DVB Logo
Home
မြန်မာသတင်း
မူးယစ်မှောင်ခိုသမား ၁၃ ဦးကို  UWSA တပ်ဖွဲ့က တပ်မတော်ထံ လွှဲပြောင်းအပ်နှံ
DVB
·
September 4, 2019
မူးယစ်မှောင်ခိုသမား ၁၃ ဦးကို  UWSA တပ်ဖွဲ့က တပ်မတော်ထံ လွှဲပြောင်းအပ်နှံ
1 / 3
Donate to DVB

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူ ၁၃ ဦးကို  လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့အတူ UWSA ‘ဝ’ တပ်ဖွဲ့က မြန်မာ့တပ်မတော်ထံ စက်တင်ဘာ ၃ ရက်နေ့မှာ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် လွယ်လန်းဒေသ၊ စစ်ဒေသ ၁၇၁ တပ်မဟာ ၅၁၈ နယ်မြေမှာပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က မူးယစ်ဆေးသယ်ဆောင်တဲ့အတွက် ထိုင်းစစ်တပ်နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ထွက်ပြေးလာတဲ့အဖွဲ့ကို UWSA က ပိတ်ဆို့ဖမ်းဆီး ထိန်းသိမ်းကာ စစ်ဗျူဟာအဖွဲ့အခြေစိုက် (မိုင်းတုံ)ထံ လွှဲပြောင်း အပ်နှံခဲ့တာဖြစ်ပါတယ်။ 

စစ်ဒေသ ၁၇၁ မူးယစ်အထူးတပ်ဖွဲ့မှူး ဦးရန်ကော်ကြုံးက “ကျနော်တို့ ၀ ဒေသမှာ မူးယစ်တိုက်ဖျက်ရေးကို အစဉ်တစိုက်လုပ်နေသလို အထက်လူကြီးတွေကလည်း လမ်းညွှန်မှု အမြဲလုပ်နေတယ်။ အစိုးရတပ်မတော်နဲ့အတူလက်တွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အခုလည်းအောက်ခြေက သတင်းရလို့ ချက်ချင်းပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့တာပါ။ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတာတွေကိုလည်း အားရကျေနပ်မိပါတယ်။ ဆက်လက်ပြီးတော့လည်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်ဆောင်သွားမှာပါ"လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ မယ့်အိုင်ဒေသမှာ မြန်မာနိုင်ငံဘက်က မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ကို ထိုင်းစစ်တပ်က လိုက်လံတိုက်ခိုက်ခဲ့ရာမှ လွယ်လန်းဒေသအတွင်း ထွက်ပြေးလာတဲ့ မူးယစ်ဆေးသယ်ဆောင်လာသူ ၁၄ ဦးနဲ့ လက်နက်ငယ် ၁၁ လက်နက်၊ အရပ်သား ၃၉ ဦးနဲ့ မူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ကနဦး သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ 

စက်တင်ဘာ ၃ ရက်နေ့က တပ်မတော်ကို အပ်နှံရာမှာတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးသယ်ဆောင်သူ ၁၃ ဦးနဲ့အတူ လက်နက်ငယ်မျိုးစုံ ၉ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေအပြင် ကိုးသုံးလုံးတံဆိပ် ရိုက်နှိပ်ထားပြီး ရှမ်းစက္ကူနဲ့ ထုပ်ပိုးထားတဲ့ WY တံဆိပ်ပါပန်းရောင်စိတ်ကြွဆေးပြား ၄၀၀၀၀ ကျော်လောက် အပ်နှံပေးခဲ့တာပါ။

ကနဦးသတင်းတွေအရ ကွဲလွဲနေတာနဲ့ ပတ်သက်လို့ ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရမ်းကိုဆက်သွယ်မေးမြန်းရာမှာစိစစ်နေဆဲဖြစ်လို့ တစုံတရာပြောဆိုလိုခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါလွှဲပြောင်းလက်ခံခဲ့တဲ့ မူးယစ်ဆေးသယ်ဆောင်သူ ၁၃ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ထိုင်းနိုင်ငံသားတွေ ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့ စစ်ကြောမေးမြန်းနေဆဲ ဖြစ်ပြီး တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း- အောင်ဇေယျ




