DVB Logo
Home
မြန်မာသတင်း
ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်ထံအသနားခံစာပေးပို့ ဆုတောင်းပွဲပြုလုပ် 
DVB
·
September 2, 2019
ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်ထံအသနားခံစာပေးပို့ ဆုတောင်းပွဲပြုလုပ် 
1 / 5
Donate to DVB

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ သေဒဏ်ကနေ ပြန်လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ခြင်းနဲ့ ဆုတောင်းပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ  စက်တင်ဘာ ၂ရက်က ပြုလုပ်ပါတယ်။

မကွေးဆရာတော် ဦးပါမောက္ခက ဦးဆောင်ကျင်းပတာဖြစ်ပြီး ပရဟိတအဖွဲ့အစည်းတချို့နဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ဆုတောင်းခဲ့ကြတာပါ။

ဆုတောင်းပွဲအပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို သွားရောက်ပြီး ထိုင်းဘုရင်ထံ အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ အယူခံတင်သွင်းမှု ကိုတော့ ထိုင်းနိုင်ငံအမြင့်ဆုံးဗဟိုတရားရုံးချုပ်ကနေ ပြီးခဲ့တဲ့သြဂုတ် ၂၉ရက်နေ့က ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုထားတာပါ။

အယူခံကို တရားရုံးကပယ်ချထားတာကြောင့်  နောက်ဆုံးနည်းလမ်းအနေနဲ့ ထိုင်းဘုရင်က လွှတ်ပေးမှသာ လွတ်မြောက်နိုင်မှာဖြစ်တာကြောင့် ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်းဖို့ ပြင်ဆင်နေကြတာပါ။

လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံး မျှော်လင့်ချက်အဖြစ် ထိုင်းဘုရင်မင်းမြတ်ထံ အသနား ခံစာကို အမြန်ဆုံး တင်သွင်းမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောထားပါတယ်။




ဝင္းႏွင့္ေဇာ္ လြတ္ေျမာက္ေရးအတြက္ ထိုင္းဘုရင္ထံအသနားခံစာေပးပို႔ ဆုေတာင္းပြဲျပဳလုပ္
ျပည့္ဘုန္းေအာင္

ထိုင္းႏိုင္ငံ၊ လိပ္ကြၽန္းလူသတ္မႈမွာ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ ေသဒဏ္ကေန ျပန္လြတ္ေျမာက္ေရးအတြက္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ျခင္းနဲ႔ ဆုေတာင္းပြဲကို ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ စက္တင္ဘာ ၂ရက္က ျပဳလုပ္ပါတယ္။

မေကြးဆရာေတာ္ ဦးပါေမာကၡက ဦးေဆာင္က်င္းပတာျဖစ္ၿပီး ပရဟိတအဖြဲ႕အစည္းတခ်ိဳ႕နဲ႔ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူေတြ တက္ေရာက္ဆုေတာင္းခဲ့ၾကတာပါ။
ဆုေတာင္းပြဲအၿပီးမွာေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံ႐ုံးကို သြားေရာက္ၿပီး ထိုင္းဘုရင္ထံ အသနားခံစာ ေပးပို႔ခဲ့ၾကပါတယ္။

လိပ္ကြၽန္းလူသတ္မႈနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလုပ္သားႏွစ္ဦးရဲ႕ အယူခံတင္သြင္းမႈ ကိုေတာ့ ထိုင္းႏိုင္ငံအျမင့္ဆုံးဗဟိုတရား႐ုံးခ်ဳပ္ကေန ၿပီးခဲ့တဲ့ၾသဂုတ္ ၂၉ရက္ေန႔က ပယ္ခ်ခဲ့ၿပီး ေသဒဏ္ကို အတည္ျပဳထားတာပါ။

အယူခံကို တရား႐ုံးကပယ္ခ်ထားတာေၾကာင့္ ေနာက္ဆုံးနည္းလမ္းအေနနဲ႔ ထိုင္းဘုရင္က လႊတ္ေပးမွသာ လြတ္ေျမာက္ႏိုင္မွာျဖစ္တာေၾကာင့္ ထိုင္းဘုရင္ထံ အသနားခံစာ တင္သြင္းဖို႔ ျပင္ဆင္ေနၾကတာပါ။

လိပ္ကြၽန္းလူသတ္မႈမွာ ေသဒဏ္အျပစ္ေပးခံထားရတဲ့ ျမန္မာလုပ္သား ႏွစ္ဦးအတြက္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္အျဖစ္ ထိုင္းဘုရင္မင္းျမတ္ထံ အသနား ခံစာကို အျမန္ဆုံး တင္သြင္းမယ္လို႔ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ေျပာထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013