DVB Logo
Home
မြန်မာသတင်း
အိုင်ရင်းဇင်မာမြင့်၏ FG Live Lounge တေးဂီတဖျော်ဖြေပွဲ ကျပ် ၁၅၀၀၀ ဖြင့် ကြည့်ရှုနိုင်
DVB
·
September 5, 2019
အိုင်ရင်းဇင်မာမြင့်၏ FG Live Lounge တေးဂီတဖျော်ဖြေပွဲ ကျပ် ၁၅၀၀၀ ဖြင့် ကြည့်ရှုနိုင်
Donate to DVB

လူကြီးလူငယ်မရွေး ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုတွေ ရရှိထားတဲ့ နာမည်ကြီး အမျိုးသမီးအဆိုတော် အိုင်ရင်းဇင်မာမြင့်ရဲ့ တေးဂီတ ဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ ကျင်းပဖို့ရှိနေပါတယ်။

ဒီအစီအစဉ်ကတော့ FG Live Lounge အမည်နဲ့ အပတ်စဉ် စနေနေ့တိုင်း နာ မည်ကြီး တေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဝေ ဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုတပတ်မှာတော့ ဂီတလောကမှာ ဆယ်စုနှစ်တစုကျော်ကြာ ပရိသတ်တွေ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့ သီဆိုဖျော်ဖြေမှုကို ပရိသတ် တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ဟာ သီချင်း ချိုချိုအေးအေးတွေရော၊ ခပ်မြူးမြူးသီချင်းတွေနဲ့ပါ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်တဦးဖြစ်ပါတယ်။

  နာမည်ကြီး အဆိုတော်များစွာ မွေးထုတ်ပေးခဲ့တဲ့ The Best Of Melody World 2018 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲ ရောက်ရှိလာခဲ့တဲ့ အိုင်ရင်း ဇင်မာမြင့်ဟာ အတွဲသီချင်းအယ်လ်ဘမ်တွေ၊ အုပ်စုလိုက်သီချင်းအယ်လ်ဘမ်တွေ အပြင် တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး အောင်မြင်နေသူ ဖြစ်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ရဲ့ နှလုံးသား အရင်းအနှီး သီချင်းဟာဆိုရင် ၂၀၁၃ ခုနှစ်၊  ရွှေအက်ဖ်အမ်က ရွေးချယ်ချီးမြှင့်တဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးသီချင်းဆုအဖြစ်  ရွေးချယ်ခံခဲ့ရပါတယ်။

ချမ်းချမ်း၊ ဇမ်နူးတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ အချစ်ထက်မက၊ မြင့်မြတ်၊ ကောင်း ကောင်းတို့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ ဘဝတကွေ့စတဲ့ အတွဲသီချင်းအယ်လ်ဘမ်တွေဟာ လည်း သူ့ရဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ MAR တေးအယ်လ်ဘမ်နဲ့ တနှစ်တာအတွင်း ဂီတထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်တဲ့ စီးတီးအက်ဖ်အမ်ရဲ့ ဆုချီးမြှင့်ပွဲမှာ ရောင်းအား အကောင်းဆုံး စတီရီယိုတေးစီးရီးသီဆိုသူ(အမျိုးသမီး)တေးသံရှင်ဆုကို ဆွတ်ခူးရှိခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Blue Mark ရရှိထားတဲ့ အိုင်ရင်းဇင်မာမြင့်ဟာ ပရိသတ် (Followers) ၆ သိန်းနီးပါးရှိနေပြီး ထင်ရှားသူတဦးဖြစ်ပြီး လာမယ့် စနေနေ့မှာ ကျင်းပမယ့် တကိုယ်တော် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို ကျပ် ၁၅၀၀၀ နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။




အိုင္ရင္းဇင္မာျမင့္၏ FG Live Lounge ေတးဂီတေဖ်ာ္ေျဖပြဲ က်ပ္ ၁၅၀၀၀ ျဖင့္ ၾကည့္ရႈႏိုင္
DVB

လူႀကီးလူငယ္မေ႐ြး ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး အားေပးမႈေတြ ရရွိထားတဲ့ နာမည္ႀကီး အမ်ိဳးသမီးအဆိုေတာ္ အိုင္ရင္းဇင္မာျမင့္ရဲ႕ ေတးဂီတ ေဖ်ာ္ေျဖပြဲကို လာမယ့္ စက္တင္ဘာ ၇ ရက္ေန႔မွာ က်င္းပဖို႔ရွိေနပါတယ္။

