DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ်များနှင့်  တောင်သူများအပေါ် စွဲထားသည့်အမှုများ ပြန်ရုပ်သိမ်းရန် တောင်းဆို
DVB
·
September 4, 2019
ကရင်နီလူငယ်များနှင့်  တောင်သူများအပေါ် စွဲထားသည့်အမှုများ ပြန်ရုပ်သိမ်းရန် တောင်းဆို
Donate to DVB

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ကရင်နီလူငယ်တွေနဲ့ မြေယာကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ တောင်သူတွေကို တရားစွဲဆိုမှုကနေ ပြန်လည်ရုပ်သိမ်းပေးဖို့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုက်ရေစီစံနူန်းတွေကို အသိအမှတ်ပြု တန်ဖိုးထား လေးစားဖို့လည်း တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်ရုပ်တုကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက အတင်းအဓမ္မ စိုက်ထူမှုခဲ့တယ်ဆိုပြီး ကယားပြည်နယ်ဝန်ကြီးချူပ် ဦးအလ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို ကရင်နီအမျိုးသားသစ္စာဖောက်၊ နိုင်ငံရေးရာဇဝတ်ကောင်များအဖြင့် ကရင်နီလူငယ် (၆) ဦးက မတ်လမှာ ထုတ်ပြန်ချက်ကြေညာခဲ့ပါတယ်။

ဒီအပေါ် ပြည်နယ်အစိုးရက တရားလိုပြုလုပ်ပြီး နိုင်လွတ်လုံ ပုဒ်မ (၁၀) နဲ့ လူငယ် ၆ ဦးကို တရားစွဲဆိုခဲ့ပြီး ဩဂုတ် ၂၆ ရက်က ၉ ကြိမ်မြောက်ရုံးထုတ်မှာ တရားသူကြီးက တရားစွဲတင်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာတော့ တရားခံပြသက်သေတွေတင်ပြပြီး  ရုံးချိန်း ချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

အလားတူ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာနဲ့ ဒေါမူကလားကျေးရွာက မြေပိုင်ရှင်တောင်သူတွေကို  တပ်မတော် အမတ (၃၆၀) တပ်၊ အမတ (၃၆၅) တပ်နဲ့ ခမရ (၂၅၀) ဘီအီးတပ်တို့က ပုဒ်မ ၄၂၇၊ ၄၄၇ ၊ အကျိုးဖျက်စီးမှု ဥပဒေ ပုဒ်မ  ၆/၁ နဲ့ အမှုဖွင့် ထားရာမှာ အကျဉ်းထောင်မှာ ဖမ်းဆီးထားရသူ (၉) ဦးနဲ့ တရားရင်ဆိုင်နေရသူ (၁၅) ဦး စုစုပေါင်း (၂၄) ဦး ရှိပါတယ်။

အစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ  ကြီးမားတဲ့ အဟန့်အတားဖြစ်စေတဲ့ အတွက် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်းလည်း UKSY က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာလည်း တကျော့ပြန် ပြည်တွင်းစစ် (၈) နှစ်ပြည့်အထိမ်းအမှတ် ပြည်တွင်းစစ်ဘေးရှောင်တွေရဲ့ တေးသရုပ်ဖော် အစီအစဉ်မှာ ဦးဆောင်တဲ့ လူငယ် ၂ ဦးကိုလည်း တပ်မတော်က ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉) နဲ့ တရားစွဲထားပါတယ်။ 




ကရင္နီလူငယ္မ်ားႏွင့္ ေတာင္သူမ်ားအေပၚ စြဲထားသည့္အမႈမ်ား ျပန္႐ုပ္သိမ္းရန္ ေတာင္းဆို
ေနာ္ႏိုရင္း

ကယားျပည္နယ္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္ကိစၥနဲ႔ပတ္သက္လို႔ ဖမ္းဆီး တရားစြဲဆိုခံေနရတဲ့ ကရင္နီလူငယ္ေတြနဲ႔ ေျမယာကိစၥနဲ႔ပတ္သက္လို႔ ဖမ္းဆီးတရားစြဲဆိုခံရတဲ့ ေတာင္သူေတြကို တရားစြဲဆိုမႈကေန ျပန္လည္႐ုပ္သိမ္းေပးဖို႔ ကရင္နီျပည္လူငယ္မ်ားသမဂၢ (UKSY) က ေတာင္းဆိုလိုက္ပါတယ္။

