DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ရွာသား ၁ ဦး သေနတ်ပစ်ခံရ
DVB
·
September 2, 2019
သီပေါတွင် ရွာသား ၁ ဦး သေနတ်ပစ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ထဲမှာ စက်တင်ဘာ ၁ရက် ညက ရပ်ကွက်ထဲအလည်လာသူ ရွာသား ၁ ဦး သေနတ်ပစ်ခံခဲ့ရပါတယ်။

သီပေါမြို့နယ် တာလုံရွာက အသက် ၅၄ နှစ်အရွယ် ဦးဇောတိကဟာ  ပန်းတိမ်တောင် ရပ်ကွက်ရှိ မိတ်တွေတဦးရဲ့နေအိမ်ကို အလည်အပတ်လာ ရောက်စဉ် အမည်မသိ သေနတ်သမားက အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ ပစ်သွားတာလို့ သီပေါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် စိုင်းလောဝ်ဆိုင်က ဒီဗွီဘီကိုပြောပါတယ်။

“မနေ့ည ၈ နာရီကျော်လောက်က ပန်းတိမ်တောင်ရပ်ကွက်ထဲမှာ လူတယောက်ကို သေနတ်နဲ့ပစ်သွားတဲ့ အကြောင်း ကနေ့မနက်မှ သိရတယ်။  အဲဒီရပ်ကွက်ထဲကလူတွေ ပြောပြတာကတော့ သူက တာလုံရွာသား၊ သူ့သူငယ်ချင်း စိုင်းကမ်ဆီလာလည်ရင်းနဲ့ ဘိလိယက်ထိုး နေကြတာ။ အဲဒီခါမှာ သေနတ်သမားကို အိမ်ပေါ်တက်လာပြီး သူ့နာမည်ကိုမေးတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်ပြီးပြန်ထွက်ပြေးသွားတာတဲ့၊ အပစ်ခံရတဲ့ သူကတော့ ဗိုက်နားမှာ ၁ ချက်၊ ညာဘက်ခြေထောက်မှာ ၂ ချက် ဒဏ်ရာရသွားတယ်။”

သေနတ်သမားရဲ့ ပုံစံကိုတော့ မသိရကြောင်း၊ ဦးဇောတိကဟာ လယ်ယာခြံလုပ်ငန်း လုပ်ကိုင်သူ သာမန်ရွာသား ၁ ဦးအဖြစ်သာသိရပြီး အခြားဘယ်လိုပြဿနာကြောင့် အပစ်ခံရသလဲ ဆိုတာတော့ မသိဘူးလို့ဆိုပါတယ်။

သီပေါနယ်စည်းမခြားပရဟိတအဖွဲ့ကလည်း အပစ်ခံရသူကို  သီပေါဆေးရုံကနေတဆင့် လားရှိုးဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ အဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာရလူနာကို လားရှိုးဆေးရုံဆက်ပို့ပေးဖို့ သီပေါရဲစခန်းက အကြောင်းကြားတဲ့အတွက် ကျနော်တို့ ပရဟိတကားနဲ့ မနေ့ညက ညတွင်းချင်းပဲပို့ပေးခဲ့ပါတယ်။ ဒဏ်ရာက ခါးမှာ ၁ ချက်၊ ခြေထောက်မှာ ၁ ချက်၊ ပြင်းထန်လား မပြင်းထန်လားဆိုတာတော့ ကျနော်က ကွတ်ခိုင်ရောက်နေလို့ မသိပါဘူး။ ကျနော်တို့ အဖွဲ့ကို ပို့ပေးဖို့ ဒီကနေလှမ်းပြောလိုက်တာ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး သီပေါမြို့နယ်ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေကြားပေးသူ မရှိသေးပါဘူး။


သီေပါတြင္ ႐ြာသား ၁ ဦး ေသနတ္ပစ္ခံရ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ပန္းတိမ္ေတာင္ရပ္ကြက္ထဲမွာ စက္တင္ဘာ ၁ရက္ ညက ရပ္ကြက္ထဲအလည္လာသူ ႐ြာသား ၁ ဦး ေသနတ္ပစ္ခံခဲ့ရပါတယ္။

