DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် သိုးမွှေးစက်ရုံ အလုပ်သမားများ အလုပ်သမားရပိုင်ခွင့်အတွက် ဆန္ဒပြ
DVB
·
September 2, 2019
ပုသိမ်မြို့တွင် သိုးမွှေးစက်ရုံ အလုပ်သမားများ အလုပ်သမားရပိုင်ခွင့်အတွက် ဆန္ဒပြ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ Myanmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှာ အခြေခံဝန်ထမ်းအခွင့်အရေးတွေချိုးဖောက်ခံနေရတာကြောင့် အလုပ်သမား ၃၀၀ နီးပါးဟာ ဒီနေ့မနက်အလုပ်ဆင်းချိန် စက်ရုံထဲကိုဝင်ရောက်ခြင်းမပြုဘဲ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံမှာ အိမ်သာတွေမလုံလောက်ပဲ ညစ်ပတ်နေတာ၊ အလုပ်ချိန်အတွင်း ရေသောက်တာ အပေါ့အပါးသွားတာကို ကန့်သတ်ထားတာ၊ လုပ်အားခနည်းပါးတာ၊ အချိန်ပိုကြေးမရရှိတာစတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကြောင့် ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ သိုးမွေးအထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ အထည်ချုပ်လုပ်သား ကိုအောင်ဆန်းဦးက "ဝန်ထမ်းတွေက အချိန်ပို မဆင်းချင်တာကို  အတင်းအကျပ်ခေါ်တာ၊ ချိန်းခြောက်ပြီးခေါ်တာ၊ ခွင့်ခံစားခွင့်ကို အသိမပေးတာတွေ၊ မကြေညာပေးဘဲ ဖုံးဖိထားပါတယ်။ ခွင့်ယူတဲ့သူတွေကိုလည်း ကောင်းကောင်းမွန်မွန်မပေးပါဘူး။ အဓိကက သောက်ရေသုံးရေ လုံလောက်အောင်မပေးတာ အိမ်သာတွေ မသန့်ရှင်းညစ်ပါတ်တာ၊ ကျန်းမာရေး အရချိုးဖောက်ခံနေရပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင်အိမ်သာတံခါးတွေ ပျက်စီးနေတာနဲ့ အိမ်သာရေပိုက်တွေ မသန့်ရှင်းတာတွေကို အမြန်ဆုံးပြင်ဆင် လုပ်ကိုင်ပေးဖို့၊ သောက်ရေသန့်ဘူးတွေ လုံလောက်စွာထားရှိပေးဖို့၊ အလုပ်သမားတွေ ရေသောက်တဲ့အချိန်မှာ လွတ်လပ်စွာ ရေသောက်ခွင့်ပေးဖို့စတဲ့ တောင်းဆိုချက် (၄၅) ချက်ကို သိုးမွှေးအထည်ချုပ်စက်ရုံ အလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ မခခက "နောက်ဆုံးအိမ်သာတွေကအစ မလောက်ဘူး။ ပျက်စီးနေတယ် ဘဲမွေးတွေပျံ့နှံ့နေတယ်။ ရေသန့်ဘူးတွေ မလောက်ဘူး၊ ကုန်ကုန်ပြောရရင် ညနေ ၆ နာရီကနေ ၈ နာရီအထိ အချိန်ပိုခေါ်တဲ့အချိန် သေးလုံးဝမပေါက်ရဘူးလို့ တရားဝင်အမိန့်ထုတ်ပြန်ထားတယ်" လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမား ၁၅၀၀ ကျော်ဟာလည်း ဇူလိုင် ၂၉ ရက်က အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း- မြမင်းဦး(ပုသိမ်)




ပုသိမ္ၿမိဳ႕တြင္ သိုးေမႊးစက္႐ုံ အလုပ္သမားမ်ား အလုပ္သမားရပိုင္ခြင့္အတြက္ ဆႏၵျပ

ျမမင္းဦး(ပုသိမ္)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ရွိ Myanmar Knitting သိုးေမႊးအထည္ခ်ဳပ္စက္႐ုံမွာ အေျခခံဝန္ထမ္းအခြင့္အေရးေတြခ်ိဳးေဖာက္ခံေနရတာေၾကာင့္ အလုပ္သမား ၃၀၀ နီးပါးဟာ ဒီေန႔မနက္အလုပ္ဆင္းခ်ိန္ စက္႐ုံထဲကိုဝင္ေရာက္ျခင္းမျပဳဘဲ စက္႐ုံေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။

