DVB Logo
Home
မြန်မာသတင်း
၁၇ နှစ်အရွယ်မိန်းကလေးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်သူ လူငယ် ၄ ဦးကိုအမှုဖွင့် 
DVB
·
September 2, 2019
၁၇ နှစ်အရွယ်မိန်းကလေးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်သူ လူငယ် ၄ ဦးကိုအမှုဖွင့် 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆင်ရွာကျေးရွာမှာ နေထိုင်တဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်အားအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ လူငယ် လေးဦးကို  အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာယကံရှင်က တိုင်ကြားတာကြောင့် စက်တင်ဘာ ၁ ရက်က ကလေးမြို့ ရဲစခန်းက လူလေးဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က ပြောပါတယ်။ 

“အဓမ္မပြုကျင့်ခံရတဲ့ ကလေးမက တရားလို ပြုလုပ်တိုင်တန်းခဲ့တာပါ။ ဖြစ်တာက အရင်လ ၈ ရက်နေ့ကတည်းကပါ။ အဲဒီလို တိုင်တန်းချက်ကြောင့် ကျနော်တို့ သွားရောက်ရှာဖွေ ဖမ်းဆီးထားတာ လောလောဆယ် လေးဦးဖမ်းမိထားတယ်။ ကျန်တယောက်ကတော့ စုံစမ်းဆဲပါ။” 

အဓမ္မကျူးလွန်တယ်ဆိုပြီး တိုင်ကြားတဲ့အတွက် ဖမ်းဆီးခံရသူတွေကတော့ ယောလ်ဟန်းမွေးဖူ (၂၉ နှစ်)၊ နေထက်လင်း (၂၅ နှစ်)၊ အငယ်လေး (ခ)အောင်ကျော်လင်း၊ ဘွဲ့နိုင်ထန်း(ခ)ထန်းလန်း တို့ဖြစ်ကြပြီး အမည်မသိ ချင်းအမျိုးသားတဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်ကြားသူ အမျိုးသမီးဟာ ချစ်သူနဲ့ တွေ့ဆုံဖို့ ချိန်းဆိုရာကနေ ချစ်သူနဲ့အတူ သူငယ်ချင်းရဲ့ အဓမ္မပြုကျင့်တာခဲ့ရပြီးနောက် ညအချိန် ပစ်ထားခဲ့စဉ် တခြားလူ ၃ ဦးရဲ့ ထပ်မံပြုကျင့်တာ ခံခဲ့ရတာလို့ အဲဒီအမျိုးသမီး ပြောပြချက်အရ သိရပါတယ်။

ကလေးမြို့ ဆင်ရွာက အမည်မသိ အမျိုးသားက နေအိမ် လိုက်ပို့တာကြောင့် အဆိုပါ အမျိုးသမီးဟာ နေအိမ် ပြန်ရောက်ခဲ့ပြီး အလိုမတူ အဓမ္မပြုကျင့်သူတွေကို တိုင်တန်းအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ယောလ်ဟန်မွေးဖူ၊ ဘွဲ့နိုင်ထန်း (ခ)ထန်းလန်း၊ နေထက်လင်း၊ အငယ်လေး(ခ)အောင်ကျော်လင်းနဲ့ အမည်မသိ အမျိုးသားတဦးတို့ကို (ပ)၁၈၆၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

 

သတင်း- မင်းရဲစစ်နိုင်


၁၇ ႏွစ္အ႐ြယ္မိန္းကေလးအား အုပ္စုဖြဲ႕အဓမၼျပဳက်င့္သူ လူငယ္ ၄ ဦးကိုအမႈဖြင့္ DVB

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ ဆင္႐ြာေက်း႐ြာမွာ ေနထိုင္တဲ့ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္အားအုပ္စုဖြဲ႕အဓမၼျပဳက်င့္ခဲ့မႈ သံသယနဲ႔ လူငယ္ ေလးဦးကို အမႈဖြင့္ထားတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ကာယကံရွင္က တိုင္ၾကားတာေၾကာင့္ စက္တင္ဘာ ၁ ရက္က ကေလးၿမိဳ႕ ရဲစခန္းက လူေလးဦးကို ဖမ္းဆီးအမႈဖြင့္ထားတယ္လို႔ ကေလးၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ဗိုလ္ဗိုလ္ေအာင္က ေျပာပါတယ္။ “အဓမၼျပဳက်င့္ခံရတဲ့ ကေလးမက တရားလို ျပဳလုပ္တိုင္တန္းခဲ့တာပါ။ ျဖစ္တာက အရင္လ ၈ ရက္ေန႔ကတည္းကပါ။ အဲဒီလို တိုင္တန္းခ်က္ေၾကာင့္ က်ေနာ္တို႔ သြားေရာက္ရွာေဖြ ဖမ္းဆီးထားတာ ေလာေလာဆယ္ ေလးဦးဖမ္းမိထားတယ္။ က်န္တေယာက္ကေတာ့ စုံစမ္းဆဲပါ။” အဓမၼက်ဴးလြန္တယ္ဆိုၿပီး တိုင္ၾကားတဲ့အတြက္ ဖမ္းဆီးခံရသူေတြကေတာ့ ေယာလ္ဟန္းေမြးဖူ (၂၉ ႏွစ္)၊ ေနထက္လင္း (၂၅ ႏွစ္)၊ အငယ္ေလး (ခ)ေအာင္ေက်ာ္လင္း၊ ဘြဲ႕ႏိုင္ထန္း(ခ)ထန္းလန္း တို႔ျဖစ္ၾကၿပီး အမည္မသိ ခ်င္းအမ်ိဳးသားတဦးကေတာ့ လြတ္ေျမာက္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ တိုင္ၾကားသူ အမ်ိဳးသမီးဟာ ခ်စ္သူနဲ႔ ေတြ႕ဆုံဖို႔ ခ်ိန္းဆိုရာကေန ခ်စ္သူနဲ႔အတူ သူငယ္ခ်င္းရဲ႕ အဓမၼျပဳက်င့္တာခဲ့ရၿပီးေနာက္ ညအခ်ိန္ ပစ္ထားခဲ့စဥ္ တျခားလူ ၃ ဦးရဲ႕ ထပ္မံျပဳက်င့္တာ ခံခဲ့ရတာလို႔ အဲဒီအမ်ိဳးသမီး ေျပာျပခ်က္အရ သိရပါတယ္။ ကေလးၿမိဳ႕ ဆင္႐ြာက အမည္မသိ အမ်ိဳးသားက ေနအိမ္ လိုက္ပို႔တာေၾကာင့္ အဆိုပါ အမ်ိဳးသမီးဟာ ေနအိမ္ ျပန္ေရာက္ခဲ့ၿပီး အလိုမတူ အဓမၼျပဳက်င့္သူေတြကို တိုင္တန္းအမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးခံထားရတဲ့ ေယာလ္ဟန္ေမြးဖူ၊ ဘြဲ႕ႏိုင္ထန္း (ခ)ထန္းလန္း၊ ေနထက္လင္း၊ အငယ္ေလး(ခ)ေအာင္ေက်ာ္လင္းနဲ႔ အမည္မသိ အမ်ိဳးသားတဦးတို႔ကို (ပ)၁၈၆၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ – ၃၇၆ နဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။ သတင္း- မင္းရဲစစ္ႏိုင္
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013