DVB Logo
Home
မြန်မာသတင်း
ဝင်းနှင့်ဇော်တို့ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထိုင်းအကျဉ်းထောင်တွင်တွေ့ဆုံအားပေး
DVB
·
September 4, 2019
ဝင်းနှင့်ဇော်တို့ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထိုင်းအကျဉ်းထောင်တွင်တွေ့ဆုံအားပေး
Donate to DVB

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ၂ ယောက်ကို ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်မှာ မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦးက သွားရောက်တွေ့ဆုံ အားပေးခဲ့ ပါတယ်။

မနေ့ နေ့လယ်ပိုင်းက နာရီဝက်ကြာတွေ့ဆုံခဲ့တာဖြစ်ပြီး နိုင်ငံတော် အစိုးရအနေနဲ့ ထိုင်းဘုရင်မင်းမြတ်ဆီကို အယူခံဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကူညီဆောင်ရွက်ပေးဖို့ ပြောကြားထားတယ်လို့ အားပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါ တယ်။

ဘန်ခွမ်ဗဟို အကျဉ်းထောင် ညွှန်ကြားရေးမှူးကလည်း အကျဉ်းသား နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့အပြင် ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ကျန်းမာရေး အခြေအနေလည်းကောင်းမွန်တယ်လို့ ရှင်းလင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလတုန်းက ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သေဒဏ်ချမှတ်ခဲ့ပြီး တရားရုံးချုပ်မှာ နောက်ဆုံးအယူခံလည်း ရှုံးနိမ့်ထားပါတယ်။




ဝင္းႏွင့္ေဇာ္တို႔ကို ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ထိုင္းအက်ဥ္းေထာင္တြင္ေတြ႕ဆုံအားေပး
DVB

ထိုင္းႏိုင္ငံ၊ လိပ္ကြၽန္းလူသတ္မႈနဲ႔ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလူငယ္ ၂ ေယာက္ကို ထိုင္းႏိုင္ငံ၊ ႏြန္ဌာဘူရီခ႐ိုင္၊ ဘန္ခြမ္ဗဟို အက်ဥ္းေထာင္မွာ ျမန္မာ့တပ္မေတာ္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက သြားေရာက္ေတြ႕ဆုံ အားေပးခဲ့ ပါတယ္။

မေန႔ ေန႔လယ္ပိုင္းက နာရီဝက္ၾကာေတြ႕ဆုံခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ ထိုင္းဘုရင္မင္းျမတ္ဆီကို အယူခံဝင္ႏိုင္ေရးအတြက္ ကူညီေဆာင္႐ြက္ေပးေနသလို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကလည္း ထိုင္းႏိုင္ငံ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံၿပီး ကူညီေဆာင္႐ြက္ေပးဖို႔ ေျပာၾကားထားတယ္လို႔ အားေပးခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါ တယ္။

ဘန္ခြမ္ဗဟို အက်ဥ္းေထာင္ ၫႊန္ၾကားေရးမႉးကလည္း အက်ဥ္းသား ႏွစ္ေယာက္ကို ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းထားတဲ့အျပင္ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ရဲ႕ က်န္းမာေရး အေျခအေနလည္းေကာင္းမြန္တယ္လို႔ ရွင္းလင္းေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ထိုင္းႏိုင္ငံ လိပ္ကြၽန္းမွာ ၂ဝ၁၄ ခုႏွစ္၊ စက္တင္ဘာလတုန္းက ၿဗိတိန္ႏိုင္ငံသား ၂ ေယာက္ အသတ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ျမန္မာအလုပ္သမား ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ကို ေသဒဏ္ခ်မွတ္ခဲ့ၿပီး တရား႐ုံးခ်ဳပ္မွာ ေနာက္ဆုံးအယူခံလည္း ရႈံးနိမ့္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013