DVB Logo
Home
မြန်မာသတင်း
ပုသိမ်အထည်ချုပ်စက်ရုံအလုပ်သမားဆန္ဒပြပွဲ ဦးဆောင်သူ ၈ ဦးကို အမှုဖွင့်
DVB
·
September 4, 2019
ပုသိမ်အထည်ချုပ်စက်ရုံအလုပ်သမားဆန္ဒပြပွဲ ဦးဆောင်သူ ၈ ဦးကို အမှုဖွင့်
1 / 6
Donate to DVB

အခြေခံလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုပြီး ဆန္ဒပြနေကြတဲ့ ဧရာဝတီ တိုင်း၊ ပုသိမ်စက်မှုဇုံမှာရှိတဲ့ Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ဝင် ၁ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြတာဖြစ်တဲ့အပြင် ဒေသန္တရဆိုင်ရာဥပဒေကို ချိုးဖောက်တဲ့အတွက် အရေးယူတာလို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်ကပြောပါတယ်။

ဆန္ဒပြတဲ့သူတွေကို ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခေါ်တယ်ဆိုကာ ရဲစခန်းမှာအမှုဖွင့်ခဲ့တာဖြစ်ပြီး အဲ့လိုအရေးယူတာကို မကျေနပ်တဲ့အတွက် သြဂုတ် ၃ ရက်နေ့ကလည်း အလုပ်သမားတွေဟာ အထည်ချုပ်စက်ရုံဝင်းထဲမှာ ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ စက်ရုံထဲက အိမ်သာတွေမလုံလောက်ပဲ ညစ်ပတ်နေတာ၊ အလုပ်ချိန်အတွင်း ရေသောက်တာ အပေါ့အပါးသွားတာတွေကိုပါ ကန့်သတ်ထားပြီး လုပ်အားခ နည်းပါးတာ အချိန်ပိုကြေးမရရှိတာစတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကြောင့် ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ သိုးမွှေးအထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် မနှင်းနွယ်လွင်က “ဆန္ဒပြတဲ့ သိုးမွှေး အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ အိမ်သာတံခါးတွေ ပျက်စီးနေတာ အိမ်သာရေပိုက်တွေ မသန့်ရှင်းတာတွေ အမြန်ဆုံးပြင်ဆင် လုပ်ကိုင်ပေးဖို့၊ သောက်ရေသန့်ဘူးတွေ လုံလောက်စွာ ထားရှိပေးဖို့ အလုပ်သမားတွေ ရေသောက်တဲ့အချိန်မှာ လွတ်လပ်စွာ ရေသောက်ခွင့်ပေးဖို့စတဲ့ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုခဲ့နေကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။

လတ်တလော မနှင်းနွယ်လွင်အပါအဝင် တရားစွဲဆိုခံထားရတဲ့ သူတွေကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

စက်ရုံတာဝန်ရှိတဲ့သူတွေ အစည်းအဝေးပြုလုပ်နေတဲ့ အတွက် မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိဘဲ အစည်းအဝေးဆုံးဖြတ်ချက်ကို သတင်းထုတ်ပြန်ပေးမယ်လို့သာ အကြောင်းပြန်ခဲ့ပါတယ်။

သိုးမွှေးစက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ သြဂုတ် ၂ ရက်မနက်က စတင်ပြီး လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြမင်းဦး(ပုသိမ်)




ပုသိမ္အထည္ခ်ဳပ္စက္႐ုံအလုပ္သမားဆႏၵျပပြဲ ဦးေဆာင္သူ ၈ ဦးကို အမႈဖြင့္
ျမမင္းဦး(ပုသိမ္)

အေျခခံလုပ္သမားအခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတယ္ဆိုၿပီး ဆႏၵျပေနၾကတဲ့ ဧရာဝတီ တိုင္း၊ ပုသိမ္စက္မႈဇုံမွာရွိတဲ့ Myanmar Knitting သိုးေမႊး အထည္ခ်ဳပ္စက္႐ုံက အလုပ္သမားေခါင္းေဆာင္ ၇ ဦးနဲ႔ အလုပ္သမားအခ်င္းခ်င္း ႐ိုင္းပင္းကူညီေရးအဖြဲ႕ဝင္ ၁ ဦးကို ၿငိမ္းစုစီဥပေဒ ပုဒ္မ ၁၉ နဲ႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

