DVB Logo
Home
မြန်မာသတင်း
နတ္တလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၁၃ လုံးနှင့် တံတား ၄ စင်းမျောပါ
DVB
·
September 2, 2019
နတ္တလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၁၃ လုံးနှင့် တံတား ၄ စင်းမျောပါ
1 / 5
Donate to DVB

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည်အနီးကျေးရွာတွေမှာ ဩဂုတ် ၃၁ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေ ဝင်ရောက်ခဲ့တဲ့အတွက် ကျေးရွာအုပ်စု လေးစုမှ နေအိမ် ၁၃ လုံးနဲ့ တံတား ၄ စင်း ရေထဲမျောခဲ့တယ်လို့ နတ္တလင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက သိရပါတယ်။

မင်းဘူးချောင်းတံတား၊ ဆီဆုံကုန်းတံတား၊ ခရိုင်ချင်းဆက်လမ်းရှိ တံတားနှစ်စင်းနဲ့ နတ္တလင်း-ဒမငယ်-တောင်ညိုမြို့သစ်လမ်းပိုင်းတို့ ပျက်စီးခဲ့ရပါတယ်။

"ရေက တအားစီးပြီးတော့ ဆီဆုံကုန်းတံတား မျောပါသွားတယ်။ အသက် ၅၀ ကျော် အမျိုးသားတဦး ရေနောက်ပါသွားကာ သေဆုံးခဲ့တယ်။ အလောင်းဆယ်ရထားပါပြီ။ ရေဘေးသင့် နေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ဆွေမျိုးတွေအိမ်ကို ရွှေ့ပေးထားပါတယ်"လို့ နတ္တလင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးဝင်းမြင့်က ပြောပါတယ်။

မိုးရေချိန် ၉.၁ လက်မအထိ ရွာသွန်းခဲ့သောကြောင့် တောင်ညိုဆည်ကျိုးသွားပြီလို့ သတင်းတွေ ပျံ့နှံ့ခဲ့ပေမယ့်လည်း လက်ဝဲမြောင်း ဆည်ဘောင်ကျိုးတာသာဖြစ်တယ်လို့ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ ၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်




နတၱလင္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေနအိမ္ ၁၃ လုံးႏွင့္ တံတား ၄ စင္းေမ်ာပါ
DVB

ပဲခူးတိုင္း၊ နတၱလင္းၿမိဳ႕နယ္ အေရွ႕ဘက္ ေတာင္ညိဳဆည္အနီးေက်း႐ြာေတြမွာ ဩဂုတ္ ၃၁ ရက္က မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ေတာင္က်ေရေတြ ဝင္ေရာက္ခဲ့တဲ့အတြက္ ေက်း႐ြာအုပ္စု ေလးစုမွ ေနအိမ္ ၁၃ လုံးနဲ႔ တံတား ၄ စင္း ေရထဲေမ်ာခဲ့တယ္လို႔ နတၱလင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာနက သိရပါတယ္။

မင္းဘူးေခ်ာင္းတံတား၊ ဆီဆုံကုန္းတံတား၊ ခ႐ိုင္ခ်င္းဆက္လမ္းရွိ တံတားႏွစ္စင္းနဲ႔ နတၱလင္း-ဒမငယ္-ေတာင္ညိဳၿမိဳ႕သစ္လမ္းပိုင္းတို႔ ပ်က္စီးခဲ့ရပါတယ္။

"ေရက တအားစီးၿပီးေတာ့ ဆီဆုံကုန္းတံတား ေမ်ာပါသြားတယ္။ အသက္ ၅၀ ေက်ာ္ အမ်ိဳးသားတဦး ေရေနာက္ပါသြားကာ ေသဆုံးခဲ့တယ္။ အေလာင္းဆယ္ရထားပါၿပီ။ ေရေဘးသင့္ ေနတဲ့ ျပည္သူေတြကိုလည္း ေဘးလြတ္ရာ ေဆြမ်ိဳးေတြအိမ္ကို ေ႐ႊ႕ေပးထားပါတယ္"လို႔ နတၱလင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ ဦးဝင္းျမင့္က ေျပာပါတယ္။

မိုးေရခ်ိန္ ၉.၁ လက္မအထိ ႐ြာသြန္းခဲ့ေသာေၾကာင့္ ေတာင္ညိဳဆည္က်ိဳးသြားၿပီလို႔ သတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ေပမယ့္လည္း လက္ဝဲေျမာင္း ဆည္ေဘာင္က်ိဳးတာသာျဖစ္တယ္လို႔ ဆည္ေျမာင္းဦးစီးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။

ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ လူဦးေရ ၅၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ၿပီး လမ္းပန္းဆက္သြယ္ေရး မျပတ္ေတာက္ေစဖို႔ သက္ဆိုင္ရာဌာနေတြနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
သတင္း - ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013