DVB Logo
Home
မြန်မာသတင်း
ကားခိုးပြီးမောင်းပြေးသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
September 5, 2019
ကားခိုးပြီးမောင်းပြေးသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
1 / 6
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စက်တင်ဘာ ၄ ရက် ညနေက ကျောက်ဆည် ရွှေသိမ်တော်ဘုရားက ခိုးယူလာတဲ့ကားကို တားဆီးရာ မရပ်တဲ့အတွက် သေနတ်နဲ့ ကားတာယာတွေကို ပစ်ဖောက်ဖမ်းဆီးလိုက်ရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မီးခိုးရောင်ပဂျဲရိုကား မောင်းလာသူဟာ ကျောက်ဆည်ရွှေသိမ်တော်ဘုရားပုံတော်ပူဇော်ဖို့ ကားစက်မရပ်ဘဲ ကားပေါ်မှ ဆင်းဝယ်ယူစဉ် ကျောက်ဆည်မြို့ သမဝါယမ ဖွံ့ဖြိုးရေးလမ်းနေ ပိုင်ဦးဟိန်း (၂၇နှစ်) က စက်နိုးထားတဲ့ ပါဂျဲရိုကားကို ခိုးယူမောင်းနှင်သွားတာပါ။

လိုက်လံဖမ်းဆီးရာမှာ ပါဝင်တဲ့ တပ်ကြပ်ဇင်မင်းက “လမ်းတလျောက်ရှိ ဘီးခွန်ကောက် မောင်းတံတွေကို‌ ကားနဲ့တိုက်ပြီး ဖြတ်ကျော်ခဲ့ပါတယ်။ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင် တွေက မြို့အဝင်ဘီးခွန်ကောက်မှ ပိတ်ဆို့စောင့်ဆိုင်းနေတာကို မြင်တွေ့ရတဲ့အတွက် နောက်ပြန်  လှည့်ပြီး မန္တလေးဘက်ကို မောင်းထွက်သွားခဲ့ပါတယ်။ ရွှေတောင်ရဲစခန်းကားနဲ့ ယာဉ်ထိန်း တပ်ကြပ် ကျော်ဝင်းလွင်၊ ကျနော်နဲ့ ရဲတပ်သားထက်မြတ်အောင်ပါတဲ့ ပရိုဘောက်ကားက ပါဂျဲရို ကားကို လိုက်လံဖမ်းဆီးပါတယ်။ ဘေးချင်းယှဉ်ပြီး ရပ်ပေးရန်အော်ပြောပေမယ့် ရပ်မပေးဘဲ ကား ကွေ့ပြီး ထိပ်တိုက်တိုက်လာပြီး ပရိုဘောက်ကားထဲကနေ သေနတ်နဲ့ကားမှန်ဖောက်ကာ ပါဂျဲရိုကား ရှေ့ဘီးနဲ့ နောက်ဘီးများကို ၁၀ ချက်ပစ်ခတ်ခဲ့ပါတယ်။ ရှေ့ဘီး ၁ လုံး နောက်ဘီး ၂ လုံး ပေါက်ထွက် သွားပေမယ့် ကားမရပ်သေးတဲ့အတွက် တွဲကားနဲ့ ပိတ်ဆို့မှ ရပ်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ "ဒီတခါတော့ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ ယာဉ်ထိန်းအဖွဲ့ကို အသိအမှတ်ပြုရပါ့မယ်။ ကျောက်ဆည်ကခိုးလာတဲ့ PAJERO ကားကို Probox နဲ့အမီလိုက်နေတာ နိုင်ငံခြားကား ကြည့်နေရသလို ဘေးကနေဖြတ်မောင်းသွားတာ ကြည့်လိုက်ရတယ်။ Probox ကားပေါ်ကနေ သေနတ် ၁၀ ချက်လောက် ကားဘီးကိုပစ်ပြီး ဖမ်းလိုက်ရတယ်။ ဘုရားစုရွာထိပ်မှာ မိတယ်" လို့ ရေးသားထားပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ အခုလိုပစ်ခတ်ဖမ်းဆီးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောက်ဆည်  မြို့မရဲစခန်းမှာ ကားခိုးမူ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားပါတယ်။ တရားခံနဲ့ ပါဂျဲရိုကားကိုတော့ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း




ကားခိုးၿပီးေမာင္းေျပးသျဖင့္ ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး
ဒီဗြီဘီ

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္အတြင္းရွိ ရန္ကုန္-မႏၲေလးလမ္းေဟာင္းမွာ စက္တင္ဘာ ၄ ရက္ ညေနက ေက်ာက္ဆည္ ေ႐ႊသိမ္ေတာ္ဘုရားက ခိုးယူလာတဲ့ကားကို တားဆီးရာ မရပ္တဲ့အတြက္ ေသနတ္နဲ႔ ကားတာယာေတြကို ပစ္ေဖာက္ဖမ္းဆီးလိုက္ရတယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက ေျပာပါတယ္။

