DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့နယ်၌ လေပြင်းတိုက်သဖြင့် ဆိပ်ခံတံတားနှင့် သစ်ပင်ကြီးကျိုးကျ
DVB
·
September 2, 2019
ကော့သောင်းမြို့နယ်၌ လေပြင်းတိုက်သဖြင့် ဆိပ်ခံတံတားနှင့် သစ်ပင်ကြီးကျိုးကျ
1 / 11
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်မြန်မာကျေးရွာမှာ စက်တင်ဘာ ၁ ရက်က ပင်လယ်ဒီရေတက်ချိန် လေပြင်းတိုက်ပြီး လှိုင်းကြီးတာကြောင့် ဆိပ်ခံတံတားတစင်း ကျိုးကျပျက်စီးသွားပါတယ်။

အဆိုပါကျိုးကျခဲ့တဲ့တံတားကို ကျေးရွာ ၂ ရွာက အသုံးပြုနေတာဖြစ်ပြီး တံတားကျိုးကျ ခဲ့တာကြောင့် ကျေးရွာနေသူ လူဦးရေ ၂၀၀၀ ကျော် သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။

ကျေးရွာသား ဦးတိုးတက်က “ကျနော်တို့ ပင်လယ်ရွာတွေမှာ ဒါမျိုးကဖြစ်နေကျဆိုပေမယ့် အခုဖြစ်တာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ရေကလည်း တအားကြီးတယ်။ လေကလည်း တိုက်တာ ပြင်းတယ်။ လေတိုက်တာပြင်းတော့ လှိုင်းကြီးပြီးတံတားကို ရိုက်ဖြိုသလိုဖြစ်သွားတာပါ။ ဒီတံတားကျိုးသွားတော့ လောလောဆယ် ဒီတံတားကို အသုံးပြုနေတဲ့ရွာနှစ်ရွာက လူဦးရေ ၂၀၀၀ ကျော်လောက် သွားလာရ အခက်အခဲဖြစ်နေတယ်”လို့ ပြောပါတယ်။

ဒီတံတားကို အသုံးပြုသွားလာနေတဲ့ ရွာနှစ်ရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပြီး  တံတားအတွက် ရေထိန်းနံရံတင်ပြတောင်းခံထားပေမယ့်လည်း ဒီနေ့အချိန်အထိ ဘယ်နေ့ ဘယ်အချိန်လာလုပ်ပေးမှာကို မသိသေးကြောင်း ကျေးရွာပြည်သူတဦးက ပြောပါတယ်။

ကျေးရွာရာအိမ်မှူးဦးစိန်အောင်က “အခုလောလောဆယ်မှာတော့ ဘယ်အဖွဲ့အစည်းမှ မလာသေးပါဘူး။ သက်ဆိုင်ရာဌာနတွေကို တော့အကြောင်းကြားထားပြီပါပြီ။ သူတို့လာမှဘဲ ဘယ်လို လုပ်မယ်ဆိုတာသိရမှာပါ”လို့ ပြောပါတယ်။

လေပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာမှာရှိတဲ့  အ.မ.ကခွဲ စာသင်ကျောင်းအနီးက သစ်ပင်ကြီးတပင်လည်း ကျိုးကျသွားခဲ့ပါတယ်။ ဒါပေမယ့် လေပြင်းတွေကြောင့် ရွာသူရွာသားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတော့ မရှိပါဘူး။ 

သတင်း - လတ်ကိုကိုဦး




ေကာ့ေသာင္းၿမိဳ႕နယ္၌ ေလျပင္းတိုက္သျဖင့္ ဆိပ္ခံတံတားႏွင့္ သစ္ပင္ႀကီးက်ိဳးက်
DVB

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ စူငယ္ဘာလိုင္းေက်း႐ြာအုပ္စု ေအာင္ျမန္မာေက်း႐ြာမွာ စက္တင္ဘာ ၁ ရက္က ပင္လယ္ဒီေရတက္ခ်ိန္ ေလျပင္းတိုက္ၿပီး လႈိင္းႀကီးတာေၾကာင့္ ဆိပ္ခံတံတားတစင္း က်ိဳးက်ပ်က္စီးသြားပါတယ္။

အဆိုပါက်ိဳးက်ခဲ့တဲ့တံတားကို ေက်း႐ြာ ၂ ႐ြာက အသုံးျပဳေနတာျဖစ္ၿပီး တံတားက်ိဳးက် ခဲ့တာေၾကာင့္ ေက်း႐ြာေနသူ လူဦးေရ ၂၀၀၀ ေက်ာ္ သြားလာရခက္ခဲေနတယ္လို႔ သိရပါတယ္။

ေက်း႐ြာသား ဦးတိုးတက္က “က်ေနာ္တို႔ ပင္လယ္႐ြာေတြမွာ ဒါမ်ိဳးကျဖစ္ေနက်ဆိုေပမယ့္ အခုျဖစ္တာ ခါတိုင္းႏွစ္ေတြနဲ႔ မတူဘဲ ေရကလည္း တအားႀကီးတယ္။ ေလကလည္း တိုက္တာ ျပင္းတယ္။ ေလတိုက္တာျပင္းေတာ့ လႈိင္းႀကီးၿပီးတံတားကို ႐ိုက္ၿဖိဳသလိုျဖစ္သြားတာပါ။ ဒီတံတားက်ိဳးသြားေတာ့ ေလာေလာဆယ္ ဒီတံတားကို အသုံးျပဳေနတဲ့႐ြာႏွစ္႐ြာက လူဦးေရ ၂၀၀၀ ေက်ာ္ေလာက္ သြားလာရ အခက္အခဲျဖစ္ေနတယ္”လို႔ ေျပာပါတယ္။

ဒီတံတားကို အသုံးျပဳသြားလာေနတဲ့ ႐ြာႏွစ္႐ြာမွာ အိမ္ေျခ ၅၀၀ ေလာက္ရွိၿပီး တံတားအတြက္ ေရထိန္းနံရံတင္ျပေတာင္းခံထားေပမယ့္လည္း ဒီေန႔အခ်ိန္အထိ ဘယ္ေန႔ ဘယ္အခ်ိန္လာလုပ္ေပးမွာကို မသိေသးေၾကာင္း ေက်း႐ြာျပည္သူတဦးက ေျပာပါတယ္။

ေက်း႐ြာရာအိမ္မႉးဦးစိန္ေအာင္က “အခုေလာေလာဆယ္မွာေတာ့ ဘယ္အဖြဲ႕အစည္းမွ မလာေသးပါဘူး။ သက္ဆိုင္ရာဌာနေတြကို ေတာ့အေၾကာင္းၾကားထားၿပီပါၿပီ။ သူတို႔လာမွဘဲ ဘယ္လို လုပ္မယ္ဆိုတာသိရမွာပါ”လို႔ ေျပာပါတယ္။

ေလျပင္းေတြတိုက္ခတ္ခဲ့တာေၾကာင့္ ေက်း႐ြာမွာရွိတဲ့ အ.မ.ကခြဲ စာသင္ေက်ာင္းအနီးက သစ္ပင္ႀကီးတပင္လည္း က်ိဳးက်သြားခဲ့ပါတယ္။ ဒါေပမယ့္ ေလျပင္းေတြေၾကာင့္ ႐ြာသူ႐ြာသားေတြ ထိခိုက္ေသဆုံး ဒဏ္ရာရတာေတာ့ မရွိပါဘူး။
သတင္း - လတ္ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013