သီေပါၿမိဳ႕နယ္ တာလုံ႐ြာက အသက္ ၅၄ ႏွစ္အ႐ြယ္ ဦးေဇာတိကဟာ ပန္းတိမ္ေတာင္ ရပ္ကြက္ရွိ မိတ္ေတြတဦးရဲ႕ေနအိမ္ကို အလည္အပတ္လာ ေရာက္စဥ္ အမည္မသိ ေသနတ္သမားက အိမ္ေပၚတက္လာၿပီး ေသနတ္နဲ႔ ပစ္သြားတာလို႔ သီေပါ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမႈေဆာင္ စိုင္းေလာဝ္ဆိုင္က ဒီဗြီဘီကိုေျပာပါတယ္။ “မေန႔ည ၈ နာရီေက်ာ္ေလာက္က ပန္းတိမ္ေတာင္ရပ္ကြက္ထဲမွာ လူတေယာက္ကို ေသနတ္နဲ႔ပစ္သြားတဲ့ အေၾကာင္း ကေန႔မနက္မွ သိရတယ္။ အဲဒီရပ္ကြက္ထဲကလူေတြ ေျပာျပတာကေတာ့ သူက တာလုံ႐ြာသား၊ သူ႔သူငယ္ခ်င္း စိုင္းကမ္ဆီလာလည္ရင္းနဲ႔ ဘိလိယက္ထိုး ေနၾကတာ။ အဲဒီခါမွာ ေသနတ္သမားကို အိမ္ေပၚတက္လာၿပီး သူ႔နာမည္ကိုေမးတယ္။ ၿပီးေတာ့ ေသနတ္နဲ႔ ပစ္ၿပီးျပန္ထြက္ေျပးသြားတာတဲ့၊ အပစ္ခံရတဲ့ သူကေတာ့ ဗိုက္နားမွာ ၁ ခ်က္၊ ညာဘက္ေျခေထာက္မွာ ၂ ခ်က္ ဒဏ္ရာရသြားတယ္။” ေသနတ္သမားရဲ႕ ပုံစံကိုေတာ့ မသိရေၾကာင္း၊ ဦးေဇာတိကဟာ လယ္ယာၿခံလုပ္ငန္း လုပ္ကိုင္သူ သာမန္႐ြာသား ၁ ဦးအျဖစ္သာသိရၿပီး အျခားဘယ္လိုျပႆနာေၾကာင့္ အပစ္ခံရသလဲ ဆိုတာေတာ့ မသိဘူးလို႔ဆိုပါတယ္။ သီေပါနယ္စည္းမျခားပရဟိတအဖြဲ႕ကလည္း အပစ္ခံရသူကို သီေပါေဆး႐ုံကေနတဆင့္ လားရႈိးေဆး႐ုံသို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့တယ္လို႔ အဖြဲ႕ဥကၠ႒ ကိုမ်ိဳးက ဒီဗြီဘီကို ေျပာပါတယ္။ “ဒဏ္ရာရလူနာကို လားရႈိးေဆး႐ုံဆက္ပို႔ေပးဖို႔ သီေပါရဲစခန္းက အေၾကာင္းၾကားတဲ့အတြက္ က်ေနာ္တို႔ ပရဟိတကားနဲ႔ မေန႔ညက ညတြင္းခ်င္းပဲပို႔ေပးခဲ့ပါတယ္။ ဒဏ္ရာက ခါးမွာ ၁ ခ်က္၊ ေျခေထာက္မွာ ၁ ခ်က္၊ ျပင္းထန္လား မျပင္းထန္လားဆိုတာေတာ့ က်ေနာ္က ကြတ္ခိုင္ေရာက္ေနလို႔ မသိပါဘူး။ က်ေနာ္တို႔ အဖြဲ႕ကို ပို႔ေပးဖို႔ ဒီကေနလွမ္းေျပာလိုက္တာ။” ဒီကိစၥနဲ႔ ပတ္သက္ၿပီး သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းေပမယ့္ တာဝန္ယူေျဖၾကားေပးသူ မရွိေသးပါဘူး။  
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013