DVB Logo
Home
မြန်မာသတင်း
ထိုင်းကတင်သွင်းခွင့်ပိတ်လိုက်သဖြင့် မြန်မာပြောင်းဆန် တန် ၁ သိန်းခန့် မြဝတီတွင် သောင်တင်
DVB
·
September 3, 2019
ထိုင်းကတင်သွင်းခွင့်ပိတ်လိုက်သဖြင့် မြန်မာပြောင်းဆန် တန် ၁ သိန်းခန့် မြဝတီတွင် သောင်တင်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ကနေတဆင့် ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ပြောင်းဆန်တွေကို ထိုင်းဘက်က ဩဂုတ် ၃၁ ရက်ကစပြီး တင်သွင်းခွင့်ပိတ်လိုက်တဲ့အတွက် မြဝတီမြို့မှာ ပြောင်းဆန်တွေ သောင်တင်နေပါတယ်။

ပြောင်းဆန်တန်ချိန်  ၁ သိန်းဝန်းကျင်လောက် မြ၀တီမြို့မှာ သောင်တင်နေတာ ဖြစ်တယ်လို့  မြ၀တီအခြေစိုက် မြန်မာကုန်သည်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းကထွက်တဲ့ ပြောင်းဆန်တွေကို အရင်နှစ်က မူဆယ်ကတဆင့် တရုတ်နိုင်ငံကို တင်သွင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ဦးတည်တင်ပို့နေရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံကို မြန်မာပြောင်းဆန်တွေ တင်ပို့ဖို့အတွက် သံတမန်နည်းလမ်း ရှာဖွေနေပြီး မြန်မာနိုင်ငံတာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းအဖြေရှာကာ တင်သွင်းခွင့် တောင်းဆိုသွားမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြောင်းဆန်၀ယ်လိုအားရှိတဲ့ ထိုင်းလုပ်ငန်းရှင်ချို့ကလည်း လိုအပ်ချက်ရှိနေတဲ့ အကြောင်းပြချက်ဖြင့် လက်ကျန်ပြောင်းဆန်တွေကိုတော့ တင်သွင်းဖို့ စာရင်းကောက်နေပြီး မြဝတီမြို့နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းသို့ စာရင်းတင်ပြသွားမယ်လို့လည်း ပြောင်းဆန် ကုန်သည်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ပြောင်းစိုက်တောင်သူတွေအတွက် ထိုင်းနိုင်ငံတော်အစိုးရက အမျိုးသား စိုက်ပျိုးရေးအတွက် အကာအကွယ်ပေးတဲ့အနေနဲ့ မြန်မာပြောင်းဆန်တွေကို အကန့်အသတ်နဲ့ ပိတ်ထားတာလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ပြောင်းစိုက်ပျိုးတဲ့ ပြောင်းစိုက်ခင်းတွေ ပိုးမွှားဖျက်ဆီးခံရတဲ့အတွက် ပြောင်းအထွက်နှုန်းကျဆင်းနေပါတယ်။

ဖိုးစီ




ထိုင္းကတင္သြင္းခြင့္ပိတ္လိုက္သျဖင့္ ျမန္မာေျပာင္းဆန္ တန္ ၁ သိန္းခန႔္ ျမဝတီတြင္ ေသာင္တင္
ဖိုးစီ
ျမန္မာ-ထိုင္းနယ္စပ္ ျမ၀တီၿမိဳ႕ကေနတဆင့္ ထိုင္းႏိုင္ငံကို တင္ပို႔ေနတဲ့ ေျပာင္းဆန္ေတြကို ထိုင္းဘက္က ဩဂုတ္ ၃၁ ရက္ကစၿပီး တင္သြင္းခြင့္ပိတ္လိုက္တဲ့အတြက္ ျမဝတီၿမိဳ႕မွာ ေျပာင္းဆန္ေတြ ေသာင္တင္ေနပါတယ္။

ေျပာင္းဆန္တန္ခ်ိန္ ၁ သိန္းဝန္းက်င္ေလာက္ ျမ၀တီၿမိဳ႕မွာ ေသာင္တင္ေနတာ ျဖစ္တယ္လို႔ ျမ၀တီအေျခစိုက္ ျမန္မာကုန္သည္ေတြက ေျပာပါတယ္။

ရွမ္းျပည္နယ္နဲ႔ ဧရာဝတီတိုင္းကထြက္တဲ့ ေျပာင္းဆန္ေတြကို အရင္ႏွစ္က မူဆယ္ကတဆင့္ တ႐ုတ္ႏိုင္ငံကို တင္သြင္းခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ထိုင္းႏိုင္ငံဘက္ကို ဦးတည္တင္ပို႔ေနရတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံကို ျမန္မာေျပာင္းဆန္ေတြ တင္ပို႔ဖို႔အတြက္ သံတမန္နည္းလမ္း ရွာေဖြေနၿပီး ျမန္မာႏိုင္ငံတာဝန္ရွိသူေတြနဲ႔ ထိုင္းႏိုင္ငံတာဝန္ရွိသူေတြ ညႇိႏႈိင္းအေျဖရွာကာ တင္သြင္းခြင့္ ေတာင္းဆိုသြားမယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

ေျပာင္းဆန္၀ယ္လိုအားရွိတဲ့ ထိုင္းလုပ္ငန္းရွင္ခ်ိဳ႕ကလည္း လိုအပ္ခ်က္ရွိေနတဲ့ အေၾကာင္းျပခ်က္ျဖင့္ လက္က်န္ေျပာင္းဆန္ေတြကိုေတာ့ တင္သြင္းဖို႔ စာရင္းေကာက္ေနၿပီး ျမဝတီၿမိဳ႕နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္းသို႔ စာရင္းတင္ျပသြားမယ္လို႔လည္း ေျပာင္းဆန္ ကုန္သည္ေတြက ေျပာပါတယ္။

ထိုင္းႏိုင္ငံအတြင္း ေျပာင္းစိုက္ေတာင္သူေတြအတြက္ ထိုင္းႏိုင္ငံေတာ္အစိုးရက အမ်ိဳးသား စိုက္ပ်ိဳးေရးအတြက္ အကာအကြယ္ေပးတဲ့အေနနဲ႔ ျမန္မာေျပာင္းဆန္ေတြကို အကန႔္အသတ္နဲ႔ ပိတ္ထားတာလို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံမွာ ေျပာင္းစိုက္ပ်ိဳးတဲ့ ေျပာင္းစိုက္ခင္းေတြ ပိုးမႊားဖ်က္ဆီးခံရတဲ့အတြက္ ေျပာင္းအထြက္ႏႈန္းက်ဆင္းေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013