မီးခိုးေရာင္ပဂ်ဲ႐ိုကား ေမာင္းလာသူဟာ ေက်ာက္ဆည္ေ႐ႊသိမ္ေတာ္ဘုရားပုံေတာ္ပူေဇာ္ဖို႔ ကားစက္မရပ္ဘဲ ကားေပၚမွ ဆင္းဝယ္ယူစဥ္ ေက်ာက္ဆည္ၿမိဳ႕ သမဝါယမ ဖြံ႕ၿဖိဳးေရးလမ္းေန ပိုင္ဦးဟိန္း (၂၇ႏွစ္) က စက္ႏိုးထားတဲ့ ပါဂ်ဲ႐ိုကားကို ခိုးယူေမာင္းႏွင္သြားတာပါ။

လိုက္လံဖမ္းဆီးရာမွာ ပါဝင္တဲ့ တပ္ၾကပ္ဇင္မင္းက “လမ္းတေလ်ာက္ရွိ ဘီးခြန္ေကာက္ ေမာင္းတံေတြကို‌ ကားနဲ႔တိုက္ၿပီး ျဖတ္ေက်ာ္ခဲ့ပါတယ္။ ဝမ္းတြင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးနဲ႔ တပ္ဖြဲ႕ဝင္ ေတြက ၿမိဳ႕အဝင္ဘီးခြန္ေကာက္မွ ပိတ္ဆို႔ေစာင့္ဆိုင္းေနတာကို ျမင္ေတြ႕ရတဲ့အတြက္ ေနာက္ျပန္ လွည့္ၿပီး မႏၲေလးဘက္ကို ေမာင္းထြက္သြားခဲ့ပါတယ္။ ေ႐ႊေတာင္ရဲစခန္းကားနဲ႔ ယာဥ္ထိန္း တပ္ၾကပ္ ေက်ာ္ဝင္းလြင္၊ က်ေနာ္နဲ႔ ရဲတပ္သားထက္ျမတ္ေအာင္ပါတဲ့ ပ႐ိုေဘာက္ကားက ပါဂ်ဲ႐ို ကားကို လိုက္လံဖမ္းဆီးပါတယ္။ ေဘးခ်င္းယွဥ္ၿပီး ရပ္ေပးရန္ေအာ္ေျပာေပမယ့္ ရပ္မေပးဘဲ ကား ေကြ႕ၿပီး ထိပ္တိုက္တိုက္လာၿပီး ပ႐ိုေဘာက္ကားထဲကေန ေသနတ္နဲ႔ကားမွန္ေဖာက္ကာ ပါဂ်ဲ႐ိုကား ေရွ႕ဘီးနဲ႔ ေနာက္ဘီးမ်ားကို ၁၀ ခ်က္ပစ္ခတ္ခဲ့ပါတယ္။ ေရွ႕ဘီး ၁ လုံး ေနာက္ဘီး ၂ လုံး ေပါက္ထြက္ သြားေပမယ့္ ကားမရပ္ေသးတဲ့အတြက္ တြဲကားနဲ႔ ပိတ္ဆို႔မွ ရပ္သြားခဲ့ပါတယ္”လို႔ ေျပာပါတယ္။

တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးမင္းထက္က သူ႔ရဲ႕ေဖ့ဘြတ္ခ္ စာမ်က္ႏွာမွာ "ဒီတခါေတာ့ ဝမ္းတြင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးအဖြဲ႕နဲ႔ ယာဥ္ထိန္းအဖြဲ႕ကို အသိအမွတ္ျပဳရပါ့မယ္။ ေက်ာက္ဆည္ကခိုးလာတဲ့ PAJERO ကားကို Probox နဲ႔အမီလိုက္ေနတာ ႏိုင္ငံျခားကား ၾကည့္ေနရသလို ေဘးကေနျဖတ္ေမာင္းသြားတာ ၾကည့္လိုက္ရတယ္။ Probox ကားေပၚကေန ေသနတ္ ၁၀ ခ်က္ေလာက္ ကားဘီးကိုပစ္ၿပီး ဖမ္းလိုက္ရတယ္။ ဘုရားစု႐ြာထိပ္မွာ မိတယ္" လို႔ ေရးသားထားပါတယ္။

ဝမ္းတြင္းၿမိဳ႕နယ္မွာ အခုလိုပစ္ခတ္ဖမ္းဆီးတာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ေက်ာက္ဆည္ ၿမိဳ႕မရဲစခန္းမွာ ကားခိုးမူ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ နဲ႔ အမႈဖြင့္ထားပါတယ္။ တရားခံနဲ႔ ပါဂ်ဲ႐ိုကားကိုေတာ့ ေက်ာက္ဆည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကို လႊဲေျပာင္း ေပးအပ္ခဲ့ပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013