စက္တင္ဘာ ၃ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ေတာင္းဆိုလိုက္တာျဖစ္ၿပီး လူ႔အခြင့္အေရး၊ ႏိုင္ငံသားအခြင့္အေရး၊ ဌာေနတိုင္းရင္းသားအခြင့္အေရးနဲ႔ ဒီမိုက္ေရစီစံႏူန္းေတြကို အသိအမွတ္ျပဳ တန္ဖိုးထား ေလးစားဖို႔လည္း ေတာင္းဆိုထားပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္တုကို ေဒသခံေတြ ကန႔္ကြက္ေနတဲ့ၾကားက အတင္းအဓမၼ စိုက္ထူမႈခဲ့တယ္ဆိုၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဴပ္ ဦးအလ္ေဖာင္းရႈိနဲ႔ စီမံဘ႑ာဝန္ႀကီး ဦးေမာ္ေမာ္တို႔ကို ကရင္နီအမ်ိဳးသားသစၥာေဖာက္၊ ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ားအျဖင့္ ကရင္နီလူငယ္ (၆) ဦးက မတ္လမွာ ထုတ္ျပန္ခ်က္ေၾကညာခဲ့ပါတယ္။

ဒီအေပၚ ျပည္နယ္အစိုးရက တရားလိုျပဳလုပ္ၿပီး ႏိုင္လြတ္လုံ ပုဒ္မ (၁၀) နဲ႔ လူငယ္ ၆ ဦးကို တရားစြဲဆိုခဲ့ၿပီး ဩဂုတ္ ၂၆ ရက္က ၉ ႀကိမ္ေျမာက္႐ုံးထုတ္မွာ တရားသူႀကီးက တရားစြဲတင္ခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာ ၄ ရက္ေန႔မွာေတာ့ တရားခံျပသက္ေသေတြတင္ျပၿပီး ႐ုံးခ်ိန္း ခ်ိန္းျပန္လည္ခ်ိန္းဆိုထားပါတယ္။

အလားတူ လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်း႐ြာနဲ႔ ေဒါမူကလားေက်း႐ြာက ေျမပိုင္ရွင္ေတာင္သူေတြကို တပ္မေတာ္ အမတ (၃၆၀) တပ္၊ အမတ (၃၆၅) တပ္နဲ႔ ခမရ (၂၅၀) ဘီအီးတပ္တို႔က ပုဒ္မ ၄၂၇၊ ၄၄၇ ၊ အက်ိဳးဖ်က္စီးမႈ ဥပေဒ ပုဒ္မ ၆/၁ နဲ႔ အမႈဖြင့္ ထားရာမွာ အက်ဥ္းေထာင္မွာ ဖမ္းဆီးထားရသူ (၉) ဦးနဲ႔ တရားရင္ဆိုင္ေနရသူ (၁၅) ဦး စုစုေပါင္း (၂၄) ဦး ရွိပါတယ္။

အစိုးရနဲ႔ ျမန္မာ့တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္နဲ႔ ဖက္ဒရယ္ဒီမိုကေရစီတည္ေဆာက္ေရးလုပ္ငန္းစဥ္မွာ ႀကီးမားတဲ့ အဟန႔္အတားျဖစ္ေစတဲ့ အတြက္ ျပင္းထန္စြာကန႔္ကြက္ ရႈတ္ခ်ေၾကာင္းလည္း UKSY က ထုတ္ျပန္ထားပါတယ္။

ကခ်င္ျပည္နယ္မွာလည္း တေက်ာ့ျပန္ ျပည္တြင္းစစ္ (၈) ႏွစ္ျပည့္အထိမ္းအမွတ္ ျပည္တြင္းစစ္ေဘးေရွာင္ေတြရဲ႕ ေတးသ႐ုပ္ေဖာ္ အစီအစဥ္မွာ ဦးေဆာင္တဲ့ လူငယ္ ၂ ဦးကိုလည္း တပ္မေတာ္က ၿငိမ္းစုစီ ဥပေဒ ပုဒ္မ (၁၉) နဲ႔ တရားစြဲထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013