DVB Logo
Home
မြန်မာသတင်း
ကုသိုလ်တော်ဘုရား စေတီ ၈ ဆူ ငလျင်ဒဏ်ကြောင့် အက်ကြောင်းများ ဖြစ်ပေါ်
DVB
·
September 2, 2019
ကုသိုလ်တော်ဘုရား စေတီ ၈ ဆူ ငလျင်ဒဏ်ကြောင့် အက်ကြောင်းများ ဖြစ်ပေါ်
1 / 7
Donate to DVB

မန္တလေး အောင်မြေသာစံမြို့နယ် ကုသိုလ်တော်ဘုရားဝင်းအတွင်းက ပိဋကတ်သုံးပုံ ကျောက်စာတွေထားရှိတဲ့ စေတီပေါင်း ၇၃၁ ဆူရှိတဲ့အနက် စေတီ ၈ ဆူဟာ သြဂုတ် ၃၁ရက်က ရွှေဘိုမှာလှုပ်ခဲ့တဲ့ ငလျင်ကြောင့် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကုသိုလ်တော်ဘုရားသမိုင်းဝင် ကျောက်စာ စေတီပေါင်း ၇၃၁ ဆူရှိတဲ့ အနက်မြောက်ဘက်ခြမ်း အနောက်ဘက်စေတီအမှတ် ၄၉၄၊ ၄၉၆၊ ၄၉၇ စေတီ ၃ ဆူ၊ မြောက်ဘက်အရှေဘက်ခြမ်း စေတီအမှတ် ၄၉၉၊ ၃၅၅ စေတီ ၂ ဆူ၊ အနောက် မြောက်ဘက်စေတီအမှတ် ၂၁၂၊ ၂၁၃ စေတီ ၂ဆူ၊  အနောက်တောင်ဘက်စေတီအမှတ် ၄၄၄ ၁ဆူ၊ စုစုပေါင်း စေတီ ၈ ဆူ အက်ကွဲသွားခဲ့တာပါ။ 

 ဩဂုတ် ၃၁ ရက် ည၉ နာရီလောက်က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကုသိုလ်တော်ဘုရားဂေါပကက တာဝန်ရှိသူဖြစ်တဲ့ ဒေါ်ဆုမွန်နဲ့ လုံခြုံရေးဝန်ထမ်းတွေက စက်တင်ဘာ ၁ ရက် မနက်က လှည့်ကြည့်ရှုစစ်ဆေးရာမှာ အက်ကွဲသွားတဲ့ စေတီတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး  ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနသို့ တင်ပြထားတယ်လို့ ကုသိုလ်တော်ဘုရားဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

ကုသိုလ်တော်ဘုရားဝင်းအတွင်းက ကျောက်စာစေတီတော်ပေါင်း ၇၃၁ ဆူကို မင်းတုန်းမင်းတရားကြီးက တည်ထားဖြစ်ပြီး ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ အမွေအနှစ်တခုလည်းဖြစ်ပါတယ်။




ကုသိုလ္ေတာ္ဘုရား ေစတီ ၈ ဆူ ငလ်င္ဒဏ္ေၾကာင့္ အက္ေၾကာင္းမ်ား ျဖစ္ေပၚ
ေအာင္ေအာင္ႏိုင္

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ကုသိုလ္ေတာ္ဘုရားဝင္းအတြင္းက ပိဋကတ္သုံးပုံ ေက်ာက္စာေတြထားရွိတဲ့ ေစတီေပါင္း ၇၃၁ ဆူရွိတဲ့အနက္ ေစတီ ၈ ဆူဟာ ၾသဂုတ္ ၃၁ရက္က ေ႐ႊဘိုမွာလႈပ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အက္ကြဲေၾကာင္းေတြ ျဖစ္ေပၚခဲ့ပါတယ္။

ကုသိုလ္ေတာ္ဘုရားသမိုင္းဝင္ ေက်ာက္စာ ေစတီေပါင္း ၇၃၁ ဆူရွိတဲ့ အနက္ေျမာက္ဘက္ျခမ္း အေနာက္ဘက္ေစတီအမွတ္ ၄၉၄၊ ၄၉၆၊ ၄၉၇ ေစတီ ၃ ဆူ၊ ေျမာက္ဘက္အေရွဘက္ျခမ္း ေစတီအမွတ္ ၄၉၉၊ ၃၅၅ ေစတီ ၂ ဆူ၊ အေနာက္ ေျမာက္ဘက္ေစတီအမွတ္ ၂၁၂၊ ၂၁၃ ေစတီ ၂ဆူ၊ အေနာက္ေတာင္ဘက္ေစတီအမွတ္ ၄၄၄ ၁ဆူ၊ စုစုေပါင္း ေစတီ ၈ ဆူ အက္ကြဲသြားခဲ့တာပါ။

ဩဂုတ္ ၃၁ ရက္ ည၉ နာရီေလာက္က ငလ်င္လႈပ္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြကို ကုသိုလ္ေတာ္ဘုရားေဂါပကက တာဝန္ရွိသူျဖစ္တဲ့ ေဒၚဆုမြန္နဲ႔ လုံၿခဳံေရးဝန္ထမ္းေတြက စက္တင္ဘာ ၁ ရက္ မနက္က လွည့္ၾကည့္ရႈစစ္ေဆးရာမွာ အက္ကြဲသြားတဲ့ ေစတီေတြကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေရွးေဟာင္းယဥ္ေက်းမႈဦးစီးဌာနသို႔ တင္ျပထားတယ္လို႔ ကုသိုလ္ေတာ္ဘုရားဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

ကုသိုလ္ေတာ္ဘုရားဝင္းအတြင္းက ေက်ာက္စာေစတီေတာ္ေပါင္း ၇၃၁ ဆူကို မင္းတုန္းမင္းတရားႀကီးက တည္ထားျဖစ္ၿပီး ဂင္းနစ္မွတ္တမ္းဝင္ ကမာၻ႔အႀကီးဆုံး စာအုပ္ႀကီးအျဖစ္ သတ္မွတ္ခံထားရတဲ့ အေမြအႏွစ္တခုလည္းျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013