DVB Logo
Home
မြန်မာသတင်း
ကျောင်းအထွေထွေလုပ်သားအဖြစ် ဆက်လုပ်သွားမည်ဟု ကျပ်သိန်း ၁၅၀၀၀ ဆုရှင်ပြော
DVB
·
September 2, 2019
ကျောင်းအထွေထွေလုပ်သားအဖြစ် ဆက်လုပ်သွားမည်ဟု ကျပ်သိန်း ၁၅၀၀၀ ဆုရှင်ပြော
Donate to DVB

၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း ၁၅၀၀၀ အထူးဆုကို မွန်ပြည်နယ်။ မော်လမြိုင်မြို့က ကျောင်းအထွေထွေလုပ်သား တဦးက ဆွတ်ခူးရရှိသွားပါတယ်။ 

ကျပ်သိန်း ၁၅၀၀၀ ဆု ဆွတ်ခူးခဲ့တဲ့ ကိုကျော်မျိုးဝင်းဟာ မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ တာဝန်ထမ်းဆောင်နေရင်း ဆိုင်ကယ်တက္ကစီ မောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေသူပါ။

ကိုကျော်မျိုးဝင်းဟာ အခုလထွက်မယ့် အောင်ဘာလေထီကို မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံး စာရေးမတဦးဆီကနေ ထိုးခဲ့တာ ဖြစ်ပြီး အရင်ကလည်း မကြာခဏ ဆိုသလို ၅ သောင်းဆုတွေပေါက်ဖူးပါတယ်။

ကိုကျော်မျိုးဝင်းမှာ သားသမီး သုံး ဦး ရှိပြီး သူတာဝန်ကျရာ ကျောင်းမှာပဲစာသင်ကြားနေကြတာပါ၊ သူရဲ့ အမျိုးသမီးကတော့ စကားမပြောတတ်တဲ့ မသန်းစွမ်းသူတဦးဖြစ်ပါတယ်။

အခုအခါ ထီပေါက်သွားပေမယ့် ဒီကျောင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်သွားဖို့ နဲ့ဆိုင်ကယ်တက္ကစီမောင်းတဲ့ အလုပ်ကို ဆက်လုပ်သွားမယ်လို့  ကိုကျော်မျိုးဝင်း(ခ) အုန်းသီးက ပြောပါတယ်။

အခုလို ကျပ်သိန်း ၁၅၀၀၀ ဆု ဆွတ်ခူးခဲ့တဲ့အတွက်ကြောင့် စာသင်ကျောင်းမှာခန်းမကြီး တဆောင် ဆောက်လုပ်လှူဒါန်းသွားမယ်လို့လည်းဆိုပါတယ်။ ကိုကျော်မျိုးဝင်းတို့ မိသားစုဟာ ကျောင်းအတွင်းမှာသာ နေထိုင်ကြတာဖြစ်ပြီး၊ အခုလို ထီပေါက်တဲ့အတွက်ကြောင့် အတိုင်းမသိ ဝမ်းသာမိတယ်လို့ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ကြည်ကြည်လှိုင်က ပြောပါတယ်။

ကိုကျော်မျိူးဝင်း ဆွတ်ခူးခဲ့တဲ့ ကျပ်သိန်း ၁၅၀၀၀ ထီဂဏန်းဟာ ဆ ၁၉၃၉၉၇ဖြစ်ပြီး၊ ၅ စောင်တွဲ ထိုးခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်ဟာဆိုရင် အခုတစ်ကြိမ် အပါအဝင် ကျပ်သိန်း ၁၅၀၀၀ ထီဆုကြီးကိုဒုတိယအကြိမ် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး၊ ပထမအကြိမ်မှာတော့ မွန်ပြည်နယ်လွှတ်တော်ရုံးက ရုံးအကူဝန်ထမ်း တဦး ပေါက်ထားပါတယ်။ 

သတင်း-ဇော်လွင်ထွတ် 




ေက်ာင္းအေထြေထြလုပ္သားအျဖစ္ ဆက္လုပ္သြားမည္ဟု က်ပ္သိန္း ၁၅၀၀၀ ဆုရွင္ေျပာ
DVB

၇ ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္း ၁၅၀၀၀ အထူးဆုကို မြန္ျပည္နယ္။ ေမာ္လၿမိဳင္ၿမိဳ႕က ေက်ာင္းအေထြေထြလုပ္သား တဦးက ဆြတ္ခူးရရွိသြားပါတယ္။

