
လီဗာပူးအသင်းဟာ ဂျန့်ခ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ဘယ်လ်ဂျီယံ ဂိုးသမား လူကာ ဘရူးမန်းကို ပေါင်သန်း ၃၀ နီးပါးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။
ဘရူးမန်းဟာ လီဗာပူးအသင်းနဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ သူဟာ ယခုရာသီမှာ ဂျန့်ခ်အသင်းဆီ အငှားစာချုပ်ဖြင့် ဆက်လက် ကစားသွားမှာ ဖြစ်ပြီး ၂၀၂၇-၂၈ ရာသီကျမှသာ အန်းဖီးလ်ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အနာဂတ် ကော်တိုရစ်လို့ တင်စားခံထားရတဲ့ ဘရူးမန်းကို ရီးရဲလ်မက်ဒရစ် အပါအဝင် တခြားကလပ်တွေထက် လက်ဦးမှုယူ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပီအက်စ်ဂျီမှ ဘာကိုလာကို ပေါင် ၁၂၃ သန်းနဲ့ ခေါ်ယူထားတာလည်း ဖြစ်ပါတယ်။











