DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ်တွင် ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်း
DVB
·
September 2, 2019
မုံရွာတက္ကသိုလ်တွင် ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်မှာ အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီရဲ့ တနှစ်ကျော်ကာလအတွင်း အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၁ ရက်က ကျင်းပပါတယ်။

ဒီအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် ၂၄ ခုက ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ကြီးတွေ၊ ပါမောက္ခတွေ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ဒီအခမ်းအနားမှာ Teaching for Tomorrow, Effect of Digitalization on Higher Education, Internationalization, University link for industry engagement, Comprehensive University, Internal Quality Assurance နဲ့ Research Capacity Building in Universities စတဲ့ ခေါင်းစဉ် ၇ ခုကို အဓိကထားကာ တက်ရောက်လာသူတွေက အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

သင်ကြားခြင်းနဲ့ သင်ယူခြင်းမှာ ဘယ်ဟာက ပိုပြီးအရေးကြီးသလဲ၊ သင်ကြားမှုပုံစံတွေကို ခေတ်နဲ့အညီပြောင်းဖို့လိုအပ်နေတဲ့အကြောင်း၊ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်နေတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ သင်ကြားမှု သင်ယူမှုပုံစံတွေ ပြောင်းလဲဖို့၊ စာသင်ခန်းတွေမှာ ဆရာကို ဗဟိုပြုတဲ့ သင်ကြားသင်ယူမှုကနေ သင်ယူသူကို ဗဟိုပြုတဲ့ နည်းလမ်းတွေကို သွားဖို့၊ စာသင်ခန်းထဲမလာခင် ကြိုတင်လေ့လာခိုင်းဖို့၊ တက္ကသိုလ် ဝက်ဘ်ဆိုက်တွေမှာ ကြိုတင်ထားဖို့လည်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ သုတေသနလုပ်တာကို မလွဲမသွေ အားပေးရမယ့် တာဝန်ရှိ တာကြောင့် တက္ကသိုလ်တွေမှာ သုတေသနဆွေးနွေးပွဲတွေ၊ ဂျာနယ်တွေ၊ သုတေသန စာတမ်းရေးသားတာတွေကို အားပေးဖို့လည်း လိုတယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

လာမယ့် အောက်တိုဘာလအတွင်းမှာလည်း တက္ကသိုလ်တွေရဲ့ နှီးနှောဖလှယ်ပွဲကို ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။




မုံ႐ြာတကၠသိုလ္တြင္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီ အေတြ႕အႀကဳံရွင္းလင္း
ေအာင္ကိုလတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ မုံ႐ြာတကၠသိုလ္မွာ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီရဲ႕ တႏွစ္ေက်ာ္ကာလအတြင္း အေတြ႕အႀကဳံရွင္းလင္းပြဲကို စက္တင္ဘာ ၁ ရက္က က်င္းပပါတယ္။

ဒီအခမ္းအနားကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီး တက္ေရာက္အမွာစကားေျပာၾကားခဲ့ၿပီး တကၠသိုလ္၊ ေကာလိပ္၊ ဒီဂရီေကာလိပ္ ၂၄ ခုက ပါေမာကၡခ်ဳပ္၊ ဒုပါေမာကၡခ်ဳပ္နဲ႔ ေက်ာင္းအုပ္ႀကီးေတြ၊ ပါေမာကၡေတြ၊ ဆရာသမဂၢ၊ ေက်ာင္းသားသမဂၢေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ဒီအခမ္းအနားမွာ Teaching for Tomorrow, Effect of Digitalization on Higher Education, Internationalization, University link for industry engagement, Comprehensive University, Internal Quality Assurance နဲ႔ Research Capacity Building in Universities စတဲ့ ေခါင္းစဥ္ ၇ ခုကို အဓိကထားကာ တက္ေရာက္လာသူေတြက အုပ္စုဖြဲ႕ ေဆြးေႏြးခဲ့ၾကပါတယ္။

သင္ၾကားျခင္းနဲ႔ သင္ယူျခင္းမွာ ဘယ္ဟာက ပိုၿပီးအေရးႀကီးသလဲ၊ သင္ၾကားမႈပုံစံေတြကို ေခတ္နဲ႔အညီေျပာင္းဖို႔လိုအပ္ေနတဲ့အေၾကာင္း၊ ႏိုင္ငံတကာက တကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ လိုအပ္ေနတဲ့အေၾကာင္းေတြနဲ႔ပတ္သက္ၿပီး ပါေမာကၡခ်ဳပ္မ်ားေကာ္မတီ ဥကၠ႒ ေဒါက္တာ ေဇာ္ေဝစိုးက ေျပာၾကားခဲ့ပါတယ္။

နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ယေန႔ေခတ္ႀကီးမွာ သင္ၾကားမႈ သင္ယူမႈပုံစံေတြ ေျပာင္းလဲဖို႔၊ စာသင္ခန္းေတြမွာ ဆရာကို ဗဟိုျပဳတဲ့ သင္ၾကားသင္ယူမႈကေန သင္ယူသူကို ဗဟိုျပဳတဲ့ နည္းလမ္းေတြကို သြားဖို႔၊ စာသင္ခန္းထဲမလာခင္ ႀကိဳတင္ေလ့လာခိုင္းဖို႔၊ တကၠသိုလ္ ဝက္ဘ္ဆိုက္ေတြမွာ ႀကိဳတင္ထားဖို႔လည္း ပညာေရးဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးက တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ သုေတသနလုပ္တာကို မလြဲမေသြ အားေပးရမယ့္ တာဝန္ရွိ တာေၾကာင့္ တကၠသိုလ္ေတြမွာ သုေတသနေဆြးေႏြးပြဲေတြ၊ ဂ်ာနယ္ေတြ၊ သုေတသန စာတမ္းေရးသားတာေတြကို အားေပးဖို႔လည္း လိုတယ္လို႔လည္း ဝန္ႀကီးက ေျပာဆိုခဲ့ပါေသးတယ္။

လာမယ့္ ေအာက္တိုဘာလအတြင္းမွာလည္း တကၠသိုလ္ေတြရဲ႕ ႏွီးေႏွာဖလွယ္ပြဲကို က်င္းပဖို႔ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013