က်ပ္သိန္း ၁၅၀၀၀ ဆု ဆြတ္ခူးခဲ့တဲ့ ကိုေက်ာ္မ်ိဳးဝင္းဟာ ေမာ္လၿမိဳင္ၿမိဳ႕ ငန္းေတးရပ္ကြက္ရွိ အေျခခံပညာ အထက္တန္းေက်ာင္းခြဲမွာ တာဝန္ထမ္းေဆာင္ေနရင္း ဆိုင္ကယ္တကၠစီ ေမာင္းတဲ့ အလုပ္ကိုလုပ္ကိုင္ေနသူပါ။

ကိုေက်ာ္မ်ိဳးဝင္းဟာ အခုလထြက္မယ့္ ေအာင္ဘာေလထီကို ေမာ္လၿမိဳင္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံး စာေရးမတဦးဆီကေန ထိုးခဲ့တာ ျဖစ္ၿပီး အရင္ကလည္း မၾကာခဏ ဆိုသလို ၅ ေသာင္းဆုေတြေပါက္ဖူးပါတယ္။

ကိုေက်ာ္မ်ိဳးဝင္းမွာ သားသမီး သုံး ဦး ရွိၿပီး သူတာဝန္က်ရာ ေက်ာင္းမွာပဲစာသင္ၾကားေနၾကတာပါ၊ သူရဲ႕ အမ်ိဳးသမီးကေတာ့ စကားမေျပာတတ္တဲ့ မသန္းစြမ္းသူတဦးျဖစ္ပါတယ္။
အခုအခါ ထီေပါက္သြားေပမယ့္ ဒီေက်ာင္းမွာ ဆက္လက္ တာဝန္ထမ္းေဆာင္သြားဖို႔ နဲ႔ဆိုင္ကယ္တကၠစီေမာင္းတဲ့ အလုပ္ကို ဆက္လုပ္သြားမယ္လို႔ ကိုေက်ာ္မ်ိဳးဝင္း(ခ) အုန္းသီးက ေျပာပါတယ္။

အခုလို က်ပ္သိန္း ၁၅၀၀၀ ဆု ဆြတ္ခူးခဲ့တဲ့အတြက္ေၾကာင့္ စာသင္ေက်ာင္းမွာခန္းမႀကီး တေဆာင္ ေဆာက္လုပ္လႉဒါန္းသြားမယ္လို႔လည္းဆိုပါတယ္။ ကိုေက်ာ္မ်ိဳးဝင္းတို႔ မိသားစုဟာ ေက်ာင္းအတြင္းမွာသာ ေနထိုင္ၾကတာျဖစ္ၿပီး၊ အခုလို ထီေပါက္တဲ့အတြက္ေၾကာင့္ အတိုင္းမသိ ဝမ္းသာမိတယ္လို႔ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚၾကည္ၾကည္လႈိင္က ေျပာပါတယ္။

ကိုေက်ာ္မ်ိဴးဝင္း ဆြတ္ခူးခဲ့တဲ့ က်ပ္သိန္း ၁၅၀၀၀ ထီဂဏန္းဟာ ဆ ၁၉၃၉၉၇ျဖစ္ၿပီး၊ ၅ ေစာင္တြဲ ထိုးခဲ့တာ ျဖစ္ပါတယ္။

ေမာ္လၿမိဳင္ဟာဆိုရင္ အခုတစ္ႀကိမ္ အပါအဝင္ က်ပ္သိန္း ၁၅၀၀၀ ထီဆုႀကီးကိုဒုတိယအႀကိမ္ ဆြတ္ခူးခဲ့တာ ျဖစ္ၿပီး၊ ပထမအႀကိမ္မွာေတာ့ မြန္ျပည္နယ္လႊတ္ေတာ္႐ုံးက ႐ုံးအကူဝန္ထမ္း တဦး ေပါက္ထားပါတယ္။
သတင္း-ေဇာ္လြင္ထြတ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013