Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်မှောက်
DVB
·
September 2, 2019
69700020_367363994154098_2093748603490140160_n
69685284_367363710820793_8180431892940587008_n
69520293_367363774154120_9071786543441510400_n
69412222_367364104154087_3684551726255308800_n
69331414_367364144154083_3756229924357144576_n
မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးမန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက စက်တင်ဘာလ ၂ ရက်မနက်က  ကျောင်းဝင်းထဲမှာ သပိတ်မှောက်နေကြပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းဝင်း ပင်မဆောင်ရှေ့မှာ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိကြောင်းကို အချက် ၅ ချက်တောင်းဆိုပြီး သပိတ်မှောက်ကြတာပါ။  မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက “ကျမတို့ Food Courtဆောက်တာနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းနဲ့ မညီတာ၊ တည်ဆဲဥပဒေကို ချိုးဖောက်သလို နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို ချိုးဖောက်တာတွေကြောင့် အခုလို သပိတ်မှောက်ရတာပါ။ Food Court ဆိုင်ကို တကယ်သာ တင်ဒါခေါ်ယူခဲ့မယ်ဆိုရင် ကျောင်းသားတွေဟာစျေးနှုန်းချိုသာစွာ စားသုံးနိုင်မယ် နိုင်ငံတော်ပိုင်မြေပေါ်မှာ အထက်အသီးသီး က ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်။”လို့ ပြောပါတယ်။ Food Court ဆောက်လုပ်ရာမှာလည်း နိုင်ငံတော်သမ္မတရဲ့ညွန်ကြားချက် ၁/၂၀၁၇ အား ချိုးဖောက်ပြီးတင်ဒါ မခေါ်ယူဘဲ ဆောက်လုပ်ခဲ့တဲ့အပြင် အဆင့်မြင့်ပညာဌာနရဲ့ခွင့်ပြုချက် လည်း မပါရှိခဲ့ဘူးလို့လည်းပြောပါတယ်။  ဒီကိစ္စ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စုံစမ်းစစ်ဆေးပြီးနောက်မှာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကနေ အစည်းအဝေးမှတ်တမ်းပြောင်းလဲပစ်တာတွေ ကျောင်းသား သမဂ္ဂရဲ့ လက်မှတ်အတုတွေ ပြုလုပ်ခဲ့လို့လည်း  အခုလိုသပိတ်မှောက်ရတာပါ”လို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက ပြောပါတယ်။ သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေ‌ကို ဖောက်ဖျက်လုပ်ဆောင်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမေက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက်လိုက်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာချပြရေး၊ မှန်ကန်မျှတတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး အရေးယူပေးရေး စတဲ့အချက်တွေကို ကျောင်းသားတွေက ထိုင်သပိတ်မှောက်ပြီး တောင်းဆိုနေကြပါတယ်။
မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ သပိတ္ေမွာက္ ေအာင္ေအာင္ႏိုင္ မႏၲေလးတကၠသိုလ္ေက်ာင္းဝင္းအတြင္းမွာ စားေသာက္ဆိုင္တန္း Food Court ေဆာက္လုပ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီးမႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက စက္တင္ဘာလ ၂ ရက္မနက္က ေက်ာင္းဝင္းထဲမွာ သပိတ္ေမွာက္ေနၾကပါတယ္။ မႏၲေလးတကၠသိုလ္ေက်ာင္းဝင္း ပင္မေဆာင္ေရွ႕မွာ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢက ပညာေရးဝန္ႀကီးဌာနရဲ႕ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို အယုံအၾကည္မရွိေၾကာင္းကို အခ်က္ ၅ ခ်က္ေတာင္းဆိုၿပီး သပိတ္ေမွာက္ၾကတာပါ။ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠ႒ မယမင္းသူက “က်မတို႔ Food Courtေဆာက္တာနဲ႔ ပတ္သက္လို႔ လုပ္ထုံးလုပ္နည္းနဲ႔ မညီတာ၊ တည္ဆဲဥပေဒကို ခ်ိဳးေဖာက္သလို ႏိုင္ငံေတာ္သမၼတရဲ႕ ၫႊန္ၾကားခ်က္ကို ခ်ိဳးေဖာက္တာေတြေၾကာင့္ အခုလို သပိတ္ေမွာက္ရတာပါ။ Food Court ဆိုင္ကို တကယ္သာ တင္ဒါေခၚယူခဲ့မယ္ဆိုရင္ ေက်ာင္းသားေတြဟာေစ်းႏႈန္းခ်ိဳသာစြာ စားသုံးႏိုင္မယ္ ႏိုင္ငံေတာ္ပိုင္ေျမေပၚမွာ အထက္အသီးသီး က ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္တာဟာ တည္ဆဲဥပေဒကို ခ်ိဳးေဖာက္တာျဖစ္တယ္။”လို႔ ေျပာပါတယ္။ Food Court ေဆာက္လုပ္ရာမွာလည္း ႏိုင္ငံေတာ္သမၼတရဲ႕ၫြန္ၾကားခ်က္ ၁/၂၀၁၇ အား ခ်ိဳးေဖာက္ၿပီးတင္ဒါ မေခၚယူဘဲ ေဆာက္လုပ္ခဲ့တဲ့အျပင္ အဆင့္ျမင့္ပညာဌာနရဲ႕ခြင့္ျပဳခ်က္ လည္း မပါရွိခဲ့ဘူးလို႔လည္းေျပာပါတယ္။ ဒီကိစၥ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက စုံစမ္းစစ္ေဆးၿပီးေနာက္မွာ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကေန အစည္းအေဝးမွတ္တမ္းေျပာင္းလဲပစ္တာေတြ ေက်ာင္းသား သမဂၢရဲ႕ လက္မွတ္အတုေတြ ျပဳလုပ္ခဲ့လို႔လည္း အခုလိုသပိတ္ေမွာက္ရတာပါ”လို႔ မႏၲေလးတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠ႒ မယမင္းသူက ေျပာပါတယ္။ သမၼတၫႊန္ၾကားခ်က္နဲ႔ တည္ဆဲဥပေဒ‌ကို ေဖာက္ဖ်က္လုပ္ေဆာင္တဲ့ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကို စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္ကို အသုံးခ်ၿပီး ကိုယ္က်ိဳးရွာတဲ့ ပါေမကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာနရဲ႕ ဘက္လိုက္တဲ့ စုံစမ္း စစ္ေဆးေရးအဖြဲ အယုံအၾကည္မရွိ၊ ေက်ာင္းတြင္းစီမံကိန္းေတြကို ပြင့္လင္းျမင္သာစြာခ်ျပေရး၊ မွန္ကန္မွ်တတဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆး အေရးယူေပးေရး စတဲ့အခ်က္ေတြကို ေက်ာင္းသားေတြက ထိုင္သပိတ္ေမွာက္ၿပီး ေတာင္းဆိုေနၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024