DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် ၁ ဦးနုတ်ထွက် 
DVB
·
September 2, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် ၁ ဦးနုတ်ထွက် 
Donate to DVB

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၄၅ ဦးပါ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နုတ်ထွက်စာတင်ထားပြီး ကော်မတီလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင် မလုပ်ဆောင်တော့ဘူးလို့ ကော်မတီဝင် လွှတ်တော်အမတ် ဦးစိန်ဝင်းက မီဒီယာတွေကို ပြောပါတယ်။

၄၅ ဦးကော်မတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း ရေးဆွဲရာမှာ ကော်မတီ ဆုံးဖြတ်ချက်တွေကို  လျှို့ဝှက်မဲနဲ့မလုပ်ဘဲ လက်ညှိုးထောင်စနစ်နဲ့ အတည်ပြု ဆုံးဖြတ်နေတဲ့အတွက် နုတ်ထွက်ရတာလို့ ဦးစိန်ဝင်းက ဆိုပါတယ်။

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အန်အယ်ဒီပါတီ၀င် ဟောင်းတဦးဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အန်အယ်လ်ဒီပါတီက အများဆုံးပါဝင်ပြီး ပြင်ဆင်ရေးကိစ္စဆွေးနွေးမှုတွေမှာ  အန်အလ်ဒီပါတီကိုယ်စားလှယ်အစုအဖွဲ့နဲ့ အခြားအစုအဖွဲ့တွေအကြား အဆင်မပြေမှုတွေရှိနေတယ်လို့ ကော်မတီဝင်တချို့က ဆိုသည်။ 

ဒီအတွက် အခြားကော်မတီဝင် တဦးကလည်း ယခုရက်ပိုင်းအတွင်း ၄၅ ဦး ပူးပေါင်းကော်မတီကနေ နုတ်ထွက်စာ တင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။




ဖြဲ႕စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္မတီဝင္ ၁ ဦးႏုတ္ထြက္
ေအာင္ဆန္းဦး
ျပည္ေထာင္စုလႊတ္ေတာ္က ဖြဲ႕စည္းေပးထားတဲ့ ၄၅ ဦးပါ ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ႏုတ္ထြက္စာတင္ထားၿပီး ေကာ္မတီလုပ္ငန္းစဥ္မွာ ဆက္လက္ပါဝင္ မလုပ္ေဆာင္ေတာ့ဘူးလို႔ ေကာ္မတီဝင္ လႊတ္ေတာ္အမတ္ ဦးစိန္ဝင္းက မီဒီယာေတြကို ေျပာပါတယ္။

၄၅ ဦးေကာ္မတီအေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒၾကမ္း ေရးဆြဲရာမွာ ေကာ္မတီ ဆုံးျဖတ္ခ်က္ေတြကို လွ်ိဳ႕ဝွက္မဲနဲ႔မလုပ္ဘဲ လက္ညႇိဳးေထာင္စနစ္နဲ႔ အတည္ျပဳ ဆုံးျဖတ္ေနတဲ့အတြက္ ႏုတ္ထြက္ရတာလို႔ ဦးစိန္ဝင္းက ဆိုပါတယ္။

မအူပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိန္ဝင္းဟာ အန္အယ္ဒီပါတီ၀င္ ေဟာင္းတဦးျဖစ္ၿပီး လက္ရွိမွာေတာ့ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီရဲ႕ ဥကၠ႒ အျဖစ္ တာဝန္ယူထားသူျဖစ္ပါတယ္။

၄၅ ဦးပါဝင္တဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွာ အန္အယ္လ္ဒီပါတီက အမ်ားဆုံးပါဝင္ၿပီး ျပင္ဆင္ေရးကိစၥေဆြးေႏြးမႈေတြမွာ အန္အလ္ဒီပါတီကိုယ္စားလွယ္အစုအဖြဲ႕နဲ႔ အျခားအစုအဖြဲ႕ေတြအၾကား အဆင္မေျပမႈေတြရွိေနတယ္လို႔ ေကာ္မတီဝင္တခ်ိဳ႕က ဆိုသည္။

ဒီအတြက္ အျခားေကာ္မတီဝင္ တဦးကလည္း ယခုရက္ပိုင္းအတြင္း ၄၅ ဦး ပူးေပါင္းေကာ္မတီကေန ႏုတ္ထြက္စာ တင္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013