DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီဝင် ရခိုင်ပါတီ ကိုယ်စားလှယ် ၂ ဦးထပ်မံ နုတ်ထွက်
DVB
·
September 3, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီဝင် ရခိုင်ပါတီ ကိုယ်စားလှယ် ၂ ဦးထပ်မံ နုတ်ထွက်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကနေ နုတ်ထွက်ခွင့်ပြုဖို့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ဇံနဲ့ ဦးမြင့်နိုင်တို့က ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ တင်သွင်းလိုက်ပါတယ်။

၄၅ ဦး ပူးပေါင်းကော်မတီကနေ အခုလို နုတ်ထွက်ဖို့ မိခင်ပါတီကနေ ဆက်လက်မပါဝင်သင့်ကြောင်း သဘောထားပေးပို့လာတဲ့အတွက် ပါတီရဲ့ သဘောထားနဲ့အညီ အခုလိုနုတ်ထွက်စာတင်ထားဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။

"ပါတီအမြင်အရ နုတ်ထွက်ခိုင်းလို့ နုတ်ထွက်လိုက်တာ။ နှစ်ယောက်စလုံး၊ ဦးမြင့်နိုင်နဲ့ ကျနော်နဲ့။ ဆက်လက်ဆောင်ရွက်ရန် မသင့်သဖြင့်ဆိုပြီး သီးခြားမှတ်ချက်တော့ မပေးဘူး။ ဆက်လက်ဆောင်ရွက်ရန် မသင့်တော်တော့ပါသဖြင့်ဆိုတဲ့ မှတ်ချက်ပဲ ပါတီက ပေးပါတယ်။ မနေ့က ရက်စွဲနဲ့ ကျနော်က ဒီနေ့တင်ပါတယ်။ ပူးပေါင်းကော်မတီက စာကိုတော့ လက်ခံလိုက်တာပေါ့ " လို့ ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ၄၅ ဦးကော်မတီဝင် အမျိုးသား ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးစိန်ဝင်းကလည်း ကော်မတီတွင်း အဆိုပြုချက်တွေကို အတည်ပြုတာမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ပြုလုပ်ဖို့တင်ပြပေမယ့် ဆောင်ရွက် မပေးတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးမူဝါဒဦးတည်ချက် (၅) ချက်အပေါ် လိုက်နာမှုအားနည်းတာ တွေကြောင့် သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူးဆိုပြီး နုတ်ထွက်စာတင်ခဲ့ပါတယ်။

ဦးစိန်ဝင်းအနေနဲ့ မနေ့က ပြုလုပ်တဲ့ ၄၅ ဦး ပူးပေါင်းကော်မတီအစည်းဝေးကစပြီး မတက်ရောက်တော့ပေမယ့် သူ့ကိုခွင့်အနေနဲ့ သတ်မှတ်ထားတယ်လို့လည်း ဦးအောင်ကျော်ဇံက ပြောပါတယ်။

"ဦးစိန်ဝင် နုတ်ထွက်တာကို ခွင့်အနေနဲ့ပြတယ်။ အဲတော့ ဆိုင်ရာပုဂ္ဂိုလ်တယောက်က ထောက်တယ်။ သူနုတ်ထွက်ပြီးပြီ ဘာဖြစ်လို့ ခွင့်ပြသလည်းဆိုတော့ အခုကပြောသလို ပြည်ထောင်စုလွှတ်တော်က အတည်မပြုသမျှ Pending (ဆိုင်းငံ့) ပဲရှိနေမှာပေါ့ ဒီသဘောဖြစ်သွားတာ " လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၈၅၈ ချက် တင်သွင်းထားပါတယ်။ 




ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦးေကာ္မတီဝင္ ရခိုင္ပါတီ ကိုယ္စားလွယ္ ၂ ဦးထပ္မံ ႏုတ္ထြက္
ေနၿဖိဳးဝင္း