ခြင့္ျပဳခ်က္မတင္ဘဲ ဆႏၵျပတာျဖစ္တဲ့အျပင္ ေဒသႏၲရဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္တဲ့အတြက္ အေရးယူတာလို႔ ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးေက်ာ္ကေျပာပါတယ္။

ဆႏၵျပတဲ့သူေတြကို ဌာနဆိုင္ရာေတြနဲ႔ ညႇိႏႈိင္းေပးမယ္ဆိုၿပီး ပုသိမ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ေခၚတယ္ဆိုကာ ရဲစခန္းမွာအမႈဖြင့္ခဲ့တာျဖစ္ၿပီး အဲ့လိုအေရးယူတာကို မေက်နပ္တဲ့အတြက္ ၾသဂုတ္ ၃ ရက္ေန႔ကလည္း အလုပ္သမားေတြဟာ အထည္ခ်ဳပ္စက္႐ုံဝင္းထဲမွာ ဒုတိယေန႔အျဖစ္ ဆက္လက္ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵထုတ္ေဖာ္သူေတြဟာ စက္႐ုံထဲက အိမ္သာေတြမလုံေလာက္ပဲ ညစ္ပတ္ေနတာ၊ အလုပ္ခ်ိန္အတြင္း ေရေသာက္တာ အေပါ့အပါးသြားတာေတြကိုပါ ကန႔္သတ္ထားၿပီး လုပ္အားခ နည္းပါးတာ အခ်ိန္ပိုေၾကးမရရွိတာစတဲ့ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတာေၾကာင့္ ဆႏၵေဖာ္ထုတ္ရတာ ျဖစ္တယ္လို႔ သိုးေမႊးအထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြက ေျပာပါတယ္။

အမႈဖြင့္ခံထားရတဲ့ အလုပ္သမားေခါင္းေဆာင္ မႏွင္းႏြယ္လြင္က “ဆႏၵျပတဲ့ သိုးေမႊး အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြဟာ အိမ္သာတံခါးေတြ ပ်က္စီးေနတာ အိမ္သာေရပိုက္ေတြ မသန႔္ရွင္းတာေတြ အျမန္ဆုံးျပင္ဆင္ လုပ္ကိုင္ေပးဖို႔၊ ေသာက္ေရသန႔္ဘူးေတြ လုံေလာက္စြာ ထားရွိေပးဖို႔ အလုပ္သမားေတြ ေရေသာက္တဲ့အခ်ိန္မွာ လြတ္လပ္စြာ ေရေသာက္ခြင့္ေပးဖို႔စတဲ့ ေတာင္းဆိုခ်က္ ၄၅ ခ်က္ကို ေတာင္းဆိုခဲ့ေနၾကတာ ျဖစ္တယ္”လို႔ ေျပာပါတယ္။

လတ္တေလာ မႏွင္းႏြယ္လြင္အပါအဝင္ တရားစြဲဆိုခံထားရတဲ့ သူေတြကို ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက တရားလိုလုပ္ၿပီး ေခၚယူစစ္ေဆးေနပါတယ္။

စက္႐ုံတာဝန္ရွိတဲ့သူေတြ အစည္းအေဝးျပဳလုပ္ေနတဲ့ အတြက္ မီဒီယာေတြရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားျခင္း မရွိဘဲ အစည္းအေဝးဆုံးျဖတ္ခ်က္ကို သတင္းထုတ္ျပန္ေပးမယ္လို႔သာ အေၾကာင္းျပန္ခဲ့ပါတယ္။

သိုးေမႊးစက္႐ုံက အလုပ္သမား ၅၀၀ ေက်ာ္ဟာ ၾသဂုတ္ ၂ ရက္မနက္က စတင္ၿပီး လုပ္ငန္းခြင္မဝင္ဘဲ ေတာင္းဆိုခ်က္ ၄၅ ခ်က္ကို ေတာင္းဆိုဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013