စက္႐ုံမွာ အိမ္သာေတြမလုံေလာက္ပဲ ညစ္ပတ္ေနတာ၊ အလုပ္ခ်ိန္အတြင္း ေရေသာက္တာ အေပါ့အပါးသြားတာကို ကန႔္သတ္ထားတာ၊ လုပ္အားခနည္းပါးတာ၊ အခ်ိန္ပိုေၾကးမရရွိတာစတဲ့ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတာေၾကာင့္ ဆႏၵေဖာ္ထုတ္ရတာ ျဖစ္တယ္လို႔ သိုးေမြးအထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြက ေျပာပါတယ္။

ဆႏၵေဖာ္ထုတ္ပြဲဦးေဆာင္သူ အထည္ခ်ဳပ္လုပ္သား ကိုေအာင္ဆန္းဦးက "ဝန္ထမ္းေတြက အခ်ိန္ပို မဆင္းခ်င္တာကို  အတင္းအက်ပ္ေခၚတာ၊ ခ်ိန္းေျခာက္ၿပီးေခၚတာ၊ ခြင့္ခံစားခြင့္ကို အသိမေပးတာေတြ၊ မေၾကညာေပးဘဲ ဖုံးဖိထားပါတယ္။ ခြင့္ယူတဲ့သူေတြကိုလည္း ေကာင္းေကာင္းမြန္မြန္မေပးပါဘူး။ အဓိကက ေသာက္ေရသုံးေရ လုံေလာက္ေအာင္မေပးတာ အိမ္သာေတြ မသန႔္ရွင္းညစ္ပါတ္တာ၊ က်န္းမာေရး အရခ်ိဳးေဖာက္ခံေနရပါတယ္"လို႔ ေျပာပါတယ္။

ဒါ့အျပင္အိမ္သာတံခါးေတြ ပ်က္စီးေနတာနဲ႔ အိမ္သာေရပိုက္ေတြ မသန႔္ရွင္းတာေတြကို အျမန္ဆုံးျပင္ဆင္ လုပ္ကိုင္ေပးဖို႔၊ ေသာက္ေရသန႔္ဘူးေတြ လုံေလာက္စြာထားရွိေပးဖို႔၊ အလုပ္သမားေတြ ေရေသာက္တဲ့အခ်ိန္မွာ လြတ္လပ္စြာ ေရေသာက္ခြင့္ေပးဖို႔စတဲ့ ေတာင္းဆိုခ်က္ (၄၅) ခ်က္ကို သိုးေမႊးအထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

ဆႏၵေဖာ္ထုတ္ပြဲဦးေဆာင္သူ မခခက "ေနာက္ဆုံးအိမ္သာေတြကအစ မေလာက္ဘူး။ ပ်က္စီးေနတယ္ ဘဲေမြးေတြပ်ံ႕ႏွံ႔ေနတယ္။ ေရသန႔္ဘူးေတြ မေလာက္ဘူး၊ ကုန္ကုန္ေျပာရရင္ ညေန ၆ နာရီကေန ၈ နာရီအထိ အခ်ိန္ပိုေခၚတဲ့အခ်ိန္ ေသးလုံးဝမေပါက္ရဘူးလို႔ တရားဝင္အမိန႔္ထုတ္ျပန္ထားတယ္" လို႔ ေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ ၁၃ ရပ္ကြက္ စက္မႈဇုန္မွာရွိတဲ့ Amava Apparel အထည္ခ်ဳပ္စက္႐ုံက အလုပ္သမား ၁၅၀၀ ေက်ာ္ဟာလည္း ဇူလိုင္ ၂၉ ရက္က အလုပ္သမား အခြင့္အေရးအတြက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

သတင္း- ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013