DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့တွင် မြေငလျင်ကြောင့် ကျပ်သိန်း ၂၃၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံး
DVB
·
September 2, 2019
ခင်ဦးမြို့တွင် မြေငလျင်ကြောင့် ကျပ်သိန်း ၂၃၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံး
1 / 7
Donate to DVB

မြေငလျင်ကြောင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ နေအိမ်နဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး စုစုပေါင်း သိန်း ၂၃၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက ပြောပါတယ်။ 

ဩဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ မိနစ် ၄၀ အချိန်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ငလျင်ဗဟိုချက်အနီးက ရွှေဘို၊ ခင်ဦး၊ ရေဦးမြို့နယ်တွေမှာ နေအိမ်အဆောက်အဦ ဘုရားကျောင်းကန်တွေ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို လူအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

ငလျင်ဒဏ်ကို ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်ခဲ့တဲ့ ခင်ဦးမြို့နယ်က အများဆုံးကြုံတွေ့ခဲ့ရတာဖြစ်ပြီး၊ ရေဦးမြို့နယ်မှာ သာသနိက အဆောက်အဦ၊ စေတီအချို့ ထိခိုက်ခဲ့သလို ရွှေဘိုမြို့နယ်မှာလည်း အစိုးရနည်းပညာကောလိပ် မျက်နှာကျက်ပြိုကျခဲ့ပြီး စေတီအချို့လည်း အက်ကွဲခဲ့ပါတယ်။ 

ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၇ ရွာ၊ ရပ်ကွက် ၂ ရပ်ကွက်အတွင်းက နေအိမ် ၁၁ အိမ်၊ စေတီ ၈၂ ဆူ၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆေးခန်း ၂ ခု၊ အခြား ၁၃ ခု စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၂၃၀၀ ကျော်လောက် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေါ်သင်းသင်းကြူက ပြောပါတယ်။

စစ်ကိုင်းတိုင်အတွင်း  မြေငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တဲ့နေရာတွေကို  ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ပြီး ကူညီထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့မှာ လူကယ်ပြန် ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးအောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာပါ။

ရှေးဟောင်းစေတီတွေနဲ့ ပတ်သက်ပြီး ကိုယ်ပြင်ချင်တိုင်း မပြင်ကြဖို့၊ ရှေးဟောင်းသုတေသန ဦးစီးဌာနနဲ့တိုင်ပင်ပြီးမှ လုပ်ဆောင်ကြဖို့ကို ဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ 

ဒါ့အပြင် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ ဘုန်းကြီးကျောင်း၊ လူနေအိမ်နဲ့ ဗလီတွေကိုတော့ ငွေကျပ် ၇ သောင်းစီ ထောက်ပံ့ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရသူ ၂ ဦးကိုတော့ ငွေကျပ် ၅ သောင်းစီ ထောက်ပံ့ပေးခဲ့ပါတယ်။

နံရံအက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ စာသင်ကျောင်းဆောင်တွေကိုတော့ အန္တရာယ် ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ဩဂုတ် ၃၁ ရက်နေ့က ပြင်းအား ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အင်အားအနည်းငယ်ရှိတဲ့ ငလျင်ငယ် ၆ ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။ ငလျင်နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဘေးစီမံဦးစီးဌာနက ရောက်ရှိနေရာတွေမှာ ဖြန့်ဝေခဲ့ပါသေးတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ခင္ဦးၿမိဳ႕တြင္ ေျမငလ်င္ေၾကာင့္ က်ပ္သိန္း ၂၃၀၀ ေက်ာ္ဖိုး ပ်က္စီးဆုံးရႈံး

ေျမငလ်င္ေၾကာင့္ စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္မွာ ေနအိမ္နဲ႔ စာသင္ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္းေတြ ထိခိုက္ပ်က္စီးခဲ့ရၿပီး စုစုေပါင္း သိန္း ၂၃၀၀ ေက်ာ္ဖိုး ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ တိုင္းေဒသႀကီးလြတ္ေတာ္ကိုယ္စားလွယ္ ေဒၚသင္းသင္းၾကဴက ေျပာပါတယ္။

