DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားက မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ချေးငွေပေးအပ် 
DVB
·
September 4, 2019
တောင်ကိုရီးယားက မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ချေးငွေပေးအပ် 
Donate to DVB

သတင်းအချက်အလက် ဗဟိုဌာနကြီးနဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန် စီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံကနေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ချေးယူဖို့ စာချုပ်တွေ လက်မှတ်ထိုးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မနေ့က စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းဟာ Export-Import Bank of Korea က ဒုဥက္ကဋ္ဌ နဲ့အဖွဲ့တို့ကို တွေ့ဆုံခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနက အကောင်အထည်ဖော်မယ့် သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်တဲ့ စီမံကိန်း (e-Government Integrated Data Center eGIDC) အတွက် ကိုရီးယားနိုင်ငံ၊ Economic Development Cooperation Fund (EDCF) က ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းပေးအပ်တာဖြစ်ပါတယ်။

ပြီးတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အကောင်အထည်ဖော်မယ့် ကိုရီးယား-မြန်မာ စက်မှုဇုန် စီမံကိန်းပြင်ပ အခြေခံအဆောက်အအုံ တည်ဆောက်တဲ့ စီမံကိန်းအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ EDCF ချေးငွေအမေရိကန် ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းတို့ရယူခဲ့တယ်လို့ ပြန်ကြားရေးသတင်းက ဆိုပါတယ်။

ဒီချေးငွေတွေဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ EDCF သက်သာတဲ့ချေးငွေ အမေရိကန်ဒေါ်လာ တဘီလီယံ အောက်ကပေးအပ်တာဖြစ်ပြီး ချေးငွေစည်းကမ်းချက်များမှာ အတိုးနှုန်းတနှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၁ ရာခိုင်နှုန်းကို ချေးငွေထုတ်ယူတဲ့ အချိန်မှာ ပေးချေရမှာဖြစ်ပါတယ်။ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်နဲ့ စုစုပေါင်းချေးငွေ သက်တမ်းက နှစ် ၄၀ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်တဲ့ စီမံကိန်းကာလကတော့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အထိ ၃ နှစ်ဖြစ်ပြီး ပင်မအဆောက်အဦ (eGIDC) ကို နေပြည်တော်နဲ့ Disaster Recovery Center (DRC) ကို ရန်ကုန်တိုင်း သန်လျင်မြို့မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ကိုရီးယား-မြန်မာ Industrial Complex (KMIC) စီမံကိန်းကာလကတော့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အထိ ၃ နှစ်ဖြစ်ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်မှာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း မြန်မာနိုင်ငံခရီးစဉ်ရောက်ရှိနေချိန်မှာ ခုလို နှစ်နိုင်ငံ အကြား ချေးငွေဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- MOI




ေတာင္ကိုရီးယားက ျမန္မာကို အေမရိကန္ေဒၚလာ သန္း ၁၅၀ ေက်ာ္ ေခ်းေငြေပးအပ္
ပိုင္စိုး

သတင္းအခ်က္အလက္ ဗဟိုဌာနႀကီးနဲ႔ ကိုရီးယား-ျမန္မာ စက္မႈဇုန္ စီမံကိန္းအတြက္ ေတာင္ကိုရီးယားႏိုင္ငံကေန အေမရိကန္ေဒၚလာ သန္း ၁၅၀ ေက်ာ္ေခ်းယူဖို႔ စာခ်ဳပ္ေတြ လက္မွတ္ထိုးခဲ့တယ္လို႔ အစိုးရျပန္ၾကားေရးက သတင္းထုတ္ျပန္ပါတယ္။

မေန႔က စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ဦးစိုးဝင္းဟာ Export-Import Bank of Korea က ဒုဥကၠ႒ နဲ႔အဖြဲ႕တို႔ကို ေတြ႕ဆုံခဲ့ၿပီးေနာက္ လက္မွတ္ေရးထိုးခဲ့ၾကတာပါ။

ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ သတင္းအခ်က္အလက္ နည္းပညာနဲ႔ ဆိုက္ဘာ လုံၿခဳံေရးဦးစီးဌာနက အေကာင္အထည္ေဖာ္မယ့္ သတင္းအခ်က္အလက္ ဗဟိုဌာနႀကီး တည္ေဆာက္တဲ့ စီမံကိန္း (e-Government Integrated Data Center eGIDC) အတြက္ ကိုရီးယားႏိုင္ငံ၊ Economic Development Cooperation Fund (EDCF) က ေခ်းေငြ အေမရိကန္ေဒၚလာ ၉၃ ဒသမ ၇၇၉ သန္းေပးအပ္တာျဖစ္ပါတယ္။

ၿပီးေတာ့ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ၿမိဳ႕ျပနဲ႔အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနက အေကာင္အထည္ေဖာ္မယ့္ ကိုရီးယား-ျမန္မာ စက္မႈဇုန္ စီမံကိန္းျပင္ပ အေျခခံအေဆာက္အအုံ တည္ေဆာက္တဲ့ စီမံကိန္းအတြက္ ကိုရီးယားသမၼတႏိုင္ငံ၊ EDCF ေခ်းေငြအေမရိကန္ ေဒၚလာ ၆၁ ဒသမ ၈၁၆ သန္းတို႔ရယူခဲ့တယ္လို႔ ျပန္ၾကားေရးသတင္းက ဆိုပါတယ္။

ဒီေခ်းေငြေတြဟာ ကိုရီးယားသမၼတႏိုင္ငံရဲ႕ EDCF သက္သာတဲ့ေခ်းေငြ အေမရိကန္ေဒၚလာ တဘီလီယံ ေအာက္ကေပးအပ္တာျဖစ္ၿပီး ေခ်းေငြစည္းကမ္းခ်က္မ်ားမွာ အတိုးႏႈန္းတႏွစ္လွ်င္ ၀ ဒသမ ၀၁ ရာခိုင္ႏႈန္းျဖစ္ၿပီး ဝန္ေဆာင္ခအျဖစ္ ၀ ဒသမ ၁ ရာခိုင္ႏႈန္းကို ေခ်းေငြထုတ္ယူတဲ့ အခ်ိန္မွာ ေပးေခ်ရမွာျဖစ္ပါတယ္။ ဆိုင္းငံ့ကာလ ၁၅ ႏွစ္၊ ျပန္ဆပ္ကာလ ၂၅ ႏွစ္နဲ႔ စုစုေပါင္းေခ်းေငြ သက္တမ္းက ႏွစ္ ၄၀ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

သတင္းအခ်က္အလက္ ဗဟိုဌာနႀကီး တည္ေဆာက္တဲ့ စီမံကိန္းကာလကေတာ့ ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္ကေန ၂၀၂၁-၂၂ ဘ႑ာေရးႏွစ္အထိ ၃ ႏွစ္ျဖစ္ၿပီး ပင္မအေဆာက္အဦ (eGIDC) ကို ေနျပည္ေတာ္နဲ႔ Disaster Recovery Center (DRC) ကို ရန္ကုန္တိုင္း သန္လ်င္ၿမိဳ႕မွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။

ကိုရီးယား-ျမန္မာ Industrial Complex (KMIC) စီမံကိန္းကာလကေတာ့ ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္ကေန ၂၀၂၁-၂၂ ဘ႑ာေရးႏွစ္အထိ ၃ ႏွစ္ျဖစ္ၿပီး ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ သင္တန္းေက်ာင္း ေျမဧရိယာ ၅၅၈ ဧကေပၚမွာ ေဆာင္႐ြက္မယ္လို႔ ဆိုပါတယ္။

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္း ျမန္မာႏိုင္ငံခရီးစဥ္ေရာက္ရွိေနခ်ိန္မွာ ခုလို ႏွစ္ႏိုင္ငံ အၾကား ေခ်းေငြဆိုင္ရာ သေဘာတူညီခ်က္ေတြ ရရွိခဲ့တာျဖစ္ပါတယ္။
ဓာတ္ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013