မူးယစ္ေမွာင္ခိုသမား ၁၃ ဦးကို UWSA တပ္ဖြဲ႕က တပ္မေတာ္ထံ လႊဲေျပာင္းအပ္ႏွံ
DVB

ဖမ္းဆီးရမိထားတဲ့ မူးယစ္ေဆးဝါး ေမွာင္ခိုသယ္ေဆာင္သူ ၁၃ ဦးကို လက္နက္ေတြ၊ မူးယစ္ေဆးေတြနဲ႔အတူ UWSA ‘ဝ’ တပ္ဖြဲ႕က ျမန္မာ့တပ္မေတာ္ထံ စက္တင္ဘာ ၃ ရက္ေန႔မွာ လႊဲေျပာင္းအပ္ႏွံလိုက္ပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္ လြယ္လန္းေဒသ၊ စစ္ေဒသ ၁၇၁ တပ္မဟာ ၅၁၈ နယ္ေျမမွာၿပီးခဲ့တဲ့ ၾသဂုတ္ ၂၅ ရက္က မူးယစ္ေဆးသယ္ေဆာင္တဲ့အတြက္ ထိုင္းစစ္တပ္နဲ႔ ပစ္ခတ္မႈျဖစ္ပြားၿပီး ထြက္ေျပးလာတဲ့အဖြဲ႕ကို UWSA က ပိတ္ဆို႔ဖမ္းဆီး ထိန္းသိမ္းကာ စစ္ဗ်ဴဟာအဖြဲ႕အေျခစိုက္ (မိုင္းတုံ)ထံ လႊဲေျပာင္း အပ္ႏွံခဲ့တာျဖစ္ပါတယ္။

စစ္ေဒသ ၁၇၁ မူးယစ္အထူးတပ္ဖြဲ႕မႉး ဦးရန္ေကာ္ႀကဳံးက “က်ေနာ္တို႔ ၀ ေဒသမွာ မူးယစ္တိုက္ဖ်က္ေရးကို အစဥ္တစိုက္လုပ္ေနသလို အထက္လူႀကီးေတြကလည္း လမ္းၫႊန္မႈ အၿမဲလုပ္ေနတယ္။ အစိုးရတပ္မေတာ္နဲ႔အတူလက္တြဲၿပီး ေဆာင္႐ြက္သြားမွာ ျဖစ္တယ္။ အခုလည္းေအာက္ေျခက သတင္းရလို႔ ခ်က္ခ်င္းပိတ္ဆို႔ ဖမ္းဆီးႏိုင္ခဲ့တာပါ။ ႏိုင္ငံေတာ္အစိုးရရဲ႕ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး လုပ္ေဆာင္ေနတာေတြကိုလည္း အားရေက်နပ္မိပါတယ္။ ဆက္လက္ၿပီးေတာ့လည္းမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးကို လုပ္ေဆာင္သြားမွာပါ"လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံ မယ့္အိုင္ေဒသမွာ ျမန္မာႏိုင္ငံဘက္က မူးယစ္ေဆးသယ္ေဆာင္လာတဲ့ လက္နက္ကိုင္အဖြဲ႕တဖြဲ႕ကို ထိုင္းစစ္တပ္က လိုက္လံတိုက္ခိုက္ခဲ့ရာမွ လြယ္လန္းေဒသအတြင္း ထြက္ေျပးလာတဲ့ မူးယစ္ေဆးသယ္ေဆာင္လာသူ ၁၄ ဦးနဲ႔ လက္နက္ငယ္ ၁၁ လက္နက္၊ အရပ္သား ၃၉ ဦးနဲ႔ မူးယစ္ေဆးျပားေတြကို ဖမ္းဆီးရမိခဲ့တာလို႔ ကနဦး သတင္းေတြ ထြက္ရွိခဲ့ပါတယ္။

စက္တင္ဘာ ၃ ရက္ေန႔က တပ္မေတာ္ကို အပ္ႏွံရာမွာေတာ့ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးသယ္ေဆာင္သူ ၁၃ ဦးနဲ႔အတူ လက္နက္ငယ္မ်ိဳးစုံ ၉ လက္၊ ခဲယမ္းဆက္စပ္ပစၥည္းေတြအျပင္ ကိုးသုံးလုံးတံဆိပ္ ႐ိုက္ႏွိပ္ထားၿပီး ရွမ္းစကၠဴနဲ႔ ထုပ္ပိုးထားတဲ့ WY တံဆိပ္ပါပန္းေရာင္စိတ္ႂကြေဆးျပား ၄၀၀၀၀ ေက်ာ္ေလာက္ အပ္ႏွံေပးခဲ့တာပါ။

ကနဦးသတင္းေတြအရ ကြဲလြဲေနတာနဲ႔ ပတ္သက္လို႔ ျပင္ပဆက္ဆံေရးဌာနတာဝန္ခံ ဦးညီရမ္းကိုဆက္သြယ္ေမးျမန္းရာမွာစိစစ္ေနဆဲျဖစ္လို႔ တစုံတရာေျပာဆိုလိုျခင္းမရွိေသးေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဆိုပါလႊဲေျပာင္းလက္ခံခဲ့တဲ့ မူးယစ္ေဆးသယ္ေဆာင္သူ ၁၃ ဦးကို စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕က ထိုင္းႏိုင္ငံသားေတြ ဟုတ္မဟုတ္အတည္ျပဳႏိုင္ဖို႔ စစ္ေၾကာေမးျမန္းေနဆဲ ျဖစ္ၿပီး တရားဥပေဒအရအေရးယူႏိုင္ေရး ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။
သတင္း- ေအာင္ေဇယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013