DVB Logo
Home
မြန်မာသတင်း
ဗာဟုဗာလီမင်းသား ပရာဘတ်စ် ခေါင်းဆောင်ပါဝင်သည့် အိန္ဒိယရုပ်ရှင် - Saaho (နမူနာ)
DVB
·
September 3, 2019
ဗာဟုဗာလီမင်းသား ပရာဘတ်စ် ခေါင်းဆောင်ပါဝင်သည့် အိန္ဒိယရုပ်ရှင် - Saaho (နမူနာ)
Donate to DVB

အိန္ဒိယ ရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Saaho ရုပ်ရှင်ကားကို အိန္ဒိယနိုင်ငံမှာ သြဂုတ်လ ၃၀ ရက်နေ့ကတည်းက ရုံတင်ပြသနေပြီး နာမည်ကြီးနေပါတယ်။

Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Sujeeth က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး UV Creations နဲ့ T-Series ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Baahubali ရုပ်ရှင် ကားတွေနဲ့ ပရိသတ်အားပေးလက်ခံခဲ့တဲ့ သရုပ်ဆောင်မင်းသား Prabhas က ခေါင်း ဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသမီး Shraddha Kapoor ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မင်းသား Prabhas ကို ရဲအရာရှိတဦးအနေနဲ့ ရှုစားကြရမှာဖြစ်ပြီး ဖခင်ဖြစ်သူ သိပ္ပံပညာရှင်တီထွင်ခဲ့တဲ့ နည်းပညာကို အသုံးချပြီး မူးယစ်မှောင်ခိုဂိုဏ်းတဂိုဏ်းကို နှိမ်နင်းတဲ့ အကြောင်းတွေ ကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ရာထူးအာဏာ ပါဝါကြီးတဲ့ ပုဂ္ဂိုလ်တွေကြား ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဉာဏ်ရည်ပါဝါ ပြိုင်ဆိုင်မှုတွေကိုပါ ပညာသားပါပါ ရိုက်ကူးထားတာမို့ ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်ဆိုတာ မသိနိုင်ဘဲ အပစ်အခတ် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ရင်တမမနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် မိနစ် ၁၇၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ NR အဆင့်သတ်မှတ်ထား တာဖြစ်ပြီး IMDb မှာ Rating 6 အထိ ရရှိထားပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗာဟုဗာလီမင္းသား ပရာဘတ္စ္ ေခါင္းေဆာင္ပါဝင္သည့္ အိႏၵိယ႐ုပ္ရွင္ - Saaho (နမူနာ)

အိႏၵိယ ႐ုပ္ရွင္ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ Saaho ႐ုပ္ရွင္ကားကို အိႏၵိယႏိုင္ငံမွာ ၾသဂုတ္လ ၃၀ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနၿပီး နာမည္ႀကီးေနပါတယ္။

Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အိႏၵိယ႐ုပ္ရွင္ဒါ႐ိုက္တာ Sujeeth က ႐ိုက္ကူးပုံေဖာ္ေပးထားတာျဖစ္ၿပီး UV Creations နဲ႔ T-Series ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔ ပူးေပါင္းတင္ဆက္လိုက္တာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးၾကၿပီးျဖစ္တဲ့ Baahubali ႐ုပ္ရွင္ ကားေတြနဲ႔ ပရိသတ္အားေပးလက္ခံခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသား Prabhas က ေခါင္း ေဆာင္ပါဝင္ထားၿပီး သူနဲ႔အတူ သ႐ုပ္ေဆာင္မင္းသမီး Shraddha Kapoor ကလည္း အတြဲညီညီ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ မင္းသား Prabhas ကို ရဲအရာရွိတဦးအေနနဲ႔ ရႈစားၾကရမွာျဖစ္ၿပီး ဖခင္ျဖစ္သူ သိပၸံပညာရွင္တီထြင္ခဲ့တဲ့ နည္းပညာကို အသုံးခ်ၿပီး မူးယစ္ေမွာင္ခိုဂိုဏ္းတဂိုဏ္းကို ႏွိမ္နင္းတဲ့ အေၾကာင္းေတြ ကို ရႈစားၾကရမွာ ျဖစ္ပါတယ္။ ရာထူးအာဏာ ပါဝါႀကီးတဲ့ ပုဂၢိဳလ္ေတြၾကား ထင္မွတ္မထားတဲ့ လွည့္ကြက္ေတြနဲ႔ ဉာဏ္ရည္ပါဝါ ၿပိဳင္ဆိုင္မႈေတြကိုပါ ပညာသားပါပါ ႐ိုက္ကူးထားတာမို႔ ဘယ္သူက မုဆိုး၊ ဘယ္သူက သားေကာင္ဆိုတာ မသိႏိုင္ဘဲ အပစ္အခတ္ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔အတူ ရင္တမမနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ၾကာျမင့္ခ်ိန္ မိနစ္ ၁၇၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ NR အဆင့္သတ္မွတ္ထား တာျဖစ္ၿပီး IMDb မွာ Rating 6 အထိ ရရွိထားပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013