DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသည့် လင်မယား သတ်ဖြတ်ခံရ
DVB
·
September 2, 2019
ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသည့် လင်မယား သတ်ဖြတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာက ကန်းစောက်တံတားနားမှာ ကုန်စုံဆိုင်ဖွင့်ပြီး စျေးရောင်းချနေတဲ့ လင်မယားကို အမည်မသိလူတစုက ဓားနဲ့ထိုးသတ်သွားခဲ့တယ်လို့ ဝါးတောင်ကျေးရွာသားတွေက ပြောပါတယ်။

စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ကုန်စုံဆိုင်ရောင်းချနေတဲ့ လင်မယားကို အမည်မသိ လူတစုက ဆိုင်ထဲကို ဝင်ရောက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ဝါးတောင်ကျေးရွာသားတဦးက ဒီဗွီဘီကိုပြောပါတယ်။

“သူတို့ကုန်စုံဆိုင်ဖွင့်ပြီးရောင်းနေတာ၊ ည ၆ နာရီလောက်မှာဖြစ်မယ်။ လူတစုကလ လာရောက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တာ၊ ဇနီးဖြစ်သူကတော့ လည်ပင်း ပြတ်ရှဒဏ်ရာတချက်ရယ်။ ရင်ဘတ်တွေ၊ နို့အုံတွေမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးသွားတယ်။ ယောက်ျားဖြစ်သူကတော့ ဓားဒဏ်ရာ အချက်ပေါင်းစွာနဲ့သေဆုံးသွားတယ်။ ကျနော်တို့နဲ့ ရဲတပ်ဖွဲ့ဝင်သွားကြည့်တော့ ၆ နာရီထိုးနေပြီ” လို့ပြောပါတယ်။

သေဆုံးသူ ဦးရဲလွင်အသက် ၅၂ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်တင်တင်ထွေး ၄၉ နှစ်မှာ ဝါးတောင်ကျေးရွာနေထိုင်လာတာ နှစ် ၂၀ ကျော်ရှိနေပြီ စစ်တွေ- ရန်ကုန်ကားလမ်းမှာ စျေးရောင်းချနေတာဖြစ်ပါတယ်။

အမည်မဖော်လိုသူ ဝါးတောင်ကျေးရွာသားတဦးက “ကျနော်တို့အခုပဲ သူတို့ကို သင်္ဂြိုဟ်ပြီး ပြန်လာတာ၊ အခုသူတို့ နှစ်ယောက်ကို အပေါက်ဝမှာ သင်္ဂြိုဟ်လိုက်ပါပြီ၊ အပေါက်ဝရဲစခန်းမှာ စစ်ဆေးချက်တွေ ယူတယ်။ သူတို့သေဆုံးမှုနဲ့ ပတ်သက်လို့ အပေါက်ဝရဲစခန်းမှာ အမှုဖွင့်ထား လိုက်တယ်။ ဘယ်သူတွေ သတ်သွားတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ အကြောင်းတခုခုတော့ ရှိလိမ့်မယ်” လို့ပြောပါတယ်။

သေဆုံးသူ ဦးရဲလွင်ရဲ့ ဈေးဆိုင်ခန်းနေရာနဲ့ ကန်းစောက်ရဲစခန်း နေရာဆိုရင် ပေ ၄၀၀ ကျော်ပဲအကွာအဝေးရှိနေတာပါ။ အခုကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကိုသိရှိဖို့ ကန်စောက်ရဲစခန်းက စခန်းမှူးကို ဖုန်းဆက်သွယ်ခဲ့မယ့် ဖုန်းမှားနေတယ်ဆိုပြီး ဖြေဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

သေဆုံးသွားသူ ဇနီးမောင်နှံမှာ တက္ကသိုလ်ဒုတိယနှစ် ကျောင်သားတယောက်နဲ့ ၁၂ နှစ်သမီးတယောက် ကျန်ရှိခဲ့တယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။ 

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို




ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ေဈးေရာင္းသည့္ လင္မယား သတ္ျဖတ္ခံရ

ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဝါးေတာင္ေက်း႐ြာက ကန္းေစာက္တံတားနားမွာ ကုန္စုံဆိုင္ဖြင့္ၿပီး ေစ်းေရာင္းခ်ေနတဲ့ လင္မယားကို အမည္မသိလူတစုက ဓားနဲ႔ထိုးသတ္သြားခဲ့တယ္လို႔ ဝါးေတာင္ေက်း႐ြာသားေတြက ေျပာပါတယ္။