ဒီအစီအစဥ္ကေတာ့ FG Live Lounge အမည္နဲ႔ အပတ္စဥ္ စေနေန႔တိုင္း နာ မည္ႀကီး ေတးသံရွင္ေတြနဲ႔ ေဖ်ာ္ေျဖပြဲအျဖစ္ ျပဳလုပ္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊ ေဝ ဇယႏၲာလမ္းမေပၚက ေရကူးစတူဒီယိုမွာ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

အခုတပတ္မွာေတာ့ ဂီတေလာကမွာ ဆယ္စုႏွစ္တစုေက်ာ္ၾကာ ပရိသတ္ေတြ အားေပးမႈအခိုင္အမာ ရရွိထားတဲ့ အိုင္ရင္းဇင္မာျမင့္ရဲ႕ သီဆိုေဖ်ာ္ေျဖမႈကို ပရိသတ္ ေတြက ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။

အိုင္ရင္းဇင္မာျမင့္ဟာ သီခ်င္း ခ်ိဳခ်ိဳေအးေအးေတြေရာ၊ ခပ္ျမဴးျမဴးသီခ်င္းေတြနဲ႔ပါ ပရိသတ္ကို ဖမ္းစားထားႏိုင္တဲ့ ေတးသံရွင္တဦးျဖစ္ပါတယ္။

နာမည္ႀကီး အဆိုေတာ္မ်ားစြာ ေမြးထုတ္ေပးခဲ့တဲ့ The Best Of Melody World 2018 သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲ ေရာက္ရွိလာခဲ့တဲ့ အိုင္ရင္း ဇင္မာျမင့္ဟာ အတြဲသီခ်င္းအယ္လ္ဘမ္ေတြ၊ အုပ္စုလိုက္သီခ်င္းအယ္လ္ဘမ္ေတြ အျပင္ တကိုယ္ေတာ္ ေတးသီခ်င္းအယ္လ္ဘမ္ေတြျဖစ္တဲ့ ယိမ္းလိုက္၊ ခ်စ္လို႔၊ MAR စတဲ့ အယ္လ္ဘမ္ ၃ ခ်ပ္ထြက္ရွိခဲ့ၿပီး ေအာင္ျမင္ေနသူ ျဖစ္ပါတယ္။

အိုင္ရင္းဇင္မာျမင့္ရဲ႕ ႏွလုံးသား အရင္းအႏွီး သီခ်င္းဟာဆိုရင္ ၂၀၁၃ ခုႏွစ္၊ ေ႐ႊအက္ဖ္အမ္က ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ ပရိသတ္ေတာင္းဆိုမႈ အမ်ားဆုံးသီခ်င္းဆုအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ခ်မ္းခ်မ္း၊ ဇမ္ႏူးတို႔နဲ႔ တြဲၿပီး ထြက္ရွိခဲ့တဲ့ အခ်စ္ထက္မက၊ ျမင့္ျမတ္၊ ေကာင္း ေကာင္းတို႔နဲ႔ တြဲၿပီး ထြက္ရွိခဲ့တဲ့ ဘဝတေကြ႕စတဲ့ အတြဲသီခ်င္းအယ္လ္ဘမ္ေတြဟာ လည္း သူ႔ရဲ႕ မွတ္တိုင္ေတြ ျဖစ္ခဲ့ပါတယ္။

သူဟာ ၂၀၁၈ ခုႏွစ္မွာ ေနာက္ဆုံးထြက္ရွိခဲ့တဲ့ MAR ေတးအယ္လ္ဘမ္နဲ႔ တႏွစ္တာအတြင္း ဂီတထူးခြၽန္ဆုေတြ ေပးအပ္ခ်ီးျမႇင့္တဲ့ စီးတီးအက္ဖ္အမ္ရဲ႕ ဆုခ်ီးျမႇင့္ပြဲမွာ ေရာင္းအား အေကာင္းဆုံး စတီရီယိုေတးစီးရီးသီဆိုသူ(အမ်ိဳးသမီး)ေတးသံရွင္ဆုကို ဆြတ္ခူးရွိခဲ့တာ ျဖစ္ပါတယ္။

ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ Blue Mark ရရွိထားတဲ့ အိုင္ရင္းဇင္မာျမင့္ဟာ ပရိသတ္ (Followers) ၆ သိန္းနီးပါးရွိေနၿပီး ထင္ရွားသူတဦးျဖစ္ၿပီး လာမယ့္ စေနေန႔မွာ က်င္းပမယ့္ တကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခ်င္တဲ့ ပရိသတ္ေတြအေနနဲ႔ လက္မွတ္ေတြကို က်ပ္ ၁၅၀၀၀ နဲ႔ ဝယ္ယူၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013