DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း လူပေါင်း ၁၃၀၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ၆၈ ဦးသေဆုံး
DVB
·
September 5, 2019
နိုင်ငံတဝန်း လူပေါင်း ၁၃၀၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ၆၈ ဦးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လအထိ တနိုင်ငံလုံးမှာ လူပေါင်း ၁၃၀၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ်ခဲ့ပြီး ၆၈ ယောက်သေခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီး ဇွန်လ ၂၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၇၀၀ ကျော်ရှိပြီး သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောဆိုခဲ့တာကြောင့် ဇူလိုင်၊ သြဂုတ် ၂ လတည်းမှာတင် လပေါင်း ၇၃၀၀ ကျော်ထပ်ဖြစ်ပြီး ၅၀ လောက်သေဆုံးခဲ့တာပါ။

ဇွန်လ နောက်ဆုံးပတ်ထဲမှာ လူပေါင်း ၉၀၀ သွေးလွန်တုပ်ကွေးဖြစ်ခဲ့ပြီး မနှစ်က ဖြစ်တာထက် ပိုများနေတယ်လို့လည်း ဆိုပါတယ်။

အဖြစ်အများဆုံးဒေသတွေကတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။

ဖြစ်တာများတာက ဧရာဝတီတိုင်းဖြစ်ပြီး ၂၃၅၀ ယောက်ဖြစ်တာမှာ ၈ ယောက်သေခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာတော့ သေနှုန်း အများဆုံးဖြစ်ပြီး ၂၀၃၁ ယောက် ဖြစ်တာမှာ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးဟာ အရင်က အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပေမယ့် ခုတော့ အသက်အရွယ်မရွေးဖြစ်နေပြီး အေဒီးစ်ခြင်ကျားကိုက်ခံရတာကြောင့် ဖြစ်ပါတယ်။ 

ဒီရောဂါဟာ မိုးရာသီမှာ အဖြစ်များပေမယ့် တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်လုံးဖြစ်တတ်ပါတယ်။ အခုဖြစ်တာမှာတော့ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များနေပြီး ဖြစ်ပွားသူစုစုပေါင်းရဲ့ ထက်ဝက်လောက်ရှိနေပါတယ်။

ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

စိုးရိမ်ရတဲ့လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန်ရုတ်တရက်ကျသွားတာတွေ ဖြစ်ပြီး ဆေးရုံ ဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကို ကာကွယ်နိုင်ဖို့အတွက်ကတော့ ခြင်မကိုက်အောင် နေဖို့နဲ့ ခြင်ကိုနှိမ်နင်းဖို့ လိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ သွေးလွန်တုပ်ကွေးကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။




ႏိုင္ငံတဝန္း လူေပါင္း ၁၃၀၀၀ ေက်ာ္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြား ၆၈ ဦးေသဆုံး
ပိုင္စိုး

ၿပီးခဲ့တဲ့ ၾသဂုတ္လအထိ တႏိုင္ငံလုံးမွာ လူေပါင္း ၁၃၀၀၀ ေက်ာ္ ေသြးလြန္တုပ္ေကြးျဖစ္ခဲ့ၿပီး ၆၈ ေယာက္ေသခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကေနစၿပီး ဇြန္လ ၂၉ ရက္ေန႔အထိ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၅၇၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ အေယာက္ ၂၀ ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တာဝန္ရွိသူတေယာက္က ေျပာဆိုခဲ့တာေၾကာင့္ ဇူလိုင္၊ ၾသဂုတ္ ၂ လတည္းမွာတင္ လေပါင္း ၇၃၀၀ ေက်ာ္ထပ္ျဖစ္ၿပီး ၅၀ ေလာက္ေသဆုံးခဲ့တာပါ။

ဇြန္လ ေနာက္ဆုံးပတ္ထဲမွာ လူေပါင္း ၉၀၀ ေသြးလြန္တုပ္ေကြးျဖစ္ခဲ့ၿပီး မႏွစ္က ျဖစ္တာထက္ ပိုမ်ားေနတယ္လို႔လည္း ဆိုပါတယ္။

အျဖစ္အမ်ားဆုံးေဒသေတြကေတာ့ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔ ျဖစ္ပါတယ္။

ျဖစ္တာမ်ားတာက ဧရာဝတီတိုင္းျဖစ္ၿပီး ၂၃၅၀ ေယာက္ျဖစ္တာမွာ ၈ ေယာက္ေသခဲ့ပါတယ္။ ရန္ကုန္တိုင္းမွာေတာ့ ေသႏႈန္း အမ်ားဆုံးျဖစ္ၿပီး ၂၀၃၁ ေယာက္ ျဖစ္တာမွာ ၁၉ ေယာက္ ေသဆုံးခဲ့ပါတယ္။

ေသြးလြန္တုပ္ေကြးဟာ အရင္က အသက္ ၁၅ ႏွစ္ေအာက္ေတြမွာ အျဖစ္မ်ားေပမယ့္ ခုေတာ့ အသက္အ႐ြယ္မေ႐ြးျဖစ္ေနၿပီး ေအဒီးစ္ျခင္က်ားကိုက္ခံရတာေၾကာင့္ ျဖစ္ပါတယ္။

ဒီေရာဂါဟာ မိုးရာသီမွာ အျဖစ္မ်ားေပမယ့္ တခ်ိဳ႕ တိုင္းနဲ႔ ျပည္နယ္ေတြမွာေတာ့ တႏွစ္လုံးျဖစ္တတ္ပါတယ္။ အခုျဖစ္တာမွာေတာ့ အသက္ ၅ ႏွစ္ကေန ၉ ႏွစ္အ႐ြယ္ကေလးေတြမွာ အျဖစ္မ်ားေနၿပီး ျဖစ္ပြားသူစုစုေပါင္းရဲ႕ ထက္ဝက္ေလာက္ရွိေနပါတယ္။

ၿပီးေတာ့ ေသြးလြန္တုပ္ေကြးဟာ ရာသီအကူးအေျပာင္းမွာ ျဖစ္တတ္တဲ့ တုပ္ေကြးလကၡဏာ ေတြနဲ႔ မကြာျခားလို႔ ဂ႐ုစိုက္ဖို႔လိုတယ္လို႔ က်န္းမာေရးဌာနက သတိေပးထားပါတယ္။

စိုးရိမ္ရတဲ့လကၡဏာေတြကေတာ့ ၂ ရက္ကေန ၇ ရက္ေလာက္အထိဖ်ားၿပီး ဂနာမၿငိမ္ ျဖစ္တာ၊ မွိန္းတာ၊ ေျခလက္ ေအးစက္တာ၊ အစာ/ေရ မဝင္ေလာက္ေအာင္ အန္တာ၊ ေကာ္ဖီေရာင္အရည္ အန္တာ၊ ဝမ္းမည္းမည္းသြားတာ၊ ကိုယ္ပူခ်ိန္႐ုတ္တရက္က်သြားတာေတြ ျဖစ္ၿပီး ေဆး႐ုံ ေဆးခန္းကို အျမန္ဆုံးသြားဖို႔ တိုက္တြန္းထားပါတယ္။ ေရာဂါကို ကာကြယ္ႏိုင္ဖို႔အတြက္ကေတာ့ ျခင္မကိုက္ေအာင္ ေနဖို႔နဲ႔ ျခင္ကိုႏွိမ္နင္းဖို႔ လိုပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကေတာ့ ေသြးလြန္တုပ္ေကြးေၾကာင့္ တႏိုင္ငံလုံးမွာ လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013