DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတနှင့် ဇနီးတို့  ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် 
DVB
·
September 5, 2019
တောင်ကိုရီးယားသမ္မတနှင့် ဇနီးတို့  ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော် 
1 / 3
Donate to DVB

မြန်မာနိုင်ငံကို ၃ရက်တာ တရားဝင်  ချစ်ကြည်ရေးခရီးအဖြစ် အလည်အပတ်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ စက်တင်ဘာ ၄ရက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ကိုရီးယားသမ္မတနဲ့ ဇနီးတို့ဟာ အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြုကြပြီးနောက် ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ကြတာပါ။   

သမ္မတ မွန်ဂျေအန်းဟာ အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုမှာ ကျဆုံးသွားတဲ့ ကိုရီးယား သမ္မတနိုင်ငံက အာဇာနည် ပုဂ္ဂိုလ်တွေအထိမ်းအမှတ် (Aung San Mausoleum Korean Martyrs Memorial) ကိုလည်း သွားရောက်ဂါရ၀ပြု လွမ်းသူ့ပန်းခွေချ ဆုတောင်းခဲ့ကြပါတယ်။

သမ္မတ မွန်ဂျေအင်းဟာ  စက်တင်ဘာ ၃ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး  ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့သီးခြားဆီတွေ့ဆုံခဲ့ပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ချစ်ကြည်ရေး ခရီးစဉ်မှာ မြန်မာနဲ့တောင်ကိုရီးယားနှစ်နိုင်ငံဟာ ပြည်သူကို ဗဟိုပြုတဲ့ ငြိမ်းချမ်းရေး၊ ကြွယ်ဝမှုတို့ကို တန်ဖိုးထားကြောင်း အပြန်အလှန် အတည်ပြုပြီးဒီတန်ဖိုးထားမှုအပေါ် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် ပညာရေး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ယဉ်ကျေးမှုကဏ္ဍနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ၊ နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အကူအညီပေးရေးစတဲ့ ကဏ္ဍတွေနဲ့သက်ဆိုင်တဲ့နားလည်မှုစာချွန်လွှာ(MoU) ခြောက်ခုကို မြန်မာ-ကိုရီးယားခေါင်းဆာင် နှစ်ဦးရှေ့မှောက်မှာ လက်မှတ် ရေးထိုးလဲလှယ်ခဲ့ပါတယ်။ 

၁၉၈၃ ခုနှစ် အာဇာနည်ကုန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ဟာ ၂၀၁၂ ခုနှစ်က နိုင်ငံတော်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။

 အခု သမ္မတ မွန်ဂျေအန်း လာရောက်တဲ့ ခရီးစဉ်ကတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသမ္မတ တဦး မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဓာတ်ပုံ- MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013