DVB Logo
Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၂ ရက်မြောက် သပိတ်မှောက်
DVB
·
September 3, 2019
မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၂ ရက်မြောက် သပိတ်မှောက်
1 / 6
Donate to DVB

မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက စက်တင်ဘာလ ၃ ရက် မနက်က ကျောင်းဝင်းထဲကို တပတ်ပတ်ကာ နှစ်ရက်မြောက်နေ့ သပိတ်မှောက်နေ ကြပါတယ်။

သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေ‌ကို ဖောက်ဖျက်လုပ်ဆောင်တဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကို စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက်လိုက်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာချပြရေး၊ မှန်ကန်မျှတတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးအရေးယူပေးရေး စတဲ့အချက်တွေကို ကျောင်းသားတွေက ထိုင်သပိတ်မှောက်ပြီး မနေ့ကတည်း တောင်းဆိုနေကြတာပါ။

မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မယမင်းသူက “ကျမတို့က မှန်ကန်မျှတတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ စစ်ဆေးအရေးယူ တာမျိုးကို လိုချင်တာပါ။ ကျမတို့က အခုဆန္ဒပြတယ်ဆိုတာထက် သပိတ်မှောက်နေတာမို့ ကိုယ့်ရဲ့ ရည်ရွယ်ချက် ကိုယ့်ရဲ့ပန်းတိုင် မရောက်မချင်း ဘယ်နှစ်ရက်ပဲ ရောက်ရောက် ဘယ်အခြေအနေပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲကြာကြာ ကျမတို့တောင်းဆိုချက်တွေ မရမချင်းဆက်ပြီးတိုက်နေရမှာပါ” လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသပိတ်ကို ထောက်ခံကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်(ဗကသ) ကျောင်းသားများ၊ မိတ္တီလာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သမဂ္ဂ၊ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်၊ ကျောက်ဆည် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကနေ  ကြေညာချက်အသီးသီးမနေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့နက်မှာတော့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ သပိတ်တိုက်ပွဲကို သတ်မှတ်ထားတဲ့ ၅ရက်အတွင်းမှာ ပြေလည်မှု မရရှိခဲ့ပါက ပူးပေါင်းပါဝင်ဝန်းရံကြဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။




မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ၂ ရက္ေျမာက္ သပိတ္ေမွာက္
ေအာင္ေအာင္ႏိုင္

မႏၲေလးတကၠသိုလ္ေက်ာင္းဝင္းအတြင္းမွာ စားေသာက္ဆိုင္တန္း Food Court ေဆာက္လုပ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက စက္တင္ဘာလ ၃ ရက္ မနက္က ေက်ာင္းဝင္းထဲကို တပတ္ပတ္ကာ ႏွစ္ရက္ေျမာက္ေန႔ သပိတ္ေမွာက္ေန ၾကပါတယ္။

သမၼတၫႊန္ၾကားခ်က္နဲ႔ တည္ဆဲဥပေဒ‌ကို ေဖာက္ဖ်က္လုပ္ေဆာင္တဲ့ ေက်ာင္းအုပ္ခ်ဳပ္ေရး အဖြဲ႕ကို စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္ကို အသုံးခ်ၿပီး ကိုယ္က်ိဳးရွာတဲ့ ပါေမာကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာနရဲ႕ ဘက္လိုက္တဲ့ စုံစမ္း စစ္ေဆးေရးအဖြဲ အယုံအၾကည္မရွိ၊ ေက်ာင္းတြင္းစီမံကိန္းေတြကို ပြင့္လင္းျမင္သာစြာခ်ျပေရး၊ မွန္ကန္မွ်တတဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆးအေရးယူေပးေရး စတဲ့အခ်က္ေတြကို ေက်ာင္းသားေတြက ထိုင္သပိတ္ေမွာက္ၿပီး မေန႔ကတည္း ေတာင္းဆိုေနၾကတာပါ။

မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႕ ဥကၠ႒ မယမင္းသူက “က်မတို႔က မွန္ကန္မွ်တတဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းၿပီးေတာ့မွ စစ္ေဆးအေရးယူ တာမ်ိဳးကို လိုခ်င္တာပါ။ က်မတို႔က အခုဆႏၵျပတယ္ဆိုတာထက္ သပိတ္ေမွာက္ေနတာမို႔ ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ ကိုယ့္ရဲ႕ပန္းတိုင္ မေရာက္မခ်င္း ဘယ္ႏွစ္ရက္ပဲ ေရာက္ေရာက္ ဘယ္အေျခအေနပဲ ျဖစ္ျဖစ္ ဘယ္ေလာက္ပဲၾကာၾကာ က်မတို႔ေတာင္းဆိုခ်က္ေတြ မရမခ်င္းဆက္ၿပီးတိုက္ေနရမွာပါ” လို႔ ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသပိတ္ကို ေထာက္ခံေၾကာင္း ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၊ ရတနာပုံတကၠသိုလ္(ဗကသ) ေက်ာင္းသားမ်ား၊ မိတၱီလာတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ၊ ေမြးျမဴေရးဆိုင္ရာ ေဆးတကၠသိုလ္သမဂၢ၊ နည္းပညာ တကၠသိုလ္ေက်ာင္းသားမ်ား ကြန္ယက္၊ ေက်ာက္ဆည္ တကၠသိုလ္ေက်ာင္းသားသမဂၢေတြကေန ေၾကညာခ်က္အသီးသီးမေန႔က ထုတ္ျပန္ထားပါတယ္။

ဒီေန႔နက္မွာေတာ့ မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ သပိတ္တိုက္ပြဲကို သတ္မွတ္ထားတဲ့ ၅ရက္အတြင္းမွာ ေျပလည္မႈ မရရွိခဲ့ပါက ပူးေပါင္းပါဝင္ဝန္းရံၾကဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013