DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ်များအပါအဝင် လူပေါင်း ၄၆ ဦး လူကုန်ကူးခံရ
DVB
·
September 4, 2019
မိန်းကလေးငယ်များအပါအဝင် လူပေါင်း ၄၆ ဦး လူကုန်ကူးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ  ပြီးခဲ့တဲ့သြဂုတ်လအတွင်း ကလေးငယ်တွေအပါအဝင် လူကုန်ကူးခံရတာ ၄၆ ယောက်ရှိခဲ့တယ်လို့  လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က သိရပါတယ်။

ဒါဟာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးမှုစာရင်းဖြစ်ပြီး အမှု ၂၇ မှုမှာ အမျိုးသမီး ၅၂ ယောက် အပါအဝင် တရားခံပေါင်း ၇၃ ယောက်ဖမ်းဆီးမိခဲ့ပါတယ်။ ယောက်ျားလေး ၁ ယောက်နဲ့ မိန်းကလေး ၁၃ ယောက်အပါအဝင် လူပေါင်း ၄၆ ယောက် လူကုန်ကူးခံခဲ့ရတာဖြစ်ပါတယ်။

ဒီထဲက ၂၁ မှုဟာ အဓမ္မလက်ထပ်ဖို့အတွက် တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတာဖြစ်ပြီး ပြည်တွင်းမှာပဲ အဓမ္မမွေးစားမှု ၁ မှု၊ ခိုင်းစေမှု ၁ မှုနဲ့ ပြည့်တန်ဆာမှု ၂ မှုအတွက် လူကုန်ကူးခံခဲ့ကြရသလို ထိုင်းနိုင်ငံမှာ အဓမ္မခိုင်းစေမှုတခုရှိခဲ့ပါတယ်။

ဒီအမှုဖြစ်ခဲ့တဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်မှာ ၈ မှု၊ ရန်ကုန်တိုင်း ၇ မှု၊ ဧရာဝတီတိုင်း ၄ မှု၊ ကချင်နဲ့ မန္တလေးတိုင်းမှာ ၃ ခုစီ၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ၁ မှုစီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေလူကုန်ကူးခံရတဲ့အကြောင်း စစ်တမ်းတခုမှာတော့ ၂၀၁၇ ခုနှစ်က လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ်ကနေ မြန်မာအမျိုးသမီးလုပ်သား ၆၅၀၀၀ ပြန်လာခဲ့ပြီး အမျိုးသမီး ၁၀၄၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရသလို အမျိုးသမီး ၂၈၀၀ ကတော့ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေတာ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။




မိန္းကေလးငယ္မ်ားအပါအဝင္ လူေပါင္း ၄၆ ဦး လူကုန္ကူးခံရ
DVB

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္း ကေလးငယ္ေတြအပါအဝင္ လူကုန္ကူးခံရတာ ၄၆ ေယာက္ရွိခဲ့တယ္လို႔ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သိရပါတယ္။

ဒါဟာ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တဲ့ လူကုန္ကူးမႈစာရင္းျဖစ္ၿပီး အမႈ ၂၇ မႈမွာ အမ်ိဳးသမီး ၅၂ ေယာက္ အပါအဝင္ တရားခံေပါင္း ၇၃ ေယာက္ဖမ္းဆီးမိခဲ့ပါတယ္။ ေယာက္်ားေလး ၁ ေယာက္နဲ႔ မိန္းကေလး ၁၃ ေယာက္အပါအဝင္ လူေပါင္း ၄၆ ေယာက္ လူကုန္ကူးခံခဲ့ရတာျဖစ္ပါတယ္။

ဒီထဲက ၂၁ မႈဟာ အဓမၼလက္ထပ္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံဘက္ကို လူကုန္ကူးခံရတာျဖစ္ၿပီး ျပည္တြင္းမွာပဲ အဓမၼေမြးစားမႈ ၁ မႈ၊ ခိုင္းေစမႈ ၁ မႈနဲ႔ ျပည့္တန္ဆာမႈ ၂ မႈအတြက္ လူကုန္ကူးခံခဲ့ၾကရသလို ထိုင္းႏိုင္ငံမွာ အဓမၼခိုင္းေစမႈတခုရွိခဲ့ပါတယ္။

ဒီအမႈျဖစ္ခဲ့တဲ့ေဒသေတြကေတာ့ ရွမ္းျပည္နယ္မွာ ၈ မႈ၊ ရန္ကုန္တိုင္း ၇ မႈ၊ ဧရာဝတီတိုင္း ၄ မႈ၊ ကခ်င္နဲ႔ မႏၲေလးတိုင္းမွာ ၃ ခုစီ၊ စစ္ကိုင္းနဲ႔ တနသၤာရီတိုင္းမွာ ၁ မႈစီျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးေတြလူကုန္ကူးခံရတဲ့အေၾကာင္း စစ္တမ္းတခုမွာေတာ့ ၂၀၁၇ ခုႏွစ္က လူကုန္ကူးခံရတဲ့ ျမန္မာအမ်ိဳးသမီးေတြရဲ႕ ၇၂ ရာခိုင္ႏႈန္းဟာ တ႐ုတ္ႏိုင္ငံကို ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ၈၀ ရာခိုင္ႏႈန္းအထိျမင့္တက္လာတယ္လို႔ ေဖာ္ျပထားပါတယ္။

၂၀၁၃ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ တ႐ုတ္ကေန ျမန္မာအမ်ိဳးသမီးလုပ္သား ၆၅၀၀၀ ျပန္လာခဲ့ၿပီး အမ်ိဳးသမီး ၁၀၄၀၀ ဟာ တ႐ုတ္အမ်ိဳးသားေတြနဲ႔ လက္ထပ္ခဲ့ရသလို အမ်ိဳးသမီး ၂၈၀၀ ကေတာ့ အဓမၼကိုယ္ဝန္ေဆာင္ခိုင္းေစတာ ခံခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013