စက္တင္ဘာ ၁ ရက္ ညေန ၆ နာရီဝန္းက်င္ေလာက္က ကုန္စုံဆိုင္ေရာင္းခ်ေနတဲ့ လင္မယားကို အမည္မသိ လူတစုက ဆိုင္ထဲကို ဝင္ေရာက္ၿပီး ဓားနဲ႔ထိုးသတ္ခဲ့တာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုသူ ဝါးေတာင္ေက်း႐ြာသားတဦးက ဒီဗြီဘီကိုေျပာပါတယ္။

“သူတို႔ကုန္စုံဆိုင္ဖြင့္ၿပီးေရာင္းေနတာ၊ ည ၆ နာရီေလာက္မွာျဖစ္မယ္။ လူတစုကလ လာေရာက္ၿပီး ဓားနဲ႔ထိုးသတ္ခဲ့တာ၊ ဇနီးျဖစ္သူကေတာ့ လည္ပင္း ျပတ္ရွဒဏ္ရာတခ်က္ရယ္။ ရင္ဘတ္ေတြ၊ ႏို႔အုံေတြမွာ ဓားဒဏ္ရာေတြနဲ႔ေသဆုံးသြားတယ္။ ေယာက္်ားျဖစ္သူကေတာ့ ဓားဒဏ္ရာ အခ်က္ေပါင္းစြာနဲ႔ေသဆုံးသြားတယ္။ က်ေနာ္တို႔နဲ႔ ရဲတပ္ဖြဲ႕ဝင္သြားၾကည့္ေတာ့ ၆ နာရီထိုးေနၿပီ” လို႔ေျပာပါတယ္။

ေသဆုံးသူ ဦးရဲလြင္အသက္ ၅၂ ႏွစ္နဲ႔ ဇနီးျဖစ္သူ ေဒၚတင္တင္ေထြး ၄၉ ႏွစ္မွာ ဝါးေတာင္ေက်း႐ြာေနထိုင္လာတာ ႏွစ္ ၂၀ ေက်ာ္ရွိေနၿပီ စစ္ေတြ- ရန္ကုန္ကားလမ္းမွာ ေစ်းေရာင္းခ်ေနတာျဖစ္ပါတယ္။

အမည္မေဖာ္လိုသူ ဝါးေတာင္ေက်း႐ြာသားတဦးက “က်ေနာ္တို႔အခုပဲ သူတို႔ကို သၿဂႋဳဟ္ၿပီး ျပန္လာတာ၊ အခုသူတို႔ ႏွစ္ေယာက္ကို အေပါက္ဝမွာ သၿဂႋဳဟ္လိုက္ပါၿပီ၊ အေပါက္ဝရဲစခန္းမွာ စစ္ေဆးခ်က္ေတြ ယူတယ္။ သူတို႔ေသဆုံးမႈနဲ႔ ပတ္သက္လို႔ အေပါက္ဝရဲစခန္းမွာ အမႈဖြင့္ထား လိုက္တယ္။ ဘယ္သူေတြ သတ္သြားတယ္ဆိုတာ က်ေနာ္တို႔လည္း မသိဘူး။ အေၾကာင္းတခုခုေတာ့ ရွိလိမ့္မယ္” လို႔ေျပာပါတယ္။

ေသဆုံးသူ ဦးရဲလြင္ရဲ႕ ေဈးဆိုင္ခန္းေနရာနဲ႔ ကန္းေစာက္ရဲစခန္း ေနရာဆိုရင္ ေပ ၄၀၀ ေက်ာ္ပဲအကြာအေဝးရွိေနတာပါ။ အခုကိစၥနဲ႔ပတ္သက္လို႔ အေသးစိတ္ကိုသိရွိဖို႔ ကန္ေစာက္ရဲစခန္းက စခန္းမႉးကို ဖုန္းဆက္သြယ္ခဲ့မယ့္ ဖုန္းမွားေနတယ္ဆိုၿပီး ေျဖဆိုပါတယ္။

ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝနယ္ေျမရဲစခန္းကို ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

ေသဆုံးသြားသူ ဇနီးေမာင္ႏွံမွာ တကၠသိုလ္ဒုတိယႏွစ္ ေက်ာင္သားတေယာက္နဲ႔ ၁၂ ႏွစ္သမီးတေယာက္ က်န္ရွိခဲ့တယ္လို႔ ေက်း႐ြာေဒသခံေတြကေျပာပါတယ္။

သတင္း-ဓာတ္ပုံ- ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013