Home
မြန်မာသတင်း
ဝင်းနှင့်ဇော်အတွက် သေဒဏ်သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
DVB
·
September 4, 2019
mF3YI8s_1_20190903_143208_6203819
မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ သေဒဏ်ကို သက်ညှာပေးဖို့ စဉ်းစားပေးစေ လိုတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ စက်တင်ဘာ ၃ ရက်က တွေ့ဆုံမှုအတွင်း ပြောခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသော မြန်မာနိုင်ငံသား နှစ်ယောက်ကို နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလိုတယ်"လို့ ပြောပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးတွေကို ပူးပေါင်း ဆောင်ရွက်နေတယ်၊ ပင်လယ်ရေပိုင်နက်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ထိုင်းပင်လယ်ကွေ့မှာ ပြုလုပ်နေတဲ့ အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) မှာ ပါဝင်လေ့ကျင့်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေး အန္တရာယ်ရင်ဆိုင်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်၊ နှစ်နိုင်ငံပင်လယ်ရေပိုင်နက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေ၊ အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာနဲ့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းတွေအပြင် အခြားစီပွားရေးကဏ္ဍတွေမှာလည်း  ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဝင်းနဲ့ ဇော်လွတ်မြောက်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က လုပ်ဆောင်ပေးမယ်လို့ ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ခြင်းရှိမရှိဆိုတာကိုတော့ ကာကွယ်ရေးဦးစီးချုပ်သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့နှစ်ဦးရဲ့ အယူခံကို ထိုင်းအမြင့်ဆုံးတရားရုံးချုပ်က ပြီးခဲ့တဲ့ သြဂုတ် ၂၉ရက်မှာ ပယ်ချခဲ့ပြီး မူလပြစ်ဒဏ်အတိုင်း သေဒဏ်ချမှတ်ထားပါတယ်။ ဓာတ်ပုံ-CINCDS
ဝင္းႏွင့္ေဇာ္အတြက္ ေသဒဏ္သက္ညႇာေပးရန္ ထိုင္းဝန္ႀကီးခ်ဳပ္ကို ဗိုလ္ခ်ဳပ္မႉးႀကီး တိုက္တြန္း DVB ျမန္မာလူငယ္ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ရဲ႕ ေသဒဏ္ကို သက္ညႇာေပးဖို႔ စဥ္းစားေပးေစ လိုတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထိုင္းဝန္ႀကီးခ်ဳပ္ ကို တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ေရာက္ရွိေနတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာတို႔ စက္တင္ဘာ ၃ ရက္က ေတြ႕ဆုံမႈအတြင္း ေျပာခဲ့တာလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က "ထိုင္းႏိုင္ငံတြင္ ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ျခင္း ခံထားရေသာ ျမန္မာႏိုင္ငံသား ႏွစ္ေယာက္ကို ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကို ေထာက္ထားၿပီး သက္ညႇာေပးရန္စဥ္းစားေပးေစလိုေၾကာင္း၊ တရားဥပေဒႏွင့္အညီ ကူညီေစာင့္ေရွာက္ေပးေစလိုတယ္"လို႔ ေျပာပါတယ္။ ဒါ့အျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးက ႏွစ္ႏိုင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တရားဥပေဒစိုးမိုးေရးနဲ႔ နယ္စပ္ေဒသလုံၿခဳံေရးေတြကို ပူးေပါင္း ေဆာင္႐ြက္ေနတယ္၊ ပင္လယ္ေရပိုင္နက္လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအေနနဲ႔ ထိုင္းပင္လယ္ေကြ႕မွာ ျပဳလုပ္ေနတဲ့ အာဆီယံ-အေမရိကန္ ပင္လယ္ေရေၾကာင္းဆိုင္ရာ ေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) မွာ ပါဝင္ေလ့က်င့္ေနတယ္လို႔လည္း ေျပာခဲ့ပါတယ္။ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံအေနနဲ႔ သဘာဝေဘး အႏၲရာယ္ရင္ဆိုင္ခဲ့ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတယ္၊ ႏွစ္ႏိုင္ငံပင္လယ္ေရပိုင္နက္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္မႈေတြ၊ အၾကမ္းဖက္မႈႏွိမ္နင္းေရးဆိုင္ရာနဲ႔ ပညာေရး၊ က်န္းမာေရး၊ စိုက္ပ်ိဳးေရး လုပ္ငန္းေတြအျပင္ အျခားစီပြားေရးက႑ေတြမွာလည္း ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဝင္းနဲ႔ ေဇာ္လြတ္ေျမာက္ေရးအတြက္ ထိုင္းဝန္ႀကီးခ်ဳပ္က လုပ္ေဆာင္ေပးမယ္လို႔ ျပန္လည္ တုန႔္ျပန္ေျပာဆိုခဲ့ျခင္းရွိမရွိဆိုတာကိုေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ ထိုင္းႏိုင္ငံေတာင္ပိုင္း၊ လိပ္ကြၽန္းလူသတ္မႈနဲ႔ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏိုင္ငံသား ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း တို႔ႏွစ္ဦးရဲ႕ အယူခံကို ထိုင္းအျမင့္ဆုံးတရား႐ုံးခ်ဳပ္က ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၉ရက္မွာ ပယ္ခ်ခဲ့ၿပီး မူလျပစ္ဒဏ္အတိုင္း ေသဒဏ္ခ်မွတ္ထားပါတယ္။ ဓာတ္ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024