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကေန ႏုတ္ထြက္ခြင့္ျပဳဖို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ကိုယ္စားလွယ္ႏွစ္ဦးျဖစ္တဲ့ ဦးေအာင္ေက်ာ္ဇံနဲ႔ ဦးျမင့္ႏိုင္တို႔က ဒီကေန႔ စက္တင္ဘာ ၃ ရက္ေန႔မွာ တင္သြင္းလိုက္ပါတယ္။

၄၅ ဦး ပူးေပါင္းေကာ္မတီကေန အခုလို ႏုတ္ထြက္ဖို႔ မိခင္ပါတီကေန ဆက္လက္မပါဝင္သင့္ေၾကာင္း သေဘာထားေပးပို႔လာတဲ့အတြက္ ပါတီရဲ႕ သေဘာထားနဲ႔အညီ အခုလိုႏုတ္ထြက္စာတင္ထားျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

"ပါတီအျမင္အရ ႏုတ္ထြက္ခိုင္းလို႔ ႏုတ္ထြက္လိုက္တာ။ ႏွစ္ေယာက္စလုံး၊ ဦးျမင့္ႏိုင္နဲ႔ က်ေနာ္နဲ႔။ ဆက္လက္ေဆာင္႐ြက္ရန္ မသင့္သျဖင့္ဆိုၿပီး သီးျခားမွတ္ခ်က္ေတာ့ မေပးဘူး။ ဆက္လက္ေဆာင္႐ြက္ရန္ မသင့္ေတာ္ေတာ့ပါသျဖင့္ဆိုတဲ့ မွတ္ခ်က္ပဲ ပါတီက ေပးပါတယ္။ မေန႔က ရက္စြဲနဲ႔ က်ေနာ္က ဒီေန႔တင္ပါတယ္။ ပူးေပါင္းေကာ္မတီက စာကိုေတာ့ လက္ခံလိုက္တာေပါ့ " လို႔ ေျပာပါတယ္။

စက္တင္ဘာလ ၂ ရက္ေန႔ကလည္း ၄၅ ဦးေကာ္မတီဝင္ အမ်ိဳးသား ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ ေခါင္းေဆာင္ ဦးစိန္ဝင္းကလည္း ေကာ္မတီတြင္း အဆိုျပဳခ်က္ေတြကို အတည္ျပဳတာမွာ လွ်ိဳ႕ဝွက္မဲေပးစနစ္နဲ႔ ျပဳလုပ္ဖို႔တင္ျပေပမယ့္ ေဆာင္႐ြက္ မေပးတာ၊ ဖြဲ႕စည္းပုံျပင္ဆင္ေရးမူဝါဒဦးတည္ခ်က္ (၅) ခ်က္အေပၚ လိုက္နာမႈအားနည္းတာ ေတြေၾကာင့္ သမိုင္းတရားခံ အျဖစ္မခံႏိုင္ဘူးဆိုၿပီး ႏုတ္ထြက္စာတင္ခဲ့ပါတယ္။

ဦးစိန္ဝင္းအေနနဲ႔ မေန႔က ျပဳလုပ္တဲ့ ၄၅ ဦး ပူးေပါင္းေကာ္မတီအစည္းေဝးကစၿပီး မတက္ေရာက္ေတာ့ေပမယ့္ သူ႔ကိုခြင့္အေနနဲ႔ သတ္မွတ္ထားတယ္လို႔လည္း ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

"ဦးစိန္ဝင္ ႏုတ္ထြက္တာကို ခြင့္အေနနဲ႔ျပတယ္။ အဲေတာ့ ဆိုင္ရာပုဂၢိဳလ္တေယာက္က ေထာက္တယ္။ သူႏုတ္ထြက္ၿပီးၿပီ ဘာျဖစ္လို႔ ခြင့္ျပသလည္းဆိုေတာ့ အခုကေျပာသလို ျပည္ေထာင္စုလႊတ္ေတာ္က အတည္မျပဳသမွ် Pending (ဆိုင္းငံ့) ပဲရွိေနမွာေပါ့ ဒီသေဘာျဖစ္သြားတာ " လို႔ ဆိုပါတယ္။
ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ၈၅၈ ခ်က္ တင္သြင္းထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013