DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာများရေဝင်ရောက်၊ စာသင်ကျောင်း ၄ ကျောင်းပိတ်ထားရ
DVB
·
September 3, 2019
ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာများရေဝင်ရောက်၊ စာသင်ကျောင်း ၄ ကျောင်းပိတ်ထားရ
1 / 5
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊  ကြို့ပင်ကောက်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှာ ရေကြီးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်နေပြီး စာသင်ကျောင်း ၄ ကျောင်းပိတ်ထားရပါတယ်။

ဘုတလက်ကုန်း၊ ရခိုင်ဘုကျေးရွာနဲ့ ဘုရားကြီးကုန်းကျေးရွာတွေကို မနေ့ မနက် ၁၀ နာရီကျော် အချိန်လောက်ကစပြီး ရေတွေဝင်လာတာလို့  ကြို့ပင်ကောက်မြို့ ပရဟိတအဖွဲ့ထံက သိရပါတယ်။

ကြို့ပင်ကောက်မြို့ပရဟိတအဖွဲ့ ကိုမောင်ဦးက "ဘုတလက်ကုန်းကျေးရွာက တစ်ရွာလုံးဝင်တာ ရေက ခါးကျော်တယ်။ ခုမနက်ရေက ပိုတက်နေတယ်ကြားတယ်။ ကျနော်တို့ ပရဟိတအဖွဲ့တွေ၊ မီးသတ်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေ ပူးပေါင်းပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ရေလွတ်တဲ့နေရာတွေကို  ကယ်ထုတ် ထားပါတယ်။ ထမင်းထုတ်ဝေတာတွေလည်း လုပ်နေပါတယ်။ လောလောဆယ် စာသင်ကျောင်း ၄ကျောင်းပိတ်ထားတယ်"လို့ပြောပါတယ်။

သြဂုတ် ၃၀ ရက်နေ့ကစတင်ပြီး ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်းမြို့နယ်အတွင်း ကျေးရွာတွေကို ရေစတင်ဝင်ရောက်ခဲ့ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါ တယ်။

နတ္တလင်းမြို့နယ်မှာ နေအိမ် ၁၃ လုံးနဲ့ တံတား ၄ စင်းရေမျောပါခဲ့ပါတယ်။ ဇီးကုန်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်နဲ့ မြို့ပေါ် ၃ ရပ်ကွက်ရေဝင်ရောက်ခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးစခန်းတခု ဖွင့်လှစ်ထားရပြီး စာသင်ကျောင်း ၁၇ ကျောင်းယာယီပိတ်ထားရပါတယ်။

လက်ရှိအချိန်မှာတော့ ဇီးကုန်းမြို့ပေါ်ရပ်ကွက်တွေမှာ ရေပြန်ကျခဲ့ပေမယ့် ကျေးရွာတွေမှာ တော့ ရေအနည်းငယ်သာပြန်ကျတဲ့အတွက်က ကယ်ဆယ်ရေးစခန်းကို မဖျက်သိမ်းရသေးဘူးလို့ သိရပါတယ်။

သတင်း - မေသွယ်




ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္အတြင္း ေက်း႐ြာမ်ားေရဝင္ေရာက္၊ စာသင္ေက်ာင္း ၄ ေက်ာင္းပိတ္ထားရ
DVB

ပဲခူးတိုင္းအေနာက္ျခမ္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာ ၃ ႐ြာမွာ ေရႀကီးေနတဲ့အတြက္ အေရးေပၚ ကယ္ဆယ္ေရး ျပဳလုပ္ေနၿပီး စာသင္ေက်ာင္း ၄ ေက်ာင္းပိတ္ထားရပါတယ္။

ဘုတလက္ကုန္း၊ ရခိုင္ဘုေက်း႐ြာနဲ႔ ဘုရားႀကီးကုန္းေက်း႐ြာေတြကို မေန႔ မနက္ ၁၀ နာရီေက်ာ္ အခ်ိန္ေလာက္ကစၿပီး ေရေတြဝင္လာတာလို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ ပရဟိတအဖြဲ႕ထံက သိရပါတယ္။

ႀကိဳ႕ပင္ေကာက္ၿမိဳ႕ပရဟိတအဖြဲ႕ ကိုေမာင္ဦးက "ဘုတလက္ကုန္းေက်း႐ြာက တစ္႐ြာလုံးဝင္တာ ေရက ခါးေက်ာ္တယ္။ ခုမနက္ေရက ပိုတက္ေနတယ္ၾကားတယ္။ က်ေနာ္တို႔ ပရဟိတအဖြဲ႕ေတြ၊ မီးသတ္၊ ရဲတပ္ဖြဲ႕နဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ ေတြ ပူးေပါင္းၿပီး သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးေတြကို ေရလြတ္တဲ့ေနရာေတြကို ကယ္ထုတ္ ထားပါတယ္။ ထမင္းထုတ္ေဝတာေတြလည္း လုပ္ေနပါတယ္။ ေလာေလာဆယ္ စာသင္ေက်ာင္း ၄ေက်ာင္းပိတ္ထားတယ္"လို႔ေျပာပါတယ္။

ၾသဂုတ္ ၃၀ ရက္ေန႔ကစတင္ၿပီး ေပါင္းတည္၊ နတၱလင္း၊ ဇီးကုန္းၿမိဳ႕နယ္အတြင္း ေက်း႐ြာေတြကို ေရစတင္ဝင္ေရာက္ခဲ့ၿပီး အေရးေပၚကူညီကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနပါ တယ္။

နတၱလင္းၿမိဳ႕နယ္မွာ ေနအိမ္ ၁၃ လုံးနဲ႔ တံတား ၄ စင္းေရေမ်ာပါခဲ့ပါတယ္။ ဇီးကုန္းၿမိဳ႕နယ္မွာ ေက်း႐ြာေပါင္း ၂၀ ေက်ာ္နဲ႔ ၿမိဳ႕ေပၚ ၃ ရပ္ကြက္ေရဝင္ေရာက္ခဲ့တာေၾကာင့္ အေရးေပၚကယ္ဆယ္ေရးစခန္းတခု ဖြင့္လွစ္ထားရၿပီး စာသင္ေက်ာင္း ၁၇ ေက်ာင္းယာယီပိတ္ထားရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဇီးကုန္းၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ေရျပန္က်ခဲ့ေပမယ့္ ေက်း႐ြာေတြမွာ ေတာ့ ေရအနည္းငယ္သာျပန္က်တဲ့အတြက္က ကယ္ဆယ္ေရးစခန္းကို မဖ်က္သိမ္းရေသးဘူးလို႔ သိရပါတယ္။
သတင္း - ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013