DVB Logo
Home
မြန်မာသတင်း
တယ်လီနောဖုန်းဖြင့် ထိုင်းနိုင်ငံကိုခေါ်ဆိုပါက ၅ မိနစ် အပိုရမည် 
DVB
·
September 2, 2019
တယ်လီနောဖုန်းဖြင့် ထိုင်းနိုင်ငံကိုခေါ်ဆိုပါက ၅ မိနစ် အပိုရမည် 
Donate to DVB

တယ်လီနော အသုံးပြုသူတွေအနေနဲ့ ထိုင်းနိုင်ငံက ဘယ်အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုရင် ၅ မိနစ် အပိုရမယ်လို့ ကြေညာပါတယ်။

ဘယ်အချိန်ထိ ဒီအစီအစဉ်ရှိနေမယ်ဆိုတာတော့ မပြောထားသေးဘဲ သြဂုတ် ၂၂ ရက်ကနေ နောက်ထပ်ကြေညာမယ့်ကာလအထိလို့ပဲ တယ်လီနောမြန်မာက ထုတ်ပြန်ထားပါတယ်။ ဒီဝန်ဆောင်မှုကို  IDD pack ပက်ကေ့ဂျ်နဲ့ PAYGO သုံးတဲ့သူတိုင်း နောက်ထပ်ဘာမှ လုပ်စရာမလိုဘဲ ရမယ်လို့လည်း ဆိုပါတယ်။

တယ်လီနောက ၅ မိနစ်ပြော ၅ မိနစ်အပိုလက်ဆောင်ရတဲ့ အစီအစဉ်လို့ခေါ်ပြီး ဂြိုဟ်တု ဆက်သွယ်ရေးဖုန်းတွေနဲ့ အထူးသီးသန့် နံပါတ်တွေကလွဲလို့ ဘယ်ဖုန်းကိုမဆို အနည်းဆုံး ၅ မိနစ်ဖုန်းခေါ်ဆိုပြီး ၅ မိနစ်အပိုရမယ်လို့ ဆိုပါတယ်။

တယ်လီနော မြန်မာရဲ့  ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်  Amaresh Kumar က “ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အနီးဆုံးမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ခရီးသွားတွေ လစဉ်သွားရောက်တာ တွေလည်း ရှိနေပါတယ်။ ကျနော်တို့ တယ်လီနောက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း နားလည်ပြီး သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နိုင်ဖို့အတွက် ဒေသတွင်းမှာ  အကောင်းဆုံးသော ဆက်သွယ်ရေးစနစ်ကို အပြည့်အဝ သုံးစွဲနိုင်ဖို့ ထောက်ပံ့ ပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တယ်လီနောရဲ့ နိုင်ငံရပ်ခြားသုံး ပက်ကေ့ဂျ်တွေဖြစ်တဲ့ IDD pack သုံးသူတွေအတွက် ထိုင်းနိုင်ငံကို လက်ရှိဖုန်းခေါ်ဆိုခဟာ တမိနစ်ကို ၄၅ ကျပ်ဖြစ်ပြီး PAYGO သုံးသူတွေ အတွက်ကတော့ တမိနစ်ကို ၂၅၀ ကျပ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီနောအသုံးပြုသူပေါင်း ၁၉ သိန်းကျော်ရှိနေပြီး Prepaid နဲ့ Star Postpaid သုံးသူတွေဟာ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နော်ဝေး၊ ဂျာမနီ၊ အစ္စရေး၊ ဒိန်းမတ်နဲ့ အိုင်ယာလန်စတဲ့ နိုင်ငံတွေက ကြိုးဖုန်းနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အထူးနှုန်းနဲ့ ခေါ်ဆိုနိုင်မယ်လို့လည်း တယ်လီနော်က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသား ၂သန်းကျော်ဟာ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်း နေထိုင်ကြပြီး အဲဒီထဲက ၁ဒသမ၄ သန်းကျော်ဟာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းတာလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ဖော်ပြထားပါတယ်။




တယ္လီေနာဖုန္းျဖင့္ ထိုင္းႏိုင္ငံကိုေခၚဆိုပါက ၅ မိနစ္ အပိုရမည္
ပိုင္စိုး
တယ္လီေနာ အသုံးျပဳသူေတြအေနနဲ႔ ထိုင္းႏိုင္ငံက ဘယ္ေအာ္ပေရတာကိုမဆို ဖုန္းေခၚဆိုရင္ ၅ မိနစ္ အပိုရမယ္လို႔ ေၾကညာပါတယ္။

