DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဖြင့်လာသည့် တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ၁ နှစ်ထပ်တိုးပေး
DVB
·
September 4, 2019
လေယာဉ်ဖြင့်လာသည့် တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ၁ နှစ်ထပ်တိုးပေး
Donate to DVB

မြန်မာပြည်ကို လေကြောင်းနဲ့လာတဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေအတွက် ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက်ဗီဇာ အဖြစ်ပေးနေတာကို တနှစ်ထပ်တိုးပေးလိုက်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

တရုတ်နိုင်ငံရဲ့ ဟောင်ကောင်နဲ့မကာအို အထူးအုပ်ချုပ်ရေးဒေသက ကမ္ဘာလှည့် ခရီးသည်တွေ၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံသားတွေအတွက် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ကင်းလွတ်ခွင့် တနှစ် စမ်းသပ် ပေးထားပြီး လေကြောင်းနဲ့လာတဲ့ တရုတ်နိုင်ငံသားခရီးသည်တွေကိုတော့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) အဖြစ်နဲ့ သတ်မှတ် ဝင်ခွင့်ပြုထားခဲ့တာပါ။

အဲဒီလိုပဲ လေကြောင်းနဲ့လာတဲ့ အိန္ဒိယနိုင်ငံသား ခရီးသည်တွေကိုလည်း ၂၀၁၈ ဒီဇင်ဘာကနေ ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) နဲ့ တနှစ်စမ်းသပ်ခွင့်ပြုခဲ့ပါတယ်။

တောင်ကိုရီးယား ခရီးသွားတွေအတွက်လည်း ဗီဇာကင်းလွတ်ခွင့် သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ပါတယ်။

အခုထုတ်ပြန်ချက်အရ အဲဒီစမ်းသပ်ကာလတွေကို စမ်သပ်ကာလ နောက်ထပ်တနှစ်စီ ထပ်တိုး ပေးလိုက်ပြီး ဗီဇာဆိုင်ရာကိစ္စတွေကိုတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားဦးရေရဲ့ ထက်ဝက်လောက်ဟာ တရုတ် ခရီးသွားတွေဖြစ်ပြီး တခြားနိုင်ငံကခရီးသွားတွေဝင်ရောက်တာလျော့နေချိန်မှာ တရုတ်ခရီးသွားက ၂ ဆကျော် တိုးလာခဲ့တာပါ။

၂၀၁၉ ဇူလိုင်လထဲမှာ စုစုပေါင်းနိုင်ငံခြားသား ၁,၀၅၄,၃၅၀ ယောက် ဝင်ရောက်ခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ) နဲ့မကာအိုက ခရီးသွားတွေ ၄၂၈,၆၅၄ ယောက် ဝင်ရောက်ခဲ့လို့ ထက်ဝက်နီးပါး ရှိနေပါတယ်။

တခြားနိုင်ငံတွေက လာရောက်လာလျော့နည်းသွားပေမယ့် အာရှနိုင်ငံတွေထဲက ကိုရီးယားနဲ့ ဂျပန်တို့ကလည်း သိသိသာသာတိုးလာခဲ့ပါတယ်။

တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံထဲမှာ ငွေကြေးသိပ်မသုံးစွဲတဲ့ ဇီးရိုးဘတ်ဂျတ်လို့ခေါ်တဲ့ စနစ်နဲ့ အများဆုံးဝင်ရောက်လာနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားတွေရဲ့ငွေကြေးသုံးစွဲတာကို စိစစ်သွားမှာ ဖြစ်သလို ငွေကြေး သုံးစွဲမှုအလိုက် ဝန်ဆောင်မှု အခွင့်အရေးတွေကိုပါအဆင့်သတ်မှတ်သွားမယ်လို့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောထားပါတယ်။




ေလယာဥ္ျဖင့္လာသည့္ တ႐ုတ္ခရီးသြားမ်ားအတြက္ ဆိုက္ေရာက္ဗီဇာ ၁ ႏွစ္ထပ္တိုးေပး
ပိုင္စိုး