ဩဂုတ္လ ၃၁ ရက္ေန႔ ည ၉ နာရီ မိနစ္ ၄၀ အခ်ိန္က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ငလ်င္ဗဟိုခ်က္အနီးက ေ႐ႊဘို၊ ခင္ဦး၊ ေရဦးၿမိဳ႕နယ္ေတြမွာ ေနအိမ္အေဆာက္အဦ ဘုရားေက်ာင္းကန္ေတြ ထိခိုက္ပ်က္စီးမႈျဖစ္ေပၚခဲ့သလို လူအခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ငလ်င္ဒဏ္ကို ငလ်င္ဗဟိုခ်က္နဲ႔ အနီးဆုံးျဖစ္ခဲ့တဲ့ ခင္ဦးၿမိဳ႕နယ္က အမ်ားဆုံးႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး၊ ေရဦးၿမိဳ႕နယ္မွာ သာသနိက အေဆာက္အဦ၊ ေစတီအခ်ိဳ႕ ထိခိုက္ခဲ့သလို ေ႐ႊဘိုၿမိဳ႕နယ္မွာလည္း အစိုးရနည္းပညာေကာလိပ္ မ်က္ႏွာက်က္ၿပိဳက်ခဲ့ၿပီး ေစတီအခ်ိဳ႕လည္း အက္ကြဲခဲ့ပါတယ္။

ခင္ဦးၿမိဳ႕နယ္အတြင္း ေက်း႐ြာေပါင္း ၃၇ ႐ြာ၊ ရပ္ကြက္ ၂ ရပ္ကြက္အတြင္းက ေနအိမ္ ၁၁ အိမ္၊ ေစတီ ၈၂ ဆူ၊ ဘုန္းႀကီးေက်ာင္း ၅ ေက်ာင္း၊ စာသင္ေက်ာင္း ၇ ေက်ာင္း၊ ေဆးခန္း ၂ ခု၊ အျခား ၁၃ ခု စုစုေပါင္းကာလတန္ဖိုး က်ပ္သိန္း ၂၃၀၀ ေက်ာ္ေလာက္ ထိခိုက္မႈရွိခဲ့တယ္လို႔ ေဒၚသင္းသင္းၾကဴက ေျပာပါတယ္။

စစ္ကိုင္းတိုင္အတြင္း  ေျမငလ်င္ေဘးေၾကာင့္ ထိခိုက္ပ်က္စီး ဆုံးရႈံးခဲ့တဲ့ေနရာေတြကို  ဝန္ႀကီးခ်ဳပ္နဲ႔အဖြဲ႕က သြားေရာက္ၿပီး ကူညီေထာက္ပံ့ေငြေတြ ေပးအပ္ခဲ့ပါတယ္။

စက္တင္ဘာ ၁ ရက္ေန႔မွာ လူကယ္ျပန္ ျပည္ေထာင္စု ဒုဝန္ႀကီး ဦးစိုးေအာင္၊ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၊ တိုင္းလႊတ္ေတာ္ဥကၠ႒ ဦးသန္းနဲ႔ ဌာနဆိုင္ရာ တာဝန္ရွိသူေတြ၊ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈ ျဖစ္ေပၚခဲ့တဲ့ ေနရာေတြကို သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့တာပါ။

ေရွးေဟာင္းေစတီေတြနဲ႔ ပတ္သက္ၿပီး ကိုယ္ျပင္ခ်င္တိုင္း မျပင္ၾကဖို႔၊ ေရွးေဟာင္းသုေတသန ဦးစီးဌာနနဲ႔တိုင္ပင္ၿပီးမွ လုပ္ေဆာင္ၾကဖို႔ကို ဝန္ႀကီးခ်ဳပ္က မွာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ပ်က္စီးမႈျဖစ္ေပၚခဲ့တဲ့ ဘုန္းႀကီးေက်ာင္း၊ လူေနအိမ္နဲ႔ ဗလီေတြကိုေတာ့ ေငြက်ပ္ ၇ ေသာင္းစီ ေထာက္ပံ့ခဲ့ၿပီး ေဆးကုသမႈခံယူခဲ့ရသူ ၂ ဦးကိုေတာ့ ေငြက်ပ္ ၅ ေသာင္းစီ ေထာက္ပံ့ေပးခဲ့ပါတယ္။

နံရံအက္ကြဲမႈျဖစ္ေပၚခဲ့တဲ့ စာသင္ေက်ာင္းေဆာင္ေတြကိုေတာ့ အႏၲရာယ္ ရွိ၊ မရွိ စစ္ေဆးၿပီး လိုအပ္တဲ့ ျပဳျပင္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

စစ္ကိုင္းတိုင္းမွာ ဩဂုတ္ ၃၁ ရက္ေန႔က ျပင္းအား ၆ အဆင့္ရွိတဲ့ ငလ်င္လႈပ္ခတ္ခဲ့ၿပီး ေနာက္ဆက္တြဲ အင္အားအနည္းငယ္ရွိတဲ့ ငလ်င္ငယ္ ၆ ခု ထပ္မံလႈပ္ခတ္ခဲ့ပါေသးတယ္။ ငလ်င္နဲ႔ပတ္သက္တဲ့ လက္ကမ္းစာေစာင္ေတြကိုလည္း ေဘးစီမံဦးစီးဌာနက ေရာက္ရွိေနရာေတြမွာ ျဖန႔္ေဝခဲ့ပါေသးတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013