ဘယ္အခ်ိန္ထိ ဒီအစီအစဥ္ရွိေနမယ္ဆိုတာေတာ့ မေျပာထားေသးဘဲ ၾသဂုတ္ ၂၂ ရက္ကေန ေနာက္ထပ္ေၾကညာမယ့္ကာလအထိလို႔ပဲ တယ္လီေနာျမန္မာက ထုတ္ျပန္ထားပါတယ္။ ဒီဝန္ေဆာင္မႈကို IDD pack ပက္ေက့ဂ်္နဲ႔ PAYGO သုံးတဲ့သူတိုင္း ေနာက္ထပ္ဘာမွ လုပ္စရာမလိုဘဲ ရမယ္လို႔လည္း ဆိုပါတယ္။

တယ္လီေနာက ၅ မိနစ္ေျပာ ၅ မိနစ္အပိုလက္ေဆာင္ရတဲ့ အစီအစဥ္လို႔ေခၚၿပီး ၿဂိဳဟ္တု ဆက္သြယ္ေရးဖုန္းေတြနဲ႔ အထူးသီးသန႔္ နံပါတ္ေတြကလြဲလို႔ ဘယ္ဖုန္းကိုမဆို အနည္းဆုံး ၅ မိနစ္ဖုန္းေခၚဆိုၿပီး ၅ မိနစ္အပိုရမယ္လို႔ ဆိုပါတယ္။

တယ္လီေနာ ျမန္မာရဲ႕ ေဈးကြက္ေဖာ္ေဆာင္ေရးအရာရွိခ်ဳပ္ Amaresh Kumar က “ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ အနီးဆုံးမွာရွိေနတဲ့ အိမ္နီးခ်င္းႏိုင္ငံတခုျဖစ္ၿပီး ရာနဲ႔ခ်ီတဲ့ ျမန္မာ ေ႐ႊ႕ေျပာင္း လုပ္သားေတြ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ခရီးသြားေတြ လစဥ္သြားေရာက္တာ ေတြလည္း ရွိေနပါတယ္။ က်ေနာ္တို႔ တယ္လီေနာက သုံးစြဲသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ေကာင္းေကာင္း နားလည္ၿပီး သူတို႔ရဲ႕ ခ်စ္ခင္ရသူေတြနဲ႔ နီးနီးကပ္ကပ္ ဆက္သြယ္ႏိုင္ဖို႔အတြက္ ေဒသတြင္းမွာ အေကာင္းဆုံးေသာ ဆက္သြယ္ေရးစနစ္ကို အျပည့္အဝ သုံးစြဲႏိုင္ဖို႔ ေထာက္ပံ့ ေပးတာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

တယ္လီေနာရဲ႕ ႏိုင္ငံရပ္ျခားသုံး ပက္ေက့ဂ်္ေတြျဖစ္တဲ့ IDD pack သုံးသူေတြအတြက္ ထိုင္းႏိုင္ငံကို လက္ရွိဖုန္းေခၚဆိုခဟာ တမိနစ္ကို ၄၅ က်ပ္ျဖစ္ၿပီး PAYGO သုံးသူေတြ အတြက္ကေတာ့ တမိနစ္ကို ၂၅၀ က်ပ္ သတ္မွတ္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ တယ္လီေနာအသုံးျပဳသူေပါင္း ၁၉ သိန္းေက်ာ္ရွိေနၿပီး Prepaid နဲ႔ Star Postpaid သုံးသူေတြဟာ ထိုင္း၊ မေလးရွား၊ တ႐ုတ္၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ေဟာင္ေကာင္၊ ဘ႐ူႏိုင္း၊ အေမရိကန္၊ ကေနဒါ၊ မကၠဆီကို၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ၾသစေၾတးလ်၊ ေနာ္ေဝး၊ ဂ်ာမနီ၊ အစၥေရး၊ ဒိန္းမတ္နဲ႔ အိုင္ယာလန္စတဲ့ ႏိုင္ငံေတြက ႀကိဳးဖုန္းနဲ႔ မိုဘိုင္းလ္ဖုန္းေတြကို အထူးႏႈန္းနဲ႔ ေခၚဆိုႏိုင္မယ္လို႔လည္း တယ္လီေနာ္က ထုတ္ျပန္ထားပါတယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံသား ၂သန္းေက်ာ္ဟာ ႏိုင္ငံရပ္ျခားကို ေ႐ႊ႕ေျပာင္း ေနထိုင္ၾကၿပီး အဲဒီထဲက ၁ဒသမ၄ သန္းေက်ာ္ဟာ ထိုင္းႏိုင္ငံကို ေ႐ႊ႕ေျပာင္းတာလို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕က ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013