအေျခခံၿပီး ျမန္မာဘာသာနဲ႔ အေၾကာင္းအရာ စစ္ေဆးသူ အေယာက္ ၁၀၀ ရွိေနပမယ့္ သတင္းမွားအေၾကာင္းအရာ စစ္ေဆးမႈပိုင္းမွာေတာ့ third party ကုမၸဏီေတြကို ေဖ့စ္ဘြတ္ခ္က အသုံးျပဳပါတယ္။

အေကာင့္အတုေတြ CIB လို႔ေခၚတဲ့ ပုံမွန္မဟုတ္တဲ့ စုေပါင္းလႈံေဆာ္မႈ အျပဳအမႈေတြ ကိုကိုင္တြယ္ရာမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ၄ႀကိမ္ေျမာက္အေနနဲ႔ အေကာင့္ ၈၅ခု၊ ေပ့ခ်္ ၁၀၇ ခု၊ အုပ္စု ၁၅ခုနဲ႔ instagram account ၅ခုတို႔ကို ေဖ့စ္ဘြတ္ခ္ကဖယ္ရွားခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ ျမန္မာႏိုင္ငံမွာ လုပ္မယ့္ ေ႐ြးေကာက္ပြဲအတြက္လည္း ေဖ့စ္ဘြတ္ခ္အေနနဲ႔ ျပင္ဆင္မႈေတြကို အထူးသျဖင့္ အေမရိကန္ေ႐ြးေကာက္ပြဲတုန္းက အေတြ႕အႀကဳံေတြကို နမူနာယူၿပီး စတင္ျပင္ဆင္လုပ္ေနၿပီလို႔ဆိုေပမယ့္ အေသးစိတ္အစီအစဥ္ေတြကိုေတာ့ တစ္ႏွစ္ေက်ာ္ အခ်ိန္က်န္ေနေသးတဲ့အတြက္ ရွင္းလင္းေျပာဆိုသြားျခင္းမရွိပါဘူး။

ေဖ့စ္ဘြတ္ခ္အေနနဲ႔ အႀကီးမားဆုံးႀကဳံေတြ႕ရတဲ့ အခက္အခဲတခုကေတာ့ ေဇာ္ဂ်ီေဖာင့္ျပႆနာပဲ ျဖစ္တယ္လို႔လည္း ေဖ့စ္ဘြတ္ခ္တာဝန္ရွိသူေတြက ေျပာပါတယ္။
ဒါေၾကာင့္မို႔ ေဇာ္ဂ်ီကို ဘာသာစကားေ႐ြးခ်ယ္ရန္စနစ္ထဲက မႏွစ္ကတည္းက ဖယ္ရွားခဲ့ၿပီး ေဖာင့္ကို အလိုအေလ်ာက္ေျပာင္းေပးတဲ့ font converter ေတြနဲ႔ ယူနီကုဒ္ ေျပာင္းလဲအသုံးျပဳဖို႔ကို ေဖ့စ္ဘြတ္ခ္က ပံ့ပိုးကူညီေနတယ္လို႔လည္း သိရပါတယ္။

ေဖ့စ္ဘြတ္ခ္က ေဒသဆိုင္ရာ စီမံခန႔္ခြဲသူေတြ၊ မူဝါဒေရးရာ ဒါ႐ိုက္တာနဲ႔ ေဖ့စ္ဘြတ္ခ္ျမန္မာအဖြဲ႕ ကိုယ္စားလွယ္တခ်ိဳ႕ဟာ စက္တင္ဘာ ၅ ရက္က မီဒီယာတခ်ိဳ႕၊ အရပ္ဘက္အဖြဲ႕အစည္းတခ်ိဳ႕ကို ရန္ကုန္မွာ ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံအတြက္ လတ္တေလာ ေဆာင္႐ြက္ေနမႈေတြကို ရွင္းလင္းသြားခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013