DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် လေပြင်းတိုက်သဖြင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး
DVB
·
September 3, 2019
ရေးမြို့နယ်တွင် လေပြင်းတိုက်သဖြင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး
1 / 8
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ မနေ့ညက လေပြင်းတိုက်ခတ်လို့  လူနေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့နယ်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။

ရေးမြို့၊ လမိုင်းမြို့မ ၃ ရပ်ကွက်၊ လမိုင်းမြို့မ ၁ ရပ်ကွက်နဲ့  မော့ကနင်ကျေးရွာတွေမှာ လေပြင်းတိုက်သွားတာဖြစ်ပြီး လေဘေးသင့်ခံရတဲ့ လူနေအိမ် ၅၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ သာသနိက အဆောက်အအုံ ၁ ခုနဲ့ ရဲစခန်းတန်းလျားတွေ လေဘေးသင့်ခံခဲ့ရတာပါ။

လေပြင်းတိုက်ခိုက်ခံရစဉ် လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတော့ မရှိပေမယ့် စုစုပေါင်း ဆုံးရှုံးမှုက ကျပ်သိန်း ၈၀ ကျော်ဝန်းကျင်လောက်ရှိတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီက ဆိုပါတယ်။

အိမ်ထောင်စုပေါင်း ၅၉ စု၊ လူဦးရေပေါင်း ၃၀၃ဦးလေဘေးသင့်ခံရပြီး  လိုအပ်တဲ့အကူညီတွေကို ပေးအပ်သွားမယ်လို့ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီက ပြောပါတယ်။

သတင်း- နေမျိုးထွဋ် 




ေရးၿမိဳ႕နယ္တြင္ ေလျပင္းတိုက္သျဖင့္ လူေနအိမ္ႏွင့္ အေဆာက္အဦအခ်ိဳ႕ ပ်က္စီး
DVB

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲမွာ မေန႔ညက ေလျပင္းတိုက္ခတ္လို႔ လူေနအိမ္နဲ႔ အေဆာက္အအုံတခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ၿမိဳ႕နယ္သဘာ၀ေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး ေကာ္မတီက ေျပာပါတယ္။

ေရးၿမိဳ႕၊ လမိုင္းၿမိဳ႕မ ၃ ရပ္ကြက္၊ လမိုင္းၿမိဳ႕မ ၁ ရပ္ကြက္နဲ႔ ေမာ့ကနင္ေက်း႐ြာေတြမွာ ေလျပင္းတိုက္သြားတာျဖစ္ၿပီး ေလေဘးသင့္ခံရတဲ့ လူေနအိမ္ ၅၃ လုံး၊ စာသင္ေက်ာင္း ၁ ေက်ာင္း၊ သာသနိက အေဆာက္အအုံ ၁ ခုနဲ႔ ရဲစခန္းတန္းလ်ားေတြ ေလေဘးသင့္ခံခဲ့ရတာပါ။

ေလျပင္းတိုက္ခိုက္ခံရစဥ္ လူနဲ႔ တိရိစာၦန္ေတြ ထိခိုက္ေသဆုံးမႈေတာ့ မရွိေပမယ့္ စုစုေပါင္း ဆုံးရႈံးမႈက က်ပ္သိန္း ၈၀ ေက်ာ္ဝန္းက်င္ေလာက္ရွိတယ္လို႔ ၿမိဳ႕နယ္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးေကာ္မတီက ဆိုပါတယ္။

အိမ္ေထာင္စုေပါင္း ၅၉ စု၊ လူဦးေရေပါင္း ၃၀၃ဦးေလေဘးသင့္ခံရၿပီး လိုအပ္တဲ့အကူညီေတြကို ေပးအပ္သြားမယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး အႏၲရာယ္ စီမံခန႔္ခြဲေရးေကာ္မတီက ေျပာပါတယ္။
သတင္း- ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013