ျမန္မာျပည္ကို ေလေၾကာင္းနဲ႔လာတဲ့ တ႐ုတ္ႏိုင္ငံသား ခရီးသြားေတြအတြက္ ကမာၻလွည့္ဗီဇာကို ဆိုက္ေရာက္ဗီဇာ အျဖစ္ေပးေနတာကို တႏွစ္ထပ္တိုးေပးလိုက္တယ္လို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ေဟာင္ေကာင္နဲ႔မကာအို အထူးအုပ္ခ်ဳပ္ေရးေဒသက ကမာၻလွည့္ ခရီးသည္ေတြ၊ ဂ်ပန္နဲ႔ ေတာင္ကိုးရီးယားႏိုင္ငံသားေတြအတြက္ ကမာၻလွည့္ဗီဇာ (Tourist Visa) ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာကေန ၂၀၁၉ ခုႏွစ္ စက္တင္ဘာအထိ ကင္းလြတ္ခြင့္ တႏွစ္ စမ္းသပ္ ေပးထားၿပီး ေလေၾကာင္းနဲ႔လာတဲ့ တ႐ုတ္ႏိုင္ငံသားခရီးသည္ေတြကိုေတာ့ ဆိုက္ေရာက္ဗီဇာ (Visa on Arrival) အျဖစ္နဲ႔ သတ္မွတ္ ဝင္ခြင့္ျပဳထားခဲ့တာပါ။

အဲဒီလိုပဲ ေလေၾကာင္းနဲ႔လာတဲ့ အိႏၵိယႏိုင္ငံသား ခရီးသည္ေတြကိုလည္း ၂၀၁၈ ဒီဇင္ဘာကေန ဆိုက္ေရာက္ဗီဇာ(ကမာၻလွည့္) နဲ႔ တႏွစ္စမ္းသပ္ခြင့္ျပဳခဲ့ပါတယ္။
ေတာင္ကိုရီးယား ခရီးသြားေတြအတြက္လည္း ဗီဇာကင္းလြတ္ခြင့္ သက္တမ္း တစ္ႏွစ္ ထပ္မံတိုးျမႇင့္ေပးလိုက္ပါတယ္။

အခုထုတ္ျပန္ခ်က္အရ အဲဒီစမ္းသပ္ကာလေတြကို စမ္သပ္ကာလ ေနာက္ထပ္တႏွစ္စီ ထပ္တိုး ေပးလိုက္ၿပီး ဗီဇာဆိုင္ရာကိစၥေတြကိုေတာ့ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာနရဲ႕ လုပ္ငန္းစဥ္ေတြအတိုင္း ေဆာင္႐ြက္ႏိုင္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံကိုဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားခရီးသြားဦးေရရဲ႕ ထက္ဝက္ေလာက္ဟာ တ႐ုတ္ ခရီးသြားေတြျဖစ္ၿပီး တျခားႏိုင္ငံကခရီးသြားေတြဝင္ေရာက္တာေလ်ာ့ေနခ်ိန္မွာ တ႐ုတ္ခရီးသြားက ၂ ဆေက်ာ္ တိုးလာခဲ့တာပါ။

၂၀၁၉ ဇူလိုင္လထဲမွာ စုစုေပါင္းႏိုင္ငံျခားသား ၁,၀၅၄,၃၅၀ ေယာက္ ဝင္ေရာက္ခဲ့ၿပီး တ႐ုတ္၊ ေဟာင္ေကာင္၊ တ႐ုတ္(တိုင္ေပ) နဲ႔မကာအိုက ခရီးသြားေတြ ၄၂၈,၆၅၄ ေယာက္ ဝင္ေရာက္ခဲ့လို႔ ထက္ဝက္နီးပါး ရွိေနပါတယ္။

တျခားႏိုင္ငံေတြက လာေရာက္လာေလ်ာ့နည္းသြားေပမယ့္ အာရွႏိုင္ငံေတြထဲက ကိုရီးယားနဲ႔ ဂ်ပန္တို႔ကလည္း သိသိသာသာတိုးလာခဲ့ပါတယ္။

တ႐ုတ္ခရီးသြားေတြဟာ ျမန္မာႏိုင္ငံထဲမွာ ေငြေၾကးသိပ္မသုံးစြဲတဲ့ ဇီး႐ိုးဘတ္ဂ်တ္လို႔ေခၚတဲ့ စနစ္နဲ႔ အမ်ားဆုံးဝင္ေရာက္လာေနတာျဖစ္ပါတယ္။

ရန္ကုန္တိုင္းထဲမွာ ဇီး႐ိုးဘတ္ဂ်က္ ခရီးသြားလုပ္ငန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးသြားေတြရဲ႕ေငြေၾကးသုံးစြဲတာကို စိစစ္သြားမွာ ျဖစ္သလို ေငြေၾကး သုံးစြဲမႈအလိုက္ ဝန္ေဆာင္မႈ အခြင့္အေရးေတြကိုပါအဆင့္သတ္မွတ္သြားမယ္လို႔ ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျပာထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013