Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၇ စီး မီးရှို့ခံရ
နန်းမြနဒီ
·
September 4, 2019
69906192_754045961720523_6164075550697586688_n
69755050_754045555053897_5134481674058334208_n
69736970_754045741720545_6941672872762933248_n
69733094_754045668387219_7115678348864389120_n
69705653_754045815053871_8941284009397190656_n
69628439_754045861720533_8796822187395776512_n
69481676_754045705053882_2613981714128568320_n
69464689_754045778387208_2459527904116080640_n
69435731_754045628387223_5330642472668233728_n
69386283_754045598387226_2294410781229318144_n
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ထဲရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယမန်နေ့ညက ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေအပါအဝင် စုစုပေါင်း ကား ၇ စီး မီးရှို့ခံရပြီး ကားပေါ်တင်လာတဲ့ပစ္စည်းတွေပါ  ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ကွတ်ခိုင်မှအထွက် နမ့်ကွတ်ကျေးရွာ ကျန်းမာရေးရုံးနားမှာ ယမန်နေ့ညက ကားတွေ မီးရှို့ခံရပြီး ကားသမားနဲ့ခရီးသည်တွေ အိမ်ပြန်လို့မရတော့ကြောင်း ဆက်သွယ်အကြောင်းကြား လာတဲ့အတွက် ဒီကနေ့မနက်စောစောမှာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ကား ၇ စီးနဲ့ သွားကယ်ခဲ့ကြတယ်လို့ သီပေါနယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါ တယ်။ “ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ကားမီးရှို့ခံရတဲ့ ကားသမားနဲ့ ခရီးသည်တွေကို သွားရောက်ပြီးတော့ ခေါ်ထုတ်ခဲ့ပါတယ်။ မီးရှို့ခံရတဲ့ကားတွေက ၁၂ ဘီးကားက ၄ စီးပါတယ်။ အေဒီဗန်ကား ၁ စီးရယ်၊ ခရီးသည်တင်ကားဟိုက်အေ့စ် ၁ စီး၊ ခွေးဘလူးကား ၁ စီးပါတယ်။ အဲဒီကားက လူပေါင်း ၂၀ ကျော်ကို ကွတ်ခိုင်မြို့ကိုခေါ်ခဲ့ပြီး ပရဟိတရုံးမှာ နံနက်စာကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ပြီးတော့ သူတို့လိုရာ ခရီးဆက်လက်ပို့ဆောင်ပေးဖို့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်ခင်ဗျ။” ကားမီးရှို့ခံရသူတွေကို သွားကူတဲ့အထဲမှာ သီပေါနယ်စည်းမခြားပရဟိတအဖွဲ့၊ ကွတ်ခိုင်လူမှုကူညီရေးကွန်ရက်အဖွဲ့နဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပါဝင်ပါတယ်။ အဆိုပါကားတွေဟာ ယမန်နေ့ညကတည်းက မီးရှို့ခံရတာဖြစ်ပြီး ညတွင်းချင်းသွားကူဖို့ အဆင်မပြေတာနဲ့ ဒီနေ့မနက်မှာမှ သွားကူတာဖြစ်ကြောင်း၊ မနေ့ညကတော့ သူတို့တွေဟာ အဲဒီ အနားရှိကျေးရွာတွေမှာဘဲ တည်းခိုခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကွတ်ခိုင် အခြေစိုက်က ဦးစီးဖြစ်သူ ကိုထားက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညက သတင်းရပေမယ့် ထိတွေ့မှုတွေလည်းရှိနေတော့ ကနေ့မနက်မှ သွားခေါ်ရ ပါတယ်။ မနေ့ညက ကျနော်တို့လည်းသွားလို့မရတော့ သူတို့လူလွတ်ပြေးခဲ့ရတယ်။ ပိုက်ဆံလည်း မရှိ ဖုန်းတွေလည်း မရှိတော့ဘူး။ အဲဒါကို အနီးနားရွာသားတွေကခေါ်ပြီးတော့ သူတို့အိမ်မှာတည်း ခိုင်းထားပါတယ်။ သူတို့ကားကို တားပြီးမီးရှို့ တဲ့လူတွေက မှောင်ထဲမှာဆိုတော့ ဘယ်အဖွဲ့မှန်း မသိဘူး။ စကားကိုအသံဝဲ၀ဲနဲ့ ပြောတယ် မင်းတို့ကောင်တွေ ဘယ်လိုလဲ တော်တော်သတ္တိရှိပါလား။ ဒီလမ်းပိတ်ထားတယ်ဆိုတာ မသိဘူးလားလို့ပြောတယ်။ ပြီးတော့ ကားပေါ်က အကုန်ဆင်း ခိုင်းတယ်။ သူတို့လည်း ရတဲ့အထုတ်လေးဆွဲပြီးဆင်းလာတာ၊ သူတို့ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ တောင်းထားတယ်။ အဲဒီထဲမှာ မှတ်ပုံတင်တွေရော အကုန်ပါသွားတာ။ တချို့ဆို ဘာမှမ ရလိုက်ဘူး အဝတ်တည်ကိုယ်တခုပဲ။ ကံကောင်းလို့ သူတို့ခြုံထဲပစ်ထားတဲ့ ဖုန်း ၂ ခုတော့ ပြန်ရလိုက်တယ်၊ အဲဒါနဲ့  ကျနော်တို့ကို ဆက်သွယ်တာ ” ခရီးသွားတွေထဲမှာ နယ်ပေါင်းစုံက ပါဝင်ပြီး လောလောဆယ် သူတို့လိုရာခရီးကို ပို့ဆောင်ပေးဖို့၊ မှတ်ပုံတင်မရှိတော့တဲ့အတွက် အထောက်အထား၊ ထောက်ခံစာတွေ ပြန်လုပ်ပေးဖို့ သက်ဆိုင်ရာနဲ့ စီစဉ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်း ခရီးသွားပြည်သူတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ သွားလာခြင်းမပြုဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။  သတိပေးစာ ထုတ်ပြန်ပြီး နောက်တနေ့ သြဂုတ် ၂၉ ရက်နေ့မှာ သိန္နီမြို့နယ် နမ့်ဖတ်လွန်းရွာနား ပြည်ထောင်စုကားလမ်းမကြီးပေါ်က ၁၂ ဘီးကား ၁ စီးမီးရှို့ခံရပြီး ယာဉ်မောင်းဖြစ်သူလည်း အရိုက်ခံရကာ ဖုန်းပါ အသိမ်းခံခဲ့ရပါတယ်။  သြဂုတ် ၃၀ ရက်နေ့မှာတော့ သိန္နီမြို့နယ် ပန်ဖတ်ကျေးရွာအနီးမှာ နောက်ထပ် မော်တော်ကား ၃ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့ မီးရှို့ခံခဲ့ရပါတယ်။ ဓာတ်ပုံများ- Sai Kyaw Hlaing‎
ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ကား ၇ စီး မီးရႈိ႕ခံရ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ယမန္ေန႔ညက ခရီးသည္တင္ယာဥ္နဲ႔ ကုန္တင္ယာဥ္ေတြအပါအဝင္ စုစုေပါင္း ကား ၇ စီး မီးရႈိ႕ခံရၿပီး ကားေပၚတင္လာတဲ့ပစၥည္းေတြပါ ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။ ကြတ္ခိုင္မွအထြက္ နမ့္ကြတ္ေက်း႐ြာ က်န္းမာေရး႐ုံးနားမွာ ယမန္ေန႔ညက ကားေတြ မီးရႈိ႕ခံရၿပီး ကားသမားနဲ႔ခရီးသည္ေတြ အိမ္ျပန္လို႔မရေတာ့ေၾကာင္း ဆက္သြယ္အေၾကာင္းၾကား လာတဲ့အတြက္ ဒီကေန႔မနက္ေစာေစာမွာ ပရဟိတအဖြဲ႕ေတြ စုေပါင္းၿပီး ကား ၇ စီးနဲ႔ သြားကယ္ခဲ့ၾကတယ္လို႔ သီေပါနယ္စည္းမျခားပရဟိတအဖြဲ႕ ဥကၠ႒ ကိုမ်ိဳးက ဒီဗြီဘီကို ေျပာပါ တယ္။ “ဒီေန႔မနက္ ၆ နာရီေက်ာ္ေလာက္မွာ ကားမီးရႈိ႕ခံရတဲ့ ကားသမားနဲ႔ ခရီးသည္ေတြကို သြားေရာက္ၿပီးေတာ့ ေခၚထုတ္ခဲ့ပါတယ္။ မီးရႈိ႕ခံရတဲ့ကားေတြက ၁၂ ဘီးကားက ၄ စီးပါတယ္။ ေအဒီဗန္ကား ၁ စီးရယ္၊ ခရီးသည္တင္ကားဟိုက္ေအ့စ္ ၁ စီး၊ ေခြးဘလူးကား ၁ စီးပါတယ္။ အဲဒီကားက လူေပါင္း ၂၀ ေက်ာ္ကို ကြတ္ခိုင္ၿမိဳ႕ကိုေခၚခဲ့ၿပီး ပရဟိတ႐ုံးမွာ နံနက္စာေကြၽးေမြး ေစာင့္ေရွာက္ထားပါတယ္။ ၿပီးေတာ့ သူတို႔လိုရာ ခရီးဆက္လက္ပို႔ေဆာင္ေပးဖို႔ တာဝန္ရွိသူေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါတယ္ခင္ဗ်။” ကားမီးရႈိ႕ခံရသူေတြကို သြားကူတဲ့အထဲမွာ သီေပါနယ္စည္းမျခားပရဟိတအဖြဲ႕၊ ကြတ္ခိုင္လူမႈကူညီေရးကြန္ရက္အဖြဲ႕နဲ႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ေတြ ပါဝင္ပါတယ္။ အဆိုပါကားေတြဟာ ယမန္ေန႔ညကတည္းက မီးရႈိ႕ခံရတာျဖစ္ၿပီး ညတြင္းခ်င္းသြားကူဖို႔ အဆင္မေျပတာနဲ႔ ဒီေန႔မနက္မွာမွ သြားကူတာျဖစ္ေၾကာင္း၊ မေန႔ညကေတာ့ သူတို႔ေတြဟာ အဲဒီ အနားရွိေက်း႐ြာေတြမွာဘဲ တည္းခိုခဲ့တယ္လို႔ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ကြတ္ခိုင္ အေျခစိုက္က ဦးစီးျဖစ္သူ ကိုထားက ဒီဗြီဘီကို ေျပာပါတယ္။ “မေန႔ညက သတင္းရေပမယ့္ ထိေတြ႕မႈေတြလည္းရွိေနေတာ့ ကေန႔မနက္မွ သြားေခၚရ ပါတယ္။ မေန႔ညက က်ေနာ္တို႔လည္းသြားလို႔မရေတာ့ သူတို႔လူလြတ္ေျပးခဲ့ရတယ္။ ပိုက္ဆံလည္း မရွိ ဖုန္းေတြလည္း မရွိေတာ့ဘူး။ အဲဒါကို အနီးနား႐ြာသားေတြကေခၚၿပီးေတာ့ သူတို႔အိမ္မွာတည္း ခိုင္းထားပါတယ္။ သူတို႔ကားကို တားၿပီးမီးရႈိ႕ တဲ့လူေတြက ေမွာင္ထဲမွာဆိုေတာ့ ဘယ္အဖြဲ႕မွန္း မသိဘူး။ စကားကိုအသံဝဲ၀ဲနဲ႔ ေျပာတယ္ မင္းတို႔ေကာင္ေတြ ဘယ္လိုလဲ ေတာ္ေတာ္သတၱိရွိပါလား။ ဒီလမ္းပိတ္ထားတယ္ဆိုတာ မသိဘူးလားလို႔ေျပာတယ္။ ၿပီးေတာ့ ကားေပၚက အကုန္ဆင္း ခိုင္းတယ္။ သူတို႔လည္း ရတဲ့အထုတ္ေလးဆြဲၿပီးဆင္းလာတာ၊ သူတို႔ဖုန္းနဲ႔ ပိုက္ဆံအိတ္ေတြ ေတာင္းထားတယ္။ အဲဒီထဲမွာ မွတ္ပုံတင္ေတြေရာ အကုန္ပါသြားတာ။ တခ်ိဳ႕ဆို ဘာမွမ ရလိုက္ဘူး အဝတ္တည္ကိုယ္တခုပဲ။ ကံေကာင္းလို႔ သူတို႔ၿခဳံထဲပစ္ထားတဲ့ ဖုန္း ၂ ခုေတာ့ ျပန္ရလိုက္တယ္၊ အဲဒါနဲ႔ က်ေနာ္တို႔ကို ဆက္သြယ္တာ ” ခရီးသြားေတြထဲမွာ နယ္ေပါင္းစုံက ပါဝင္ၿပီး ေလာေလာဆယ္ သူတို႔လိုရာခရီးကို ပို႔ေဆာင္ေပးဖို႔၊ မွတ္ပုံတင္မရွိေတာ့တဲ့အတြက္ အေထာက္အထား၊ ေထာက္ခံစာေတြ ျပန္လုပ္ေပးဖို႔ သက္ဆိုင္ရာနဲ႔ စီစဥ္ေပးေနပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၈ ရက္ေန႔က ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ တပ္ဖြဲ႕ေတြအေနနဲ႔ ရွမ္းျပည္ေျမာက္ပိုင္း ခရီးသြားျပည္သူေတြကို တိုက္ပြဲျဖစ္ပြားေနတဲ့ေနရာ သြားလာျခင္းမျပဳဖို႔ သတိေပးစာထုတ္ျပန္ထားပါတယ္။ သတိေပးစာ ထုတ္ျပန္ၿပီး ေနာက္တေန႔ ၾသဂုတ္ ၂၉ ရက္ေန႔မွာ သိႏၷီၿမိဳ႕နယ္ နမ့္ဖတ္လြန္း႐ြာနား ျပည္ေထာင္စုကားလမ္းမႀကီးေပၚက ၁၂ ဘီးကား ၁ စီးမီးရႈိ႕ခံရၿပီး ယာဥ္ေမာင္းျဖစ္သူလည္း အ႐ိုက္ခံရကာ ဖုန္းပါ အသိမ္းခံခဲ့ရပါတယ္။ ၾသဂုတ္ ၃၀ ရက္ေန႔မွာေတာ့ သိႏၷီၿမိဳ႕နယ္ ပန္ဖတ္ေက်း႐ြာအနီးမွာ ေနာက္ထပ္ ေမာ္ေတာ္ကား ၃ စီးနဲ႔ ဆိုင္ကယ္ ၁ စီးတို႔ မီးရႈိ႕ခံခဲ့ရပါတယ္။ ဓာတၸံုမ္ား- Sai Kyaw